မျက်စိတစ်ဖက် အလင်းမရတဲ့ ဆယ်တန်းကျောင်းသူလေးကို မျက်လုံးအတု လှူဒါန်းပေးခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်နဲ့ ကိုဘင်းတို့ ဇနီးမောင်နှံ
Read in UNICODE
ကျရာဇာတ်ရုပ်ကို အနုပညာလောကမှာ သရုပ်ဆောင်ကောင်းတဲ့အပြင် ပွင့်လင်းတဲ့ စကားပြောဟန်တွေကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေနဲ့ အချစ်တွေကို ရရှိထားသူကတော့ နှိုင်းယှဉ်မြင့်မိုရ်ပဲ ဖြစ်ပါတယ်နော်..။ ဇာတ်ပို့သရုပ်ဆောင်အဖြစ် အနုပညာပိုင်းမှာ အောင်မြင်မှုတွေ အတော်အသင့်ရရှိထားကြတဲ့ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံလေးကတော့ လတ်တလောမှာလည်း
အပြင်စီးပွားရေးအလုပ်တွေအဖြစ် အွန်လိုင်းမှာ Live လွှင့်ကာ ဈေးရောင်းနေကြပြီး ပွင့်လင်းတဲ့ ချစ်စရာကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုတိုးလို့ ချစ်လာကြပါတယ်နော်..။ အခုလို စီးပွားရေးပြေလည်နေတဲ့အချိန်လေးမှာတော့ နှိုင်းယှဉ်တို့ ဇနီးမောင်နှံလေးဟာ ဆယ်တန်ကျောင်းသူလေးတစ်ယောက်ကို မျက်လုံးအတု လှူဒါန်းခဲ့ပြီး ကောျင်းသူလေးရဲ့ လိုအပ်နေတဲ့ ကွက်လပ်လေးကို
ဖြည်းဆည်းပေးခဲ့ကြပါတယ်နော်..။ “ကျောင်းသားကျောင်းသူကို လှူဖို့ ရွေးလိုက်တာပါ ကျောင်းသားကျောင်းသူဆိုတော့ သူအတွက် လိုအပ်တဲ့ကွက်လပ်လေးကို ဖြည့်တာပေါ့နော် ဒါလေးပြည့်စုံသွားပြီဆိုရင်တော့ သူလည်းလှသွားမယ် ဆယ်တန်းကျောင်းသူဆိုတော့ အပျိုအရွယ်လေး သူလည်းလှချင်မှာပဲဆိုပြီးတော့ ကျောင်းသားကျောင်းသူကို လှူဖို့ ရွေးလိုက်တာပါ သူ့မျက်လုံး တစ်ဖက်က စိုစိုတောက်တောက်လေးဆိုတော့
တစ်ဖက်က တော်တော်လှနေတာပဲ အဲ့ဒါလေးတပ်လိုက်ရင်တော့ သူတော်တော်လှသွားမှာပဲဆိုပြီး သဘောကျနေတာ ..” ဆိုပြီး သူမတို့ရဲ့ အလှူလေးနဲ့ ပတ်သက်ပြီး နှိုင်းယှဉ်က ပြောပြထားပါတယ်နော်..။ အလှူလေးကိုတော့ လှူဖို့ပြောထားတာကြပြီ ဖြစ်သလို အရင်ကလည်း အခြားလူတွေလှူရင် ဝိုင်းကူညီပေးနေကျဖြစ်ပြီး အခုလိုတတ်နိုင်တဲ့အချိန်လေးမှာ ကိုယ်တိုင်လှူဖြစ်တဲ့ အကြောင်းလေးတွေကို
ကိုဘင်းကလည်း ပြောပြထားပါသေးတယ်နော်..။ အလှူခံမယ့် လိုအပ်နေတဲ့လူကို တတ်နိုင်တဲ့အချိန်လေး ကြုံကြိုက်လို့ ရက်ချိန်းယူပြီ လှူဖြစ်တဲ့အကြောင်းလေးနဲ့ အဆင်ပြေရင်မျက်စိအတုထပ်လှူဖို့ရှိပြီး ကလေးအရွယ်လေးတွေ သံဃာတော်တွေကိုလည်း လှူဖို့စိတ်ကူးထားတဲ့အကြောင်းလေးတွေကို ပြောပြထားတဲ့ သူတို့ဇနီးမောင်နှံရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။
Source : Nhying Shin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *