တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်လိုအခြေအနေတွေဖြစ်ဖြစ် ရင်ဆိုင်တတ်တဲ့ ဖြူဖြူထွေးရဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့တဲ့ မင်းညီ






Read in UNICODE

မင်းညီ (သရုပ်ဆောင်၊ဒါရိုက်တာ)ကတော့ ဇာတ်ကားတွေအများအပြားမှာလည်း ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်တဲ့သူဖြစ်လို့ ပရိသတ်တွေနဲ့မစိမ်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။မင်းညီက လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်

လုပ်ဆောင်နေသလို မိသားစုလေးကိုလည်း ဂရုစိုက်စောင့်ရှောက်ပေးနေတာပါနော်။မင်းညီကိုလည်း ပရိသတ်တွေက ယနေ့ထိတိုင် အားပေးချစ်ခင်နေကြဆဲဖြစ်လို့ သူ့ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြပါတယ်။ မင်းညီကတော့ အနုပညာရှင်အများအပြားနဲ့လည်း

ခင်မင်ရင်းနှီးပြီး ရှုတင်တွေမှာ ဆုံလေ့ရှိပါတယ်နော်။မင်းသမီးချောလေးဖြူဖြူထွေးနဲ့လည်း ဇာတ်ကားတွေအတူတူမရိုက်ဖူးသေးပေမယ့် သီချင်းဆို၊ဘောလုံးကန်ချိန်တွေမှာတော့ဆုံဖူးတာကြောင့် ခင်မင်ရင်းနှီးနေတာဖြစ်ပါတယ်။ဖြူဖြူထွေးကလည်း အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး

သူမကိုအားပေးကြတဲ့ ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပါတယ်နော်။ အခုဆိုရင်တော့ ဒါရိုက်တာ၊သရုပ်ဆောင် မင်းညီက”သူတင်ထားတဲ့ post ကို ဘယ်လိုအခြေအနေနဲ့ပဲရင်ဆိုင်ရ ရင်ဆိုင်ရ.. ပြန်မဖျက်ဘဲ.. ခုချိန်ထိ… တည်တည်ငြိမ်ငြိမ်ဆက်လျှောက်နေတာက…

သူမရဲ့ခိုင်မာတဲ့စိတ်ပဲ..သူမရဲ့ယုံကြည်ချက်ပဲ… အသက်ငယ်လို့….ရုတ်တရက် လုပ်လိုက်တာတွေက မှားခဲ့ရင်တောင် စေတနာအမှားမို့… သေးသေးလေးပါ….ငါ့နှမ… ဆက်လျှောက်ပါ…. လျှောက်သောလမ်းတိုင်း မအေးချမ်းပေမယ့် ဆင်ခြင်တုံတရားနဲ့ ကျော်လွှားနိုင်ပါစေ….”ဆိုပြီး ဖြူဖြူထွေးကို ချီးကျူးထားတာဖြစ်ပါတယ်နော်။

Source : Min Nyi’s Facebook

Add a Comment

Your email address will not be published. Required fields are marked *