နှစ်လဆက်တိုက် အောင်ဘာလေ ထီဆုကြီး ပေါက်ခဲ့တာကြောင့် အရမ်းတွေချမ်းသာနေပါပြီဆိုတဲ့ စမိုင်းလ်





Read in UNICODE

လုပ်သမျှအလုပ်တိုင်း အောင်မြင်မှုတွေ အမြဲရရှိနေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး စမိုင်းလ်ပဲ ဖြစ်ပါတယ်။ သူမဟာ အလှူအတန်းများကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာကြောင့်လည်း အားလုံးရဲ့ လေးစားချီးကျုးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ စမိုင်းလ်ဟာ လူတိုင်းအပေါ်မှာ စိတ်ကောင်းစေတနာထားကာ ကူညီတတ်တာကြောင့်လည်း ပရိသတ်တွေကပါ ချစ်မဝ

ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ စမိုင်းလ်ဟာ လတ်တလောမှာ ပြင်ဦးလွင်တွင် ဟိုတယ်အသစ်အမြန်ဖွင့်လှစ်နိုင်ရန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှလေ့ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းကလည်း စမိုင်းလ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ

သတင်းလေးတစ်ခု ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နှစ်လဆက်တိုက် အောင်ဘာလေသိန်းထီဆုတွေပေါက်နေတာကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ စမိုင်းလ်ကလည်း ” ၅သောင်းဆု ပေါက်တယ်တဲ့ အရင်လက တစ်သိန်းတောင်မထုတ်ရသေးဘူး

အရမ်းတွေချမ်းသာနေပါပြီ ဟီးဟီး ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ သူမဟာ အဓိဌာန်တွေလည်း မကြာခဏ ဝင်လေ့ရှိတာကြောင့်လည်း ဒီလိုမျိုးကံကောင်းခြင်းတွေ အမြဲရရှိနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ထပ်တူ ဝမ်းသာ ပျော်ရွှင်နိုင်အောင် စမိုင်းလ်ရဲ့ သတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source : Smile Mg’s Facebook

Add a Comment

Your email address will not be published. Required fields are marked *