အသည္းေရာင္၊ အေရျပားေရာဂါအျပင္ ေရာဂါေပါင္းမ်ားစြာ သက္သာေစၿပီး တစ္ပင္လံုး ေဆးဖက္ဝင္တဲ့ ႀကိတ္မွန္ပင္

ႀကိတ္မွန္ပင္မ်ားဟာ ေနၾကာမ်ိဳးရင္း ဝင္ျဖစ္ၿပီး၊ ႐ုကၡေဗဒအမည္မွာEclipta alba (L) Hassk ျဖစ္ပါတယ္။ ႀကိတ္မွန္ပင္မ်ားတြင္ အျဖဴ၊ အဝါ၊ အနက္ဟူ၍ သံုးမ်ိဳးခန္႔ ရွိေသာ္လည္း အနက္မ်ိဳးမွာ လြန္စြာရွားပါးၾကပါတယ္။ အပြင့္ျဖဴ အပင္မွ ပြင့္ဖတ္အျဖဴ ေလးမ်ား ေျြကက်ၿပီး ေနာက္ အသီးခြက္တြင္ အညိဳအနက္ ျဖစ္လာတာကို ႀကိတ္မွန္နက္ ဟုလည္း ယူဆၾကပါတယ္။ ႀကိတ္မွန္ပင္မ်ားဟာ အေလ့က် ေပါက္ အပင္မ်ိဳးျဖစ္ကာ၊ ျမန္မာျပည္ ေနရာအႏွံ႔အျပားမွာ ေပါက္ေရာက္ ေလ့ရွိပါတယ္။ အထူးသျဖင့္ မိုးမ်ားေသာ အရပ္ေဒသမ်ားမွာ ေပါင္းပင္ကဲ့သို႔ ေပါက္ေရာက္ၾကပါတယ္။ တစ္ႏွစ္ခံ ပင္ေပ်ာ့ငယ္မ်ိဳးျဖစ္ကာ၊ ၁၈ လက္မေက်ာ္ထိျမင့္ၿပီး

ေထာင္မတ္၍ ေပါက္ေလ့ရွိပါ တယ္။ ခရမ္းညိဳေရာင္ ရွိေသာ ပင္စည္႐ိုးတံေပၚတြင္ ေသးငယ္ေသာ အေမႊးၾကမ္းေလးမ်ား ပါရွိေနပါတယ္။ ရြက္ဆိုင္ထြက္ျပီး အရြက္ မွာ ရွည္ေမ်ာေမ်ာ လွံစြပ္ပံုျဖစ္ပါတယ္။ ရြက္ထိပ္ခြ်န္၍ ရြက္ရင္းသြယ္ၿပီး ရြက္ညႇာမွာ အလြန္တိုပါတယ္။ အရြက္၏ အထက္ႏွင့္ ေအာက္မ်က္ႏွာျပင္ ႏွစ္ခုစလံုးတြင္ အလြန္ေသးငယ္ေသာ အေမႊးၾကမ္းကေလးမ်ား ပါရွိၾကပါတယ္။ အရြက္နား ပတ္မွာ ေခြးသြားစိပ္ ကေလးမ်ား ျဖစ္ၾကပါတယ္။ ပန္းခိုင္ထိပ္တြင္ ေသးငယ္ေသာ အပြင့္ကေလးမ်ား စုေပါင္း၍ တစ္ပြင့္တည္းကဲ့သို႔ ျဖစ္ေနပါတယ္။ ပန္းပြင့္မွာ ေခါင္းေလာင္း

ပံုသ႑ာန္ျဖစ္ကာ သူရွင္သန္ ေပါက္ေရာက္ရာ ေရေျမသဘာဝေပၚ တူမည္၍ ပန္းပြင့္၏ အေရာင္မွာ အျဖဴ (သို႔) အဝါေရာင္ျဖစ္ပါတယ္။ ပြင့္ခံရြက္ႀကီး၍ ထင္သာျမင္သာ ရွိလွပါတယ္။ တပို႔တြဲႏွင့္ တေပါင္းလေတြမွာ အပြင့္ ပြင့္ေလ့ရွိပါတယ္။ အပင္တစ္ပင္လံုး (ပဥၥငါးပါး) ေဆးဖက္ဝင္ၿပီး၊ အရြက္က ပို၍ေဆးစြမ္းထက္ ပါတယ္။ ျမန္မာ့ေဆးက်မ္းမ်ား၏ အဆို အရ၊ ႀကိတ္မွန္ရြက္သည္ ပူ၏၊ ေခြ်းထြက္ေစ၏၊ ေလနာ၊ သလိပ္နာတို႔ကို ႏိုင္၏၊ ေသြးကိုတက္ျြကေစ၏၊ ဆံပင္ကို နက္၍ သန္စြမ္းေစ ၏၊ ဆံပင္ရွည္ေစ၏၊ ေလသလိပ္၊ သည္းေျခႏွင့္ ယွဥ္၍ျဖစ္ေသာ အနာမ်ိဳး တို႔ကိုႏိုင္၏၊ အားကိုျဖစ္ေစ၏၊ ဓာတ္တို႔ကို ေျပာင္းေစ၏၊ အသက္ရွည္၏၊ မ်က္စိေရာင္ျခင္းႏွင့္ အနာေရာင္ျခင္းတို႔ကို ေပ်ာက္ေစ၏၊ မ်က္စိအေရာင္ကို ေတာက္ေစ၏၊ သြားကိုခိုင္ေစ၏၊ လိင္ဥ ေရာင္၊ ေခ်ာင္းဆိုး၊ ပန္းနာ၊ သမင္ျဖဴ၊ ဝါသင့္အေရျပား ယားယံျခင္း၊ မ်က္စိမျမင္၊ ကာလသားေရာဂါ၊ အဆိပ္ေရာဂါတို႔၌လည္း သံုးရ ၏၊ အေရျပား အနီျပင္ထျခင္း၊ ဝက္သက္၊ မီးေလာင္နာတို႔ကို ကုသရာတြင္ အသံုးဝင္၏၊ အသည္းကို အားျဖစ္ေစသည့္အတြက္ အသည္းအားေဆးမ်ား ေဖာ္စပ္ရာတြင္

ထည့္သြင္း အသံုးျပဳ၏ဟု ေဖာ္ျပထားပါတယ္။ အိႏိၵယေဆးက်မ္းမ်ားတြင္ ဘ့ေညါမေ ဘ့မငညါေမေျယ ဘ့မငညါမေျေ ဟူ၍ အသံထြက္ အမ်ိဳးမ်ိဳး ေခၚေဝၚေလ့ရွိၾကၿပီး၊ ၄င္းအပင္ သည္ ခါး၏၊ ပူ၏၊ အနံ႔ အရသာစူး၏၊ အာခံတြင္းကို ေျခာက္၏၊ အိႏိၵယ႐ိုးရာကုထံုးမ်ားအတြက္ လြန္စြာအသံုးတည့္၏၊ အပင္ထဲတြင္ ပါရွိေသာ စနအမသူနကာ နအ့နမ ဓာတ္က ဆံပင္နက္ေစ၍ ဆံပင္သန္ေစ၏၊ ေဆးဝါးဆိုင္ရာ ဂုဏ္သတိၲရွိၿပီး ပိုးအဆိပ္ တို႔ကို ပ်ယ္ တတ္၏။ ခႏၶာကိုယ္ ဓာတ္ေၾကာင့္ ျဖစ္ေစေသာ ဓာတ္မတည့္သည္ကို သက္သာေစေသာ သတိၲရွိ၏။ ဘက္တီရီယား ပြားေနသည္ ကို ဟန္႔တားႏုိင္၏။ တုပ္ေကြး ေရာဂါ၊ အေအးမိေရာဂါ၊ အသက္႐ႉ လမ္းေၾကာင္း ေရာဂါမ်ား ကုသရာတြင္လည္း အာနိသင္ရွိ၏။ အျခားေဆးဖက္ ဝင္အမယ္မ်ားႏွင့္ ေပါင္းစပ္ၿပီး ေပါင္းစပ္ေဆးဖံုအျဖစ္ ထည့္သြင္းအသံုးျပဳၾက၏။ ေသြးအားတိုးေဆး အေနျဖင့္ လည္းေကာင္း၊ ေသြးတိတ္ေဆးအေနျဖင့္

လည္ေကာင္း အသံုးျပဳႏိုင္၏။ ျြကက္မ်ားအား စမ္းသပ္ခ်က္အရ ေဘးထြက္ဆိုးက်ိဳး မေတြ႕ရွိရေပ ဟုလည္း ေဖာ္ျပထားပါတယ္။ အပင္တစ္ပင္လံုး (ပဥၥငါးပါး) ျပဳတ္ရည္ကို အားတိုးေဆးအျဖစ္လည္းေကာင္း၊အသည္း ေရာင္ေရာဂါႏွင့္ အေရျပားေရာဂါကုေဆးအျဖစ္ လည္းေကာင္း အသံုးျပဳေလ့ ရွိပါတယ္။ အျမစ္ပါမက်န္ အပင္တစ္ပင္လံုးကို ႀကိတ္၍ ရရွိလာေသာ သတၲဳရည္ ႏွစ္စက္ခန္႔ကို ပ်ားရည္ႏွင့္ေရာ၍ ေမြးကင္းစကေလးမ်ားကို တိုက္ေကြ်းေပးျခင္းျဖင့္ ႏွာေစး ေခ်ာင္းဆိုးေရာဂါတို႔ကို ေပ်ာက္ကင္းေစပါတယ္။ ဆံပင္က်န္းမာေရးအတြက္ ႀကိတ္မွန္ပင္ကိုေအာက္ ပါနည္းလမ္း အသြယ္သြယ္တို႔ျဖင့္ အသံုးျပဳႏိုင္ပါတယ္။ ဆံပင္ေပါက္မႈကို အားေပးသည့္ အျပင္

ဆံပင္ကိုနက္ေမွာင္ သန္စြမ္းေစပါ တယ္။ အပင္တစ္ပင္လံုးကို ႀကိတ္ေခ်၍ ရလာေသာ သတၲဳရည္ကို ဆံပင္နက္ဆိုး ေဆးအျဖစ္ အသံုးျပဳႏိုင္ပါတယ္။ ၄င္း အရည္ျဖင့္ ဦးေရျပားကို ႏွိပ္နယ္ေပးျခင္း ျဖင့္လည္း ဆံပင္သန္စြမ္းေစပါတယ္။ ကြမ္းရြက္၊ ၾကိတ္မွန္ရြက္၊ ျမင္းခြာရြက္၊ ေထာလပတ္ရြက္၊ လက္ ဖက္ပုပ္ႏွင့္ ဆီးျဖဴသီး စတဲ့ေျခာက္မ်ိဳးကို အေလးခ်ိန္ ပမာဏ ဆတူေရာေထာင္း၍ ႀကိတ္ေခ်ပါ။ ရလာတဲ့ ၄င္းေျခာက္မ်ိဳး၏အရည္ကို အုန္းဆီ စစ္စစ္ႏွင့္ ဆတူေရာစပ္၍ အညိဳေရာင္ ဖန္ပုလင္း သန္႔သန္႔ထဲမွာ ထည့္သိမ္းၿပီး ေန႔စဥ္လိမ္းေပးျခင္းျဖင့္ မၾကာမီ ဆံသားမ်ား နက္ေမွာင္ေတာက္ ေျပာင္လာပါလိမ့္မယ္။ ၄င္းဆံပင္နက္ လိမ္းေဆးဆီလိမ္းရင္း တေရာ္ကင္ပြန္သီးတို႔ျဖင့္ ေခါင္းေလွ်ာ္ေပးပါ။ ေခါင္းမေလွ်ာ္မီ တစ္ရက္ႀကိဳ၍ ညဘက္မွာ ဆံပင္နက္အုန္းဆီကို မ်ားမ်ားလိမ္း၍ အိပ္ၿပီး၊ နံနက္မွာ ေခါင္းေလွ်ာ္ပါ။ ၄င္းဆံပင္နက္ အုန္းဆီကို လိမ္းေပးျခင္းျဖင့္ အရြယ္မတိုင္မီ ဆံပင္ျဖဴသူေရာ၊ ဇရာေၾကာင့္ ဆံပင္ျဖဴ သူမ်ား အတြက္ပါ ဆံသားႏွင့္ ဦးေရတို႔ကို က်န္းမာေစၿပီး ဆံပင္ေတြနက္ေမွာင္ လာႏိုင္ပါေၾကာင္း ေရးသားလိုက္ရပါတယ္။

Read in UNICODE

ကြိတ်မှန်ပင်များဟာ နေကြာမျိုးရင်း ဝင်ဖြစ်ပြီး၊ ရုက္ခဗေဒအမည်မှာEclipta alba (L) Hassk ဖြစ်ပါတယ်။ ကြိတ်မှန်ပင်များတွင် အဖြူ၊ အဝါ၊ အနက်ဟူ၍ သုံးမျိုးခန့် ရှိသော်လည်း အနက်မျိုးမှာ လွန်စွာရှားပါးကြပါတယ်။ အပွင့်ဖြူ အပင်မှ ပွင့်ဖတ်အဖြူ လေးများ ေြွကကျပြီး နောက် အသီးခွက်တွင် အညိုအနက် ဖြစ်လာတာကို ကြိတ်မှန်နက် ဟုလည်း ယူဆကြပါတယ်။ ကြိတ်မှန်ပင်များဟာ အလေ့ကျ ပေါက် အပင်မျိုးဖြစ်ကာ၊ မြန်မာပြည် နေရာအနှံ့အပြားမှာ ပေါက်ရောက် လေ့ရှိပါတယ်။ အထူးသဖြင့် မိုးများသော အရပ်ဒေသများမှာ ပေါင်းပင်ကဲ့သို့ ပေါက်ရောက်ကြပါတယ်။ တစ်နှစ်ခံ ပင်ပျော့ငယ်မျိုးဖြစ်ကာ၊ ၁၈ လက်မကျော်ထိမြင့်ပြီး

ထောင်မတ်၍ ပေါက်လေ့ရှိပါ တယ်။ ခရမ်းညိုရောင် ရှိသော ပင်စည်ရိုးတံပေါ်တွင် သေးငယ်သော အမွှေးကြမ်းလေးများ ပါရှိနေပါတယ်။ ရွက်ဆိုင်ထွက်ပြီး အရွက် မှာ ရှည်မျောမျော လှံစွပ်ပုံဖြစ်ပါတယ်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းသွယ်ပြီး ရွက်ညှာမှာ အလွန်တိုပါတယ်။ အရွက်၏ အထက်နှင့် အောက်မျက်နှာပြင် နှစ်ခုစလုံးတွင် အလွန်သေးငယ်သော အမွှေးကြမ်းကလေးများ ပါရှိကြပါတယ်။ အရွက်နား ပတ်မှာ ခွေးသွားစိပ် ကလေးများ ဖြစ်ကြပါတယ်။ ပန်းခိုင်ထိပ်တွင် သေးငယ်သော အပွင့်ကလေးများ စုပေါင်း၍ တစ်ပွင့်တည်းကဲ့သို့ ဖြစ်နေပါတယ်။ ပန်းပွင့်မှာ ခေါင်းလောင်း

ပုံသဏ္ဍာန်ဖြစ်ကာ သူရှင်သန် ပေါက်ရောက်ရာ ရေမြေသဘာဝပေါ် တူမည်၍ ပန်းပွင့်၏ အရောင်မှာ အဖြူ (သို့) အဝါရောင်ဖြစ်ပါတယ်။ ပွင့်ခံရွက်ကြီး၍ ထင်သာမြင်သာ ရှိလှပါတယ်။ တပို့တွဲနှင့် တပေါင်းလတွေမှာ အပွင့် ပွင့်လေ့ရှိပါတယ်။ အပင်တစ်ပင်လုံး (ပဉ္စငါးပါး) ဆေးဖက်ဝင်ပြီး၊ အရွက်က ပို၍ဆေးစွမ်းထက် ပါတယ်။ မြန်မာ့ဆေးကျမ်းများ၏ အဆို အရ၊ ကြိတ်မှန်ရွက်သည် ပူ၏၊ ချွေးထွက်စေ၏၊ လေနာ၊ သလိပ်နာတို့ကို နိုင်၏၊ သွေးကိုတက်ြွကစေ၏၊ ဆံပင်ကို နက်၍ သန်စွမ်းစေ ၏၊ ဆံပင်ရှည်စေ၏၊ လေသလိပ်၊ သည်းခြေနှင့် ယှဉ်၍ဖြစ်သော အနာမျိုး တို့ကိုနိုင်၏၊ အားကိုဖြစ်စေ၏၊ ဓာတ်တို့ကို ပြောင်းစေ၏၊ အသက်ရှည်၏၊ မျက်စိရောင်ခြင်းနှင့် အနာရောင်ခြင်းတို့ကို ပျောက်စေ၏၊ မျက်စိအရောင်ကို တောက်စေ၏၊ သွားကိုခိုင်စေ၏၊ လိင်ဥ ရောင်၊ ချောင်းဆိုး၊ ပန်းနာ၊ သမင်ဖြူ၊ ဝါသင့်အရေပြား ယားယံခြင်း၊ မျက်စိမမြင်၊ ကာလသားရောဂါ၊ အဆိပ်ရောဂါတို့၌လည်း သုံးရ ၏၊ အရေပြား အနီပြင်ထခြင်း၊ ဝက်သက်၊ မီးလောင်နာတို့ကို ကုသရာတွင် အသုံးဝင်၏၊ အသည်းကို အားဖြစ်စေသည့်အတွက် အသည်းအားဆေးများ ဖော်စပ်ရာတွင်

ထည့်သွင်း အသုံးပြု၏ဟု ဖော်ပြထားပါတယ်။ အိန္ဒိယဆေးကျမ်းများတွင် ဘ့ညေါမေ ဘ့မငညါမေယြေ ဘ့မငညါမြေေ ဟူ၍ အသံထွက် အမျိုးမျိုး ခေါ်ဝေါ်လေ့ရှိကြပြီး၊ ၎င်းအပင် သည် ခါး၏၊ ပူ၏၊ အနံ့ အရသာစူး၏၊ အာခံတွင်းကို ခြောက်၏၊ အိန္ဒိယရိုးရာကုထုံးများအတွက် လွန်စွာအသုံးတည့်၏၊ အပင်ထဲတွင် ပါရှိသော စနအမသူနကာ နအ့နမ ဓာတ်က ဆံပင်နက်စေ၍ ဆံပင်သန်စေ၏၊ ဆေးဝါးဆိုင်ရာ ဂုဏ်သတ္တိရှိပြီး ပိုးအဆိပ် တို့ကို ပျယ် တတ်၏။ ခန္ဓာကိုယ် ဓာတ်ကြောင့် ဖြစ်စေသော ဓာတ်မတည့်သည်ကို သက်သာစေသော သတ္တိရှိ၏။ ဘက်တီရီယား ပွားနေသည် ကို ဟန့်တားနိုင်၏။ တုပ်ကွေး ရောဂါ၊ အအေးမိရောဂါ၊ အသက်ရှူ လမ်းကြောင်း ရောဂါများ ကုသရာတွင်လည်း အာနိသင်ရှိ၏။ အခြားဆေးဖက် ဝင်အမယ်များနှင့် ပေါင်းစပ်ပြီး ပေါင်းစပ်ဆေးဖုံအဖြစ် ထည့်သွင်းအသုံးပြုကြ၏။ သွေးအားတိုးဆေး အနေဖြင့် လည်းကောင်း၊ သွေးတိတ်ဆေးအနေဖြင့်

လည်ကောင်း အသုံးပြုနိုင်၏။ ြွကက်များအား စမ်းသပ်ချက်အရ ဘေးထွက်ဆိုးကျိုး မတွေ့ရှိရပေ ဟုလည်း ဖော်ပြထားပါတယ်။ အပင်တစ်ပင်လုံး (ပဉ္စငါးပါး) ပြုတ်ရည်ကို အားတိုးဆေးအဖြစ်လည်းကောင်း၊အသည်း ရောင်ရောဂါနှင့် အရေပြားရောဂါကုဆေးအဖြစ် လည်းကောင်း အသုံးပြုလေ့ ရှိပါတယ်။ အမြစ်ပါမကျန် အပင်တစ်ပင်လုံးကို ကြိတ်၍ ရရှိလာသော သတ္တုရည် နှစ်စက်ခန့်ကို ပျားရည်နှင့်ရော၍ မွေးကင်းစကလေးများကို တိုက်ကျွေးပေးခြင်းဖြင့် နှာစေး ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေပါတယ်။ ဆံပင်ကျန်းမာရေးအတွက် ကြိတ်မှန်ပင်ကိုအောက် ပါနည်းလမ်း အသွယ်သွယ်တို့ဖြင့် အသုံးပြုနိုင်ပါတယ်။ ဆံပင်ပေါက်မှုကို အားပေးသည့် အပြင်

ဆံပင်ကိုနက်မှောင် သန်စွမ်းစေပါ တယ်။ အပင်တစ်ပင်လုံးကို ကြိတ်ချေ၍ ရလာသော သတ္တုရည်ကို ဆံပင်နက်ဆိုး ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ၎င်း အရည်ဖြင့် ဦးရေပြားကို နှိပ်နယ်ပေးခြင်း ဖြင့်လည်း ဆံပင်သန်စွမ်းစေပါတယ်။ ကွမ်းရွက်၊ ကြိတ်မှန်ရွက်၊ မြင်းခွာရွက်၊ ထောလပတ်ရွက်၊ လက် ဖက်ပုပ်နှင့် ဆီးဖြူသီး စတဲ့ခြောက်မျိုးကို အလေးချိန် ပမာဏ ဆတူရောထောင်း၍ ကြိတ်ချေပါ။ ရလာတဲ့ ၎င်းခြောက်မျိုး၏အရည်ကို အုန်းဆီ စစ်စစ်နှင့် ဆတူရောစပ်၍ အညိုရောင် ဖန်ပုလင်း သန့်သန့်ထဲမှာ ထည့်သိမ်းပြီး နေ့စဉ်လိမ်းပေးခြင်းဖြင့် မကြာမီ ဆံသားများ နက်မှောင်တောက် ပြောင်လာပါလိမ့်မယ်။ ၎င်းဆံပင်နက် လိမ်းဆေးဆီလိမ်းရင်း တရော်ကင်ပွန်သီးတို့ဖြင့် ခေါင်းလျှော်ပေးပါ။ ခေါင်းမလျှော်မီ တစ်ရက်ကြို၍ ညဘက်မှာ ဆံပင်နက်အုန်းဆီကို များများလိမ်း၍ အိပ်ပြီး၊ နံနက်မှာ ခေါင်းလျှော်ပါ။ ၎င်းဆံပင်နက် အုန်းဆီကို လိမ်းပေးခြင်းဖြင့် အရွယ်မတိုင်မီ ဆံပင်ဖြူသူရော၊ ဇရာကြောင့် ဆံပင်ဖြူ သူများ အတွက်ပါ ဆံသားနှင့် ဦးရေတို့ကို ကျန်းမာစေပြီး ဆံပင်တွေနက်မှောင် လာနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

Source : TheFarmerMedia

Add a Comment

Your email address will not be published. Required fields are marked *