တန္ဖိုးနည္းသေလာက္ က်န္းမာေရးေကာင္းက်ိဳး မ်ားစြာေပးတဲ့ ကိုက္လန္

အစိမ္းေရာင္ အသီးအ႐ြက္ေတြထဲမွာဆိုရင္ ကိုက္လန္က ဘုရင္တစ္ဆူပါ။ ကိုက္လန္က အာဟာရတန္ဖိုးအမ်ားဆုံးနဲ႔ အဖိုးတန္တဲ့ အစိမ္းေရာင္အ႐ြက္ တစ္မ်ိဳးျဖစ္ပါတယ္။ ကိုက္လန္မွာဆိုရင္ က်န္းမာေရးေကာင္းမြန္ေစတဲ့ အစြမ္းသတၱိေတြ ရွိတဲ့ အက်ိဳးျပဳျဒပ္ေပါင္းေတြနဲ႔ ျပည့္ႏွက္ေနတာပါ။ ဒါဆို က်န္းမာေရးေကာင္းက်ိဳးမ်ားတဲ့ ကိုက္လန္ အေၾကာင္းေလးကို ေလ့လာၾကည့္ရေအာင္ေနာ္။

ကိုယ္အေလးခ်ိန္က်ဆင္းေစျခင္း – ကိုက္လန္မွာ ကိုယ္အေလးခ်ိန္က်ဆင္းေစႏိုင္တဲ့ ပစၥည္းေတြ ပါဝင္ေနပါတယ္။ ကယ္လိုရီပါဝင္မႈနည္းတဲ့အျပင္ အမွ်င္ဓာတ္ႂကြယ္ဝတာေၾကာင့္ ကိုက္လန္က အလြယ္တကူဗိုက္ျပည့္ေစပါတယ္။ ေရဓာတ္ပါဝင္မႈမ်ားၿပီး ကယ္လိုရီနည္းတဲ့ ကိုက္လန္က စြမ္းအင္သိပ္သည္းဆနည္းပါတယ္။ စြမ္းအင္သိပ္သည္းဆ နည္းတဲ့ အစားအစာေတြက ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ရာမွာ အကူအညီေပးႏိုင္ေၾကာင္း ေလ့လာခ်က္မ်ားအရ သိရွိရပါတယ္။ ဒါေၾကာင့္ ကိုက္လန္ကို ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ရာမွာ ထည့္စားေပးသင့္ပါတယ္။

မ်က္စိက်န္းမာေရးအေထာက္အကူျပဳျခင္း – မ်က္စိက်န္းမာေရးအတြက္ လိုအပ္တဲ့ zeaxanthin နဲ႔ lucetin တို႔ကိုလဲ ကိုက္လန္မွာ ပမာဏ ႂကြယ္ဝစြာ ေတြ႕ရပါတယ္။ အျဖစ္မ်ားတဲ့ မ်က္စိေဝဒနာေတြျဖစ္တဲ့ အျမင္အာ႐ုံယိုယြင္းပ်က္စီးျခင္းနဲ႔ အတြင္းတိမ္ေဝဒနာေတြမျဖစ္ေအာင္ lucetin နဲ႔ zeaxanthin ပါဝင္တဲ့ အစားအစာေတြ စားျခင္းျဖင့္ ေလ်ာ့ခ်ေပးႏိုင္ေၾကာင္း ေလ့လာခ်က္မ်ားအရ သိရပါတယ္။

သတၱဳဓာတ္ေပါမ်ားျခင္း – ကိုက္လန္မွာ သတၱဳဓာတ္ေပါႂကြယ္ဝတာေၾကာင့္ သတၱဳဓာတ္ရရွိမႈ မလုံေလာက္တဲ့သူေတြအတြက္ စားေပးဖို႔ သင့္ေလ်ာ္ပါတယ္။ ကိုက္လန္က ကယ္လ္ဆီယမ္ အရင္းျမစ္လဲ ျဖစ္တာေၾကာင့္ အ႐ိုးက်န္းမာေရးနဲ႔ ဆဲလ္လုပ္ငန္းေဆာင္တာမ်ားမွာ အေထာက္အကူေပးႏိုင္ပါတယ္။ လူအမ်ားစု လုံေလာက္စြာ မရရွိတဲ့ မဂၢနီဆီယမ္လဲ ေပါႂကြယ္ဝတာေၾကာင့္ ဆီးခ်ိဳေရာဂါအမ်ိဳးအစား 2 နဲ႔ ႏွလုံးေရာဂါေတြ မျဖစ္ေအာင္ တားဆီးေပးႏိုင္ပါတယ္။ ေသြးေပါင္ခ်ိန္က်ေစၿပီး ႏွလုံးေရာဂါျဖစ္ႏႈန္း နည္းေစတဲ့ ပိုတက္ဆီယမ္လဲ ပါဝင္ေနပါေသးတယ္။

ကင္ဆာဆန႔္က်င္ပစၥည္းမ်ားပါဝင္ျခင္း – ကိုက္လန္မွာဆိုရင္ ကင္ဆာေရာဂါကို ကာကြယ္တိုက္ထုတ္ႏိုင္စြမ္းရွိတဲ့ ျဒပ္ေပါင္းေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ အဲ့ထဲက တစ္ခုကေတာ့ ကင္ဆာဆဲလ္ျဖစ္ပြါးျခင္းကို တိုက္ဖ်က္ေပးတဲ့ sulforaphane ပါ။ ကင္ဆာေရာဂါမွ ကာကြယ္ေပးႏိုင္တဲ့ indole-3-carbinol လဲ ပါဝင္ေနပါတယ္။ ေလ့လာခ်က္မ်ားအရ ကိုက္လန္ပါဝင္တဲ့ အပင္အုပ္စုမ်ိဳးစားေပးတာက ကင္ဆာေရာဂါအခ်ိဳ႕မွ ကာကြယ္ေပးႏိုင္ေၾကာင္း ေတြ႕ရပါတယ္။

Vitamin – K အရင္းျမစ္ျဖစ္ျခင္း – Vitamin – K က ေသြးခဲျခင္းကို ကာကြယ္ေပးၿပီး အ႐ိုးက်န္းမာေရးကို အေထာက္အကူျပဳတဲ့ အက်ိဳးျပဳ အာဟာရဓာတ္တစ္မ်ိဳးပါ။ ကိုက္လန္က vitamin – K ႂကြယ္ဝတဲ့ အရင္းျမစ္ျဖစ္ပါတယ္။ Vitamin – K အုပ္စုႂကြယ္ဝတာေၾကာင့္ အ႐ိုးပြေရာဂါနဲ႔ ႏွလုံးေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္တားဆီးေပးပါတယ္။

ကိုလက္စထေရာပမာဏေလွ်ာ့ခ်ေပးျခင္း – ကိုလက္စထေရာက ခႏၲာကိုယ္အတြက္ အေရးႀကီးတဲ့ လုပ္ငန္းေတြမွာ အက်ိဳးရွိပါတယ္။ အသည္းက ကိုလက္စထေရာကို အစာေျခစနစ္အတြက္ အဆီေတြကို ေခ်ဖ်က္ရာမွာ လိုအပ္တဲ့ bile acids အျဖစ္ ေျပာင္းလဲေပးပါတယ္။ Bile acids က အဆီေတြကို ေခ်ဖ်က္ေပးၿပီး အသုံးလိုတဲ့ေနရာမ်ားကို ပို႔ေဆာင္ေပးပါတယ္။ ကိုက္လန္မွာ bile acid ပါဝင္မႈျမင့္မားလို႔ ခႏၲာကိုယ္တြင္း ကိုလက္စထေရာပမာဏကို ေလွ်ာ့ခ်ေပးပါတယ္။ ကိုလက္စထေရာျမင့္မားတာက ႏွလုံးေရာဂါျဖစ္ႏိုင္ေျခကို ဦးတည္ေနပါတယ္။ ကိုက္လန္ေဖ်ာ္ရည္ကို ေသာက္ေပးတာက HDL ပမာဏကို တိုးျမႇင့္ေပးၿပီး LDL ေလ်ာ့နည္းေစေၾကာင့္ ေလ့လာခ်က္မ်ားအရ သိရပါတယ္။

Vitamin – C အရင္းျမစ္ျဖစ္ျခင္း – Vitamin – C ဆိုတာက ေရမွာေပ်ာ္ဝင္ႏိုင္တဲ့ antioxidants တစ္မ်ိဳးျဖစ္ၿပီး ခႏၲာကိုယ္တြင္း ဆဲလ္မ်ားမွ အေရးႀကီးလုပ္ငန္းေဆာင္တာမ်ားကို လုပ္ေဆာင္ေပးပါတယ္။ ဥပမာအေနနဲ႔ vitamin – C က ခႏၲာကိုယ္အတြက္ အေရးပါတဲ့ ပ႐ိုတင္းတစ္မ်ိဳးျဖစ္တဲ့ collagen ထုတ္လုပ္ရာမွာ လိုအပ္ပါတယ္။ ကိုက္လန္က ဟင္းသီးဟင္း႐ြက္ေတြထဲမွာမွ vitamin – C ပါဝင္မႈ အမ်ားဆုံးျဖစ္ပါတယ္။ ကိုက္လန္တစ္ခြက္မွာဆိုရင္ လိေမၼာ္သီးတစ္လုံးထက္ေတာင္ vitamin – C ပါဝင္မႈ ပိုမ်ားပါတယ္။

အစြမ္းထက္ antioxidants မ်ားပါရွိျခင္း – ကိုက္လန္ကဲ့သို႔ အစိမ္းေရာင္အ႐ြက္ေတြက antioxidants ပါဝင္မႈ မ်ားပါတယ္။ ကိုက္လန္မွာ beta-carotene, vitamin – C အျပင္ flavonoids မ်ိဳးစုံနဲ႔ polyphenols တို႔လဲ ပါဝင္ေနပါတယ္။ Antioxidants ဆိုတာကေတာ့ free radicals ေၾကာင့္ျဖစ္တဲ့ ဓာတ္တိုးပ်က္စီးမႈမ်ားကို ေခ်ဖ်က္ရာမွာ အကူအညီေပးႏိုင္တဲ့ ပစၥည္းေတြပဲ ျဖစ္ပါတယ္။ ဓာတ္တိုးပ်က္စီးျခင္းမ်ားက အိုမင္းရင့္ေရာ္ျခင္းနဲ႔ ကင္ဆာကဲ့သို႔ ေရာဂါမ်ားနဲ႔ ဆက္စပ္ေနပါတယ္။ Flavonoids ေတြျဖစ္တဲ့ quercetin နဲ႔ kaempferol တို႔လဲ ပါဝင္ေနပါတယ္။ အဲ့ဒီ flavonoids ေတြက ေသြးေပါင္ခ်ိန္က်ေစၿပီး ေရာင္ရမ္းျခင္းေတြကို ဆန႔္က်င္ေပးႏိုင္ကာ ကင္ဆာဆန႔္က်င္ေပးႏိုင္တဲ့ အစြမ္းေတြလဲ ရွိပါတယ္။

အာဟာရဓာတ္ေပါႂကြယ္ဝျခင္း – ကိုက္လန္က နာမည္ႀကီးတဲ့ အစားအစာတစ္မ်ိဳးျဖစ္ၿပီး ေဂၚဖီပင္အုပ္စုမွာ ပါတဲ့ အပင္တစ္မ်ိဳးပါ။ ကိုက္လန္က ပန္းေဂၚဖီ၊ ပန္းေဂၚဖီစိမ္း၊ ေဂၚဖီ၊ ပန္ေဂၚဖီပင္ေပါက္တို႔နဲ႔ အပင္အမ်ိဳးအစားတူပါတယ္။ ကိုက္လန္အမ်ိဳးအစား မ်ားစြာရွိၿပီး အစိမ္းေရာင္၊ ခရမ္းေရာင္စတဲ့ အေရာင္ေတြ ကြဲျပားပါတယ္။ ကိုက္လန္ တစ္ခြက္ 67g မွာဆိုရင္ vitamin – A, C, K, B6, မန္းဂနိစ္၊ ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္၊ ေကာ့ပါးနဲ႔ မဂၢနီဆီယမ္တို႔ ပါဝင္ေနပါတယ္။ Vitamin – B1, B2, B3, သံဓာတ္နဲ႔ ေဖာ့စဖရပ္တို႔လဲ ပါဝင္ေနပါေသးတယ္။ က္ုက္လန္မွာ 33 ကယ္လိုရီပါဝင္ၿပီး အမွ်င္ဓာတ္ 2g နဲ႔ ပ႐ိုတင္း 3g လဲ ပါရွိပါတယ္။ ကိုက္လန္မွာ အဆီအနည္းငယ္လဲ ပါဝင္ေနၿပီး အဓိကပါဝင္ေနတဲ့ အဆီကေတာ့ alpha lenolenic acid လို႔ ေခၚတဲ့ omega 3 fatty acids ပဲ ျဖစ္ပါတယ္။

ဒါဆိုရင္ေတာ့ ကိုက္လန္ရဲ႕ ေကာင္းကြက္ေလးေတြကို ျပည့္ျပည့္စုံစုံသိၿပီထင္ပါတယ္ေနာ္။

Read in UNICODE

အစိမ်းရောင် အသီးအရွက်တွေထဲမှာဆိုရင် ကိုက်လန်က ဘုရင်တစ်ဆူပါ။ ကိုက်လန်က အာဟာရတန်ဖိုးအများဆုံးနဲ့ အဖိုးတန်တဲ့ အစိမ်းရောင်အရွက် တစ်မျိုးဖြစ်ပါတယ်။ ကိုက်လန်မှာဆိုရင် ကျန်းမာရေးကောင်းမွန်စေတဲ့ အစွမ်းသတ္တိတွေ ရှိတဲ့ အကျိုးပြုဒြပ်ပေါင်းတွေနဲ့ ပြည့်နှက်နေတာပါ။ ဒါဆို ကျန်းမာရေးကောင်းကျိုးများတဲ့ ကိုက်လန် အကြောင်းလေးကို လေ့လာကြည့်ရအောင်နော်။

ကိုယ်အလေးချိန်ကျဆင်းစေခြင်း – ကိုက်လန်မှာ ကိုယ်အလေးချိန်ကျဆင်းစေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်နေပါတယ်။ ကယ်လိုရီပါဝင်မှုနည်းတဲ့အပြင် အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ကိုက်လန်က အလွယ်တကူဗိုက်ပြည့်စေပါတယ်။ ရေဓာတ်ပါဝင်မှုများပြီး ကယ်လိုရီနည်းတဲ့ ကိုက်လန်က စွမ်းအင်သိပ်သည်းဆနည်းပါတယ်။ စွမ်းအင်သိပ်သည်းဆ နည်းတဲ့ အစားအစာတွေက ကိုယ်အလေးချိန်လျော့ချရာမှာ အကူအညီပေးနိုင်ကြောင်း လေ့လာချက်များအရ သိရှိရပါတယ်။ ဒါကြောင့် ကိုက်လန်ကို ကိုယ်အလေးချိန်လျော့ချရာမှာ ထည့်စားပေးသင့်ပါတယ်။

မျက်စိကျန်းမာရေးအထောက်အကူပြုခြင်း – မျက်စိကျန်းမာရေးအတွက် လိုအပ်တဲ့ zeaxanthin နဲ့ lucetin တို့ကိုလဲ ကိုက်လန်မှာ ပမာဏ ကြွယ်ဝစွာ တွေ့ရပါတယ်။ အဖြစ်များတဲ့ မျက်စိဝေဒနာတွေဖြစ်တဲ့ အမြင်အာရုံယိုယွင်းပျက်စီးခြင်းနဲ့ အတွင်းတိမ်ဝေဒနာတွေမဖြစ်အောင် lucetin နဲ့ zeaxanthin ပါဝင်တဲ့ အစားအစာတွေ စားခြင်းဖြင့် လျော့ချပေးနိုင်ကြောင်း လေ့လာချက်များအရ သိရပါတယ်။

သတ္တုဓာတ်ပေါများခြင်း – ကိုက်လန်မှာ သတ္တုဓာတ်ပေါကြွယ်ဝတာကြောင့် သတ္တုဓာတ်ရရှိမှု မလုံလောက်တဲ့သူတွေအတွက် စားပေးဖို့ သင့်လျော်ပါတယ်။ ကိုက်လန်က ကယ်လ်ဆီယမ် အရင်းမြစ်လဲ ဖြစ်တာကြောင့် အရိုးကျန်းမာရေးနဲ့ ဆဲလ်လုပ်ငန်းဆောင်တာများမှာ အထောက်အကူပေးနိုင်ပါတယ်။ လူအများစု လုံလောက်စွာ မရရှိတဲ့ မဂ္ဂနီဆီယမ်လဲ ပေါကြွယ်ဝတာကြောင့် ဆီးချိုရောဂါအမျိုးအစား 2 နဲ့ နှလုံးရောဂါတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကျစေပြီး နှလုံးရောဂါဖြစ်နှုန်း နည်းစေတဲ့ ပိုတက်ဆီယမ်လဲ ပါဝင်နေပါသေးတယ်။

ကင်ဆာဆန့်ကျင်ပစ္စည်းများပါဝင်ခြင်း – ကိုက်လန်မှာဆိုရင် ကင်ဆာရောဂါကို ကာကွယ်တိုက်ထုတ်နိုင်စွမ်းရှိတဲ့ ဒြပ်ပေါင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲ့ထဲက တစ်ခုကတော့ ကင်ဆာဆဲလ်ဖြစ်ပွါးခြင်းကို တိုက်ဖျက်ပေးတဲ့ sulforaphane ပါ။ ကင်ဆာရောဂါမှ ကာကွယ်ပေးနိုင်တဲ့ indole-3-carbinol လဲ ပါဝင်နေပါတယ်။ လေ့လာချက်များအရ ကိုက်လန်ပါဝင်တဲ့ အပင်အုပ်စုမျိုးစားပေးတာက ကင်ဆာရောဂါအချို့မှ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရပါတယ်။

Vitamin – K အရင်းမြစ်ဖြစ်ခြင်း – Vitamin – K က သွေးခဲခြင်းကို ကာကွယ်ပေးပြီး အရိုးကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးပြု အာဟာရဓာတ်တစ်မျိုးပါ။ ကိုက်လန်က vitamin – K ကြွယ်ဝတဲ့ အရင်းမြစ်ဖြစ်ပါတယ်။ Vitamin – K အုပ်စုကြွယ်ဝတာကြောင့် အရိုးပွရောဂါနဲ့ နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်တားဆီးပေးပါတယ်။

ကိုလက်စထရောပမာဏလျှော့ချပေးခြင်း – ကိုလက်စထရောက ခန္တာကိုယ်အတွက် အရေးကြီးတဲ့ လုပ်ငန်းတွေမှာ အကျိုးရှိပါတယ်။ အသည်းက ကိုလက်စထရောကို အစာခြေစနစ်အတွက် အဆီတွေကို ချေဖျက်ရာမှာ လိုအပ်တဲ့ bile acids အဖြစ် ပြောင်းလဲပေးပါတယ်။ Bile acids က အဆီတွေကို ချေဖျက်ပေးပြီး အသုံးလိုတဲ့နေရာများကို ပို့ဆောင်ပေးပါတယ်။ ကိုက်လန်မှာ bile acid ပါဝင်မှုမြင့်မားလို့ ခန္တာကိုယ်တွင်း ကိုလက်စထရောပမာဏကို လျှော့ချပေးပါတယ်။ ကိုလက်စထရောမြင့်မားတာက နှလုံးရောဂါဖြစ်နိုင်ခြေကို ဦးတည်နေပါတယ်။ ကိုက်လန်ဖျော်ရည်ကို သောက်ပေးတာက HDL ပမာဏကို တိုးမြှင့်ပေးပြီး LDL လျော့နည်းစေကြောင့် လေ့လာချက်များအရ သိရပါတယ်။

Vitamin – C အရင်းမြစ်ဖြစ်ခြင်း – Vitamin – C ဆိုတာက ရေမှာပျော်ဝင်နိုင်တဲ့ antioxidants တစ်မျိုးဖြစ်ပြီး ခန္တာကိုယ်တွင်း ဆဲလ်များမှ အရေးကြီးလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးပါတယ်။ ဥပမာအနေနဲ့ vitamin – C က ခန္တာကိုယ်အတွက် အရေးပါတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ collagen ထုတ်လုပ်ရာမှာ လိုအပ်ပါတယ်။ ကိုက်လန်က ဟင်းသီးဟင်းရွက်တွေထဲမှာမှ vitamin – C ပါဝင်မှု အများဆုံးဖြစ်ပါတယ်။ ကိုက်လန်တစ်ခွက်မှာဆိုရင် လိမ္မော်သီးတစ်လုံးထက်တောင် vitamin – C ပါဝင်မှု ပိုများပါတယ်။

အစွမ်းထက် antioxidants များပါရှိခြင်း – ကိုက်လန်ကဲ့သို့ အစိမ်းရောင်အရွက်တွေက antioxidants ပါဝင်မှု များပါတယ်။ ကိုက်လန်မှာ beta-carotene, vitamin – C အပြင် flavonoids မျိုးစုံနဲ့ polyphenols တို့လဲ ပါဝင်နေပါတယ်။ Antioxidants ဆိုတာကတော့ free radicals ကြောင့်ဖြစ်တဲ့ ဓာတ်တိုးပျက်စီးမှုများကို ချေဖျက်ရာမှာ အကူအညီပေးနိုင်တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဓာတ်တိုးပျက်စီးခြင်းများက အိုမင်းရင့်ရော်ခြင်းနဲ့ ကင်ဆာကဲ့သို့ ရောဂါများနဲ့ ဆက်စပ်နေပါတယ်။ Flavonoids တွေဖြစ်တဲ့ quercetin နဲ့ kaempferol တို့လဲ ပါဝင်နေပါတယ်။ အဲ့ဒီ flavonoids တွေက သွေးပေါင်ချိန်ကျစေပြီး ရောင်ရမ်းခြင်းတွေကို ဆန့်ကျင်ပေးနိုင်ကာ ကင်ဆာဆန့်ကျင်ပေးနိုင်တဲ့ အစွမ်းတွေလဲ ရှိပါတယ်။

အာဟာရဓာတ်ပေါကြွယ်ဝခြင်း – ကိုက်လန်က နာမည်ကြီးတဲ့ အစားအစာတစ်မျိုးဖြစ်ပြီး ဂေါ်ဖီပင်အုပ်စုမှာ ပါတဲ့ အပင်တစ်မျိုးပါ။ ကိုက်လန်က ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီ၊ ပန်ဂေါ်ဖီပင်ပေါက်တို့နဲ့ အပင်အမျိုးအစားတူပါတယ်။ ကိုက်လန်အမျိုးအစား များစွာရှိပြီး အစိမ်းရောင်၊ ခရမ်းရောင်စတဲ့ အရောင်တွေ ကွဲပြားပါတယ်။ ကိုက်လန် တစ်ခွက် 67g မှာဆိုရင် vitamin – A, C, K, B6, မန်းဂနိစ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ကော့ပါးနဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်နေပါတယ်။ Vitamin – B1, B2, B3, သံဓာတ်နဲ့ ဖော့စဖရပ်တို့လဲ ပါဝင်နေပါသေးတယ်။ က်ုက်လန်မှာ 33 ကယ်လိုရီပါဝင်ပြီး အမျှင်ဓာတ် 2g နဲ့ ပရိုတင်း 3g လဲ ပါရှိပါတယ်။ ကိုက်လန်မှာ အဆီအနည်းငယ်လဲ ပါဝင်နေပြီး အဓိကပါဝင်နေတဲ့ အဆီကတော့ alpha lenolenic acid လို့ ခေါ်တဲ့ omega 3 fatty acids ပဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ ကိုက်လန်ရဲ့ ကောင်းကွက်လေးတွေကို ပြည့်ပြည့်စုံစုံသိပြီထင်ပါတယ်နော်။

Source : CupOfMon

Add a Comment

Your email address will not be published. Required fields are marked *