ယုန်လေးမျှဝေခဲ့တဲ့ ထီလက်မှတ်တွေထဲမှာ ထီဆုကြီး(၂၂)ဆုတောင် အခက်ခဲဖြစ်နေသူတွေ ကံထူးခဲ့တာကြောင့် ပျော်နေတဲ့ ဦးဧရာ
Read in UNICODE
ဆယ်စုနှစ်တွေကတည်းက အနုပညာလောကမှာ ဗီဒီယိုဇာတ်ကောင်းများစွာ ကြော်ငြာတွေတော်တော်များများနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးကာ ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိထားသူကတော့ ဝါရင့်အနုပညာရှင် ဦးဧရာပဲ ဖြစ်ပါတယ်နော်..။ ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကို စိတ်အမောလေးတွေ ပြေပျောက်စေတဲ့ ဦးဧရာကတော့ လတ်တလောမှာ အသက်အရွယ်နဲ့
ကျန်းမာရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေ နည်းပါးနေပေမယ့် ပရိသတ်တွေကတော့ ချစ်ခင်နေကြဆဲပါပဲနော်..။ ဦးဧရာကတော့ စီးပွားရေးအလုပ်တွေအနေနဲ့ ထီဆိုင်လေးဖွင့်လှစ်ကာ ထီရောင်းနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာ(၁)ရက်နေ့က ထွက်ရှိခဲ့တဲ့ အောင်ဘာလေထီဆုကြီးမှာ ယုန်လေးဝယ်သွားလိုက်တဲ့
ထီလက်မှတ်တွေမှာ ပေါက်တဲ့လူတွေ များကြလို့ ပီတိဖြစ်ပျော်နေပါတယ်နော်..။ “ပြီးခဲ့တဲ့လက ဆိုင်စဖွင့်ဖွင့်ချင်းလမှာပဲ ငါးသောင်းဆု(၆)ဆုပဲ ပါတယ် ဒီလမှာတော့ ယုန်လေးလည်း ထိုးတယ် ပေါက်ပါ့မလား (၆)ဆု (၇)ဆုလောက်ပဲ ပေါက်ကြမယ်ထင်တာ စိတ်ကစိုးရိမ်နေတာ ဒါပေမယ့် သူထိုးတဲ့အထဲမှာ
ငါးသောင်းဆု(၂၀)ဆု တစ်သိန်းဆု(၂)ဆု ပေါက်သွားတယ် ယုန်လေးလည်း တော်တော်ပျော်သွားတယ် ရတဲ့လူတွေလည်း ဝမ်းသာမိတယ် ဒီအချိန်မျိုးမှ ရတော့ ပိုပြီးပျော်စရာကောင်းပါတယ် ဒီ့ထပ်လည်း ပိုလှူနိုင်ပါစေလို့ ဆုတောင်းပါတယ် ..” ဆိုပြီး သူ့ရဲ့ပီတိလေးတွေကိုလည်း
ပြောပြထားပါတယ်နော်..။ တကယ့်အဖိုးအဖွားကြီးတွေ၊ တကယ်ကို ခက်ခက်ခဲခဲနဲ့ ဘဝကို ရုန်းကန်နေရတဲ့လူတွေကို ထီတွေဝယ်သွားပြီး ယုန်လေးသွားလှူတာလည်း ကိုလည်း တွေ့ရတဲ့အကြောင်းလေးတွေအပြင် Covid အခြေအနေတွေကြောင့် ထီဆက်ရောင်းဖို့တောင် စဉ်းစားနေရတဲ့ သူ့အကြောင်းလေးတွေကိုလည်း
ဦးဧရာက ပြောပြထားပါသေးတယ်..။ ဦးဧရာဆီက ယုန်လေးဝယ်သွားတဲ့ ဝယ်သွားတဲ့ထီတွေ ပေါက်တာများလို့ တော်တော်လေးကို ဝမ်းသာပီတိဖြစ်ရသလို ပေါက်မှပေါက်ပါ့မလားဆိုပြီး စိုးရိမ်နေတဲ့ အကြောင်းလေးတွေကို ပြောပြထားတာကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Source : Yone Lay’s Facebook
Add a Comment
Your email address will not be published. Required fields are marked *