ချစ်သူက စိတ်ချမ်းသာပြီး အပူအပင်ကင်းအောင် ထားတာကြောင့် ပိုပြီးလှလာတယ်ဆိုတဲ့ အေသင်ချိုဆွေ
Read in UNICODE
အေသင်ချိုဆွေ ဟာဆိုရင် လွန်ခဲ့တဲ့ ဆယ်နှစ်ပတ်ဝန်းကျင်ကတည်းက ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ဘက်စုံရ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး Ivy ကလည်း မေမေနဲ့တူပြီး လှပတဲ့မျက်နှာလေးရှိတာကြောင့် ပရိသတ်တွေက အသည်းတုန်အောင် ချစ်ရတဲ့ သူလေးပဲဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့
သူမရဲ့ တစ်ဘဝလုံးကို သူမရဲ့ သမီးလေး Ivy အတွက်သာ မြှုပ်နှံထားပြီး သမီးလေး စိတ်ချမ်းသာအောင် ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အချစ်သစ်တွေ့နေပြီဖြစ်တဲ့ အေသင်ချိုဆွေက သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အေသင်ချိုဆွေက သူမရဲ့
ဓာတ်ပုံလေးတွေကို မျှဝေပြီး “မျက်နှာပေးပဲကြည့် အရမ်း အဆင်ပြေတယ်။ စိတ်ချမ်းသာပြီး အပူအပင်ကင်းအောင်ထားလို့လေ။ ကျွန်မ ပိုလှလာတယ်ဆိုပါတော့” ဆိုပြီး သူမပိုလှလာတဲ့အကြောင်းလေးကို ပြောလာပါတယ်။ အေသင်ချိုဆွေကတော့ လက်ရှိမှာ သူမရဲ့ စိတ်အချမ်းသာဆုံးအချိန်ကို
ပိုင်ဆိုင်နေတာဖြစ်ပြီး ချစ်တဲ့သူတွေကြားမှာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အေသင်ချိုဆွေကို ဒီလိုလေးပဲ အမြဲတမ်းပျော်ရွှင်နေတာ မြင်ချင်ကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Athen Cho Swe’s Facebook