ေရာဂါအေတာ္မ်ားမ်ားကို ကာကြယ္ေပးႏိုင္ၿပီး ေဆးဖက္ဝင္လြန္းတဲ့ ငွက္ေပ်ာဖူး

ငွက္ေပ်ာဖူး ဆိုသည္မွာ ငွက္ေပ်ာပင္ တစ္ပင္ရွိ ငွက္ေပ်ာခိုင္၏ ထိပ္တြင္ရွိေသာ မရမ္းေရာင္ရင့္ရင့္ အဖူးျဖစ္ပါတယ္။ ပ်မ္းမွ် ၁၀ လက္မေလာက္ ရွည္ပါတယ္။ ၎ ငွက္ေပ်ာဖူးကို ခူးဆြတ္ရာမွာအေစးရည္မ်ား ထြက္က်လာေလ့ရွိပါတယ္။ လက္ေပၚကို ေပက်ံေသာအေစးရည္ကို ေရျဖင့္အလြယ္တကူေဆးေၾကာႏိုင္ေသာ္လည္းအဝတ္ေပၚစြန္းထင္းမိပါကခြၽတ္ရခက္ပါတယ္။ ခ်ိဳ၍ဖန္ေသာ အရသာရွိသည့္ ငွက္ေပ်ာဖူးကို ႀကိဳက္ႏွစ္သက္သူမ်ားက ငွက္ေပ်ာဖူး၏ အေပၚခြံကိုခြာ၍ လိုအပ္သလို

လွီးျဖတ္ၿပီးေနာက္ ၾကက္သား၊ မွ်င္ငါးပိ၊ဆီအနည္းတို႔ျဖင့္ခ်က္၍စားၾကပါတယ္။ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ခရမ္းခ်ဥ္သီးတို႔ျဖင့္ ဆီျပန္ခ်က္စားၾကပါတယ္။ ဆန္မႈန႔္၊ ပဲမႈန႔္ တို႔ျဖင့္ေရာ၍ ဘယာေၾကာ္ကဲ့သို႔ ေၾကာ္စားၾကပါတယ္။ ငွက္ေပ်ာဖူးကို ျပဳတ္၍ ပါးပါးလွီးကာ မွ်င္ငါးပိ၊ မန္က်ည္းသီးမွည့္အရည္ (သို႔) သံပရာရည္၊ င႐ုတ္သီးစိမ္း တို႔ျဖင့္ သုပ္စားၾကပါတယ္။ ငွက္ေပ်ာဖူးကို ျမန္မာ့ ေဆးက်မ္းရႈေထာင့္မွ ၾကည့္ပါကငွက္ေပ်ာဖူးသည္ ေၾကညက္ခဲ၏။ အဆီမရွိဘဲ

ေအး၏။ ေလ၊ သည္းေျခတို႔ကို ႏိုင္၏။ ေသြးအန္ ေသြးက်ကိုႏိုင္၏။ ခြန္အားကုန္ခမ္းေသာ ေရာဂါကိုႏိုင္၏။ အပူေၾကာင့္ျဖစ္ေသာ ေရာဂါမ်ားကို ေပ်ာက္ကင္းသက္သာေစ၏။ ဖန္ေသာအရာရွိၿပီး ဆီနည္း၊ ဝမ္းခ်ဳပ္၊ ေလခ်ဳပ္၊ ေသြးခ်ဳပ္ေစတတ္၏ဟု ေျပာထားပါတယ္။ ငွက္ေပ်ာဖူးကို ေဆးသိပၸံနည္းအရေလ့လာစမ္းစစ္ၾကည့္ရာ က်န္းမာေရးအရေဆးဖက္ဝင္ပုံကို ေအာက္ပါအတိုင္း ေလ့လာ သိရွိရပါတယ္။
ကူးစက္ေရာဂါ ေဝဒနာမ်ားကို ကုသေပးႏိုင္ပါတယ္။

ငွက္ေပ်ာဖူးထဲမွာ အီသေနာဓာတ္ ပါဝင္ေနတာေၾကာင့္၊ ကူးစက္ေရာဂါ ဘက္တီးရီးယားေတြ ႀကီးထြားမႈမွ ကာကြယ္ေပးႏိုင္ပါတယ္။ဒါ့ျပင္ ငွက္ဖ်ားေရာဂါပိုး ႀကီးထြားျပန႔္ပြားမႈကို ကာကြယ္ေပးႏိုင္ပါတယ္။

ဆီးခ်ိဳ၊ ေသြးခ်ိဳႏွင့္ ေသြးအားနည္း ေရာဂါကို ႏိုင္ပါတယ္။ – ဆီးခ်ိဳ၊ ေသြးခ်ိဳ ေရာဂါသည္မ်ား အေနျဖင့္ ငွက္ေပ်ာဖူးကို ျပဳတ္၍ ေသာ္လည္းေကာင္း၊ ေၾကာ္၍ ေသာ္လည္းေကာင္း စားေပးျခင္းျဖင့္ေသြးထဲက သၾကားဓာတ္ ပမာဏကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့ျပင္ ငွက္ေပ်ာဖူးထဲမွာ သံဓာတ္ႏွင့္ အမွ်င္ဓာတ္ေတြ ေၾကာင့္ ေသြးနီဥ ထုတ္လူပ္မႈကို အားေပးႏိုင္၍ ေသြးအားနည္း ေရာဂါရွိသူမ်ား ငွက္ေပ်ာဖူး စားေပးသင့္ပါတယ္။

ႏို႔ထြက္အားေကာင္း ေစပါတယ္။ – ႏို႔တိုက္ မိခင္မ်ား ႏို႔ထြက္အားေကာင္းေစဖို႔အတြက္ ငွက္ေပ်ာဖူး လတ္လတ္ဆတ္ဆတ္ကို အေစးေတြကုန္ေအာင္ ေရစင္စင္ေဆးၿပီးေနာက္ အဆင္ေျပသလို ခ်က္ျပဳတ္ေၾကာ္သုပ္၍ အမ်ိဳးမ်ိဳး စားသုံးေပးသင့္ပါတယ္။

ဖရီးရယ္ဒီကယ္လ္ေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ – ငွက္ေပ်ာဖူးထဲမွာ ခႏၶာကိုယ္အက်ိဳးျပဳ ဓာတ္တိုး ဆန႔္က်င္ပစၥည္းေတြ ပိုင္ဆိုင္ထားတာေၾကာင့္ ကင္ဆာေရာဂါမ်ားႏွင့္ ဇရာအိုအႀကိဳေရာဂါ ျဖစ္ျခင္းတို႔ကို ကုသေပးႏိုင္စြမ္းရွိပါတယ္။ ဤနည္းအားျဖင့္ လူကိုေဘးျဖစ္ေစတတ္ေသာ ဖရီးရယ္ဒီကယ္လ္မ်ား၏ အႏၲရာယ္မွ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ဓမၼတာလြန္ျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။ – ငွက္ေပ်ာဖူးက ေသြးခ်ဳပ္ေစတတ္ေသာ အာနိသင္ရွိတာေၾကာင့္ ဓမၼတာ ရာသီေသြးလြန္သူမ်ား ငွက္ေပ်ာဖူးကို ဆားႏွင့္ ျပဳတ္၍ေသာက္ေပးသင့္ပါတယ္။

ကိုယ္အေလးခ်ိန္က်လိုသူမ်ားကို အေထာက္အပံ့ ျဖစ္ေစပါတယ္။ – ငွက္ေပ်ာဖူးထဲမွာ အမွ်င္ဓာတ္ႏွင့္ အာဟာရျပဳဓာတ္ေတြ ပါရွိေန၍ ကိုယ္အေလးခ်ိန္ခ်လိုသူမ်ား ငွက္ေပ်ာဖူးကို သုပ္၍ေသာ္လည္းေကာင္း၊ ဟင္းခ်ိဳခ်က္၍ ေသာ္လည္းေကာင္း စားသုံးေပးႏိုင္ပါတယ္။

ဗီတာမင္ႏွင့္ သတၱဳဓာတ္ ႂကြယ္ဝပါတယ္။ – ငွက္ေပ်ာဖူးထဲမွာ ဗီတာမင္ စီ၊ ေအ၊ အီး၊ အမွ်င္ဓာတ္ႏွင့္ ပိုတက္စီယမ္ စတဲ့ ဗီတာမင္ႏွင့္ သတၱဳဓာတ္ေတြ ပိုင္ဆိုင္ထားတာေၾကာင့္ စားသုံးသူအတြက္ အာဟာရ ျဖစ္ေစပါတယ္။

သားအိမ္ အားေကာင္းေစပါတယ္။ – သားအိမ္ေရာဂါ အမ်ိဳးမ်ိဳးအတြက္ ငွက္ေပ်ာဖူးကို နႏြင္းမႈန႔္၊ င႐ုတ္ေကာင္းမႈန႔္၊ ပင္စိမ္းပင္၏ အေစ့တို႔ျဖင့္ ျပဳတ္ေသာက္ေပးပါ။(ပင္စိမ္းပင္၏ အေစ့ကို ပရေဆးဆိုင္မ်ားတြင္ ဝယ္ယူရရွိႏိုင္ပါတယ္)

ေလပြ ေလတက္ျခင္းကို သက္သာေစပါတယ္။ – ထူးထူးျခားျခား အေနျဖင့္ ငွက္ေပ်ာဖူးထဲမွာ ေၾကညက္လြယ္ေသာ အမွ်င္ဓာတ္ႏွင့္ ေၾကညက္ခဲေသာ အမွ်င္ဓာတ္ႏွစ္မ်ိဳးစလုံးပါရွိေနၾကပါတယ္။ ေၾကညက္လြယ္ေသာ အမွ်င္ဓာတ္က အစာေခ်စနစ္ကို သက္ေတာင့္သက္သာ ျဖစ္ေစၿပီး အစာေခ်ရည္ျဖင့္ ဓာတ္ျပဳကာ အူႏွင့္ အစာေခ် လမ္းေၾကာင္း တစ္ေလွ်ာက္ ဂ်ယ္လီကဲ့သို ေခ်ာေမြ႕မႈ ျဖစ္ေစပါတယ္။ ေၾကညက္ခဲေသာ အမွ်င္ဓာတ္က အစာေခ်ရည္တြင္ အလြယ္တကူ မေပ်ာ္ဝင္ႏိုင္တာေၾကာင့္ ေနာက္ထပ္ အစားမ်ားမ်ားစားခ်င္စိတ္ကို ခ်ိဳးႏွိမ္ေပးပါတယ္။ ၎အမွ်င္ဓာတ္ႏွစ္မ်ိဳးစလုံးက လူကို ေဘးဥပါဒ္မရွိတဲ့အျပင္၊ အစာေခ် အဂၤါအဖြဲ႕အစည္းကို အေထာက္အပံ့ျဖစ္ေစပါတယ္။

ကင္ဆာႏွင့္ ႏွလုံးေရာဂါျဖစ္ႏိုင္ ေျခအလားအလာ ေလွ်ာ့ခ်ေပးပါတယ္။ – ငွက္ေပ်ာဖူးထဲမွာ တန္းနင္၊ အက္ဆစ္၊ ဖေလဗိုႏြိဳက္၊ ဓာတ္တိုး ဆန႔္က်င္ ပစၥည္း စတဲ့ သက္ေစာင့္ဓာတ္ေပါင္းစုမ်ား ပါရွိေနၾကၿပီး၊၎ ဓာတ္ေပါင္းစုမ်ားက ခႏၶာကိုယ္ကို ဒုကၡေပးႏိုင္တဲ့ ဖရီးရယ္ဒီကယ္လ္မ်ားႏွင့္ ေအာက္စီေဒးတစ္ ဖ်က္ဆီးမႈတို႔မွ ျပည့္ျပည္၀၀ခုခံေပး ထားႏိုင္တာေၾကာင့္ ကင္ဆာေရာဂါမ်ားႏွင့္ ႏွလုံးေရာဂါျဖစ္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

အာ႐ုံေၾကာ ျပႆနာေတြကို ေကာင္းက်ိဳးျပဳပါတယ္။ – သက္ေစာင့္ ဓာတ္ေပါင္းစုမ်ား ပါရွိတဲ့ ငွက္ေပ်ာဖူးကို ပုံမွန္ စားသုံးေပးျခင္းအားျဖင့္ အယ္လ္ဇိုင္းမား – Alzheimer (ေခၚ) ဦးေႏွာက္ဇရာႀကိဳေရာဂါႏွင့္ ပါကင္န္ဆဲန္ – Parkinson (ေခၚ) ဇရာအို ေျခတုံ၊ လက္တုံ ေရာဂါမ်ား ျဖစ္မလာေအာင္ ႀကိဳတင္ကာကြယ္ရေရာက္ပါတယ္။

ငယ္ငယ္တုန္းကဆို ေမေမက ငွက္ေပ်ာဖူး မၾကာခဏဆိုသလို ခ်က္ေကြၽးေလ့ရွိပါတယ္။ သိပ္ကိုအရသာရွိၿပီး စားေကာင္းလြန္းလို႔ အသားနဲ႔ေတာင္မလဲႏိုင္ပါဘူး။ အခုေတာ့ အိမ္နဲ႔ေဝးေနတာၾကာၿပီမို႔ ငွက္ေပ်ာဖူး ကိုစားခ်င္တိုင္း ဆိုင္ေတြမွာ ေဈးႀကီးေပးၿပီး ဝယ္စားေနရၿပီေပါ့ရွင္။ စာဖတ္သူတို႔ေကာ ငွက္ေပ်ာဖူးကို စားဖူးၾကလား။ တိုင္းရင္းသား႐ိုးရာစားေသာက္ဆိုင္ေတြမွာ ငွက္ေပ်ာဖူးဟင္းလ်ာကို ထည့္သြင္းေရာင္းခ်ၾကပါတယ္။ ငွက္ေပ်ာဖူး ဟာအရသာရွိ႐ုံသာမက က်န္းမာေရးအတြက္ မ်ားစြာအေထာက္အကူျပဳပါတယ္။ က်န္းမာေရးေကာင္းမြန္ဖို႔အတြက္

ေဆးဝါးေတြကို အထူးတလည္မွီဝဲစရာမလိုပါဘူး။ ကြၽန္မတို႔ေန႔စဥ္စားသုံးေနတဲ့ အစားအစာေတြဟာ က်န္းမာေပ်ာ္႐ႊင္ျခင္းရဲ႕ အေျခခံအရင္းအျမစ္ေတြပါပဲ။ ဒီေတာ့ ငွက္ေပ်ာဖူးစားတာ ဘယ္လိုအက်ိဳးေက်းဇူးေတြရွိသလဲေသြးအားနည္းေရာဂါကို ကုသေပးႏိုင္ပါတယ္။ အစာအိမ္နာတာကို သက္သာေစပါတယ္။ ဆီးခ်ိဳေရာဂါေဝဒနာရွင္ေတနဲ႔ ႏို႔တိုက္မိခင္ေတြအတြက္ အထူးေကာင္းမြန္ပါတယ္။ အမ်ိဳးသမီးေတြအတြက္ လစဥ္ဓမၼတာမွန္ေစပါတယ္။ေက်ာက္ကပ္ရဲ႕လုပ္ေဆာင္မႈကို ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ သားအိမ္ကိုလည္း ႀကံ့ခိုင္ေစလို႔ သားအိမ္က်တာမျဖစ္ႏိုင္ပါဘူး။ေသြးတိုးလည္းက်ေစပါတယ္။

Read in UNICODE

ငှက်ပျောဖူး ဆိုသည်မှာ ငှက်ပျောပင် တစ်ပင်ရှိ ငှက်ပျောခိုင်၏ ထိပ်တွင်ရှိသော မရမ်းရောင်ရင့်ရင့် အဖူးဖြစ်ပါတယ်။ ပျမ်းမျှ ၁၀ လက်မလောက် ရှည်ပါတယ်။ ၎င်း ငှက်ပျောဖူးကို ခူးဆွတ်ရာမှာအစေးရည်များ ထွက်ကျလာလေ့ရှိပါတယ်။ လက်ပေါ်ကို ပေကျံသောအစေးရည်ကို ရေဖြင့်အလွယ်တကူဆေးကြောနိုင်သော်လည်းအဝတ်ပေါ်စွန်းထင်းမိပါကချွတ်ရခက်ပါတယ်။ ချို၍ဖန်သော အရသာရှိသည့် ငှက်ပျောဖူးကို ကြိုက်နှစ်သက်သူများက ငှက်ပျောဖူး၏ အပေါ်ခွံကိုခွာ၍ လိုအပ်သလို

လှီးဖြတ်ပြီးနောက် ကြက်သား၊ မျှင်ငါးပိ၊ဆီအနည်းတို့ဖြင့်ချက်၍စားကြပါတယ်။ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးတို့ဖြင့် ဆီပြန်ချက်စားကြပါတယ်။ ဆန်မှုန့်၊ ပဲမှုန့် တို့ဖြင့်ရော၍ ဘယာကြော်ကဲ့သို့ ကြော်စားကြပါတယ်။ ငှက်ပျောဖူးကို ပြုတ်၍ ပါးပါးလှီးကာ မျှင်ငါးပိ၊ မန်ကျည်းသီးမှည့်အရည် (သို့) သံပရာရည်၊ ငရုတ်သီးစိမ်း တို့ဖြင့် သုပ်စားကြပါတယ်။ ငှက်ပျောဖူးကို မြန်မာ့ ဆေးကျမ်းရှုထောင့်မှ ကြည့်ပါကငှက်ပျောဖူးသည် ကြေညက်ခဲ၏။ အဆီမရှိဘဲ

အေး၏။ လေ၊ သည်းခြေတို့ကို နိုင်၏။ သွေးအန် သွေးကျကိုနိုင်၏။ ခွန်အားကုန်ခမ်းသော ရောဂါကိုနိုင်၏။ အပူကြောင့်ဖြစ်သော ရောဂါများကို ပျောက်ကင်းသက်သာစေ၏။ ဖန်သောအရာရှိပြီး ဆီနည်း၊ ဝမ်းချုပ်၊ လေချုပ်၊ သွေးချုပ်စေတတ်၏ဟု ပြောထားပါတယ်။ ငှက်ပျောဖူးကို ဆေးသိပ္ပံနည်းအရလေ့လာစမ်းစစ်ကြည့်ရာ ကျန်းမာရေးအရဆေးဖက်ဝင်ပုံကို အောက်ပါအတိုင်း လေ့လာ သိရှိရပါတယ်။
ကူးစက်ရောဂါ ဝေဒနာများကို ကုသပေးနိုင်ပါတယ်။

ငှက်ပျောဖူးထဲမှာ အီသနောဓာတ် ပါဝင်နေတာကြောင့်၊ ကူးစက်ရောဂါ ဘက်တီးရီးယားတွေ ကြီးထွားမှုမှ ကာကွယ်ပေးနိုင်ပါတယ်။ဒါ့ပြင် ငှက်ဖျားရောဂါပိုး ကြီးထွားပြန့်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ဆီးချို၊ သွေးချိုနှင့် သွေးအားနည်း ရောဂါကို နိုင်ပါတယ်။ – ဆီးချို၊ သွေးချို ရောဂါသည်များ အနေဖြင့် ငှက်ပျောဖူးကို ပြုတ်၍ သော်လည်းကောင်း၊ ကြော်၍ သော်လည်းကောင်း စားပေးခြင်းဖြင့်သွေးထဲက သကြားဓာတ် ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ပြင် ငှက်ပျောဖူးထဲမှာ သံဓာတ်နှင့် အမျှင်ဓာတ်တွေ ကြောင့် သွေးနီဥ ထုတ်လူပ်မှုကို အားပေးနိုင်၍ သွေးအားနည်း ရောဂါရှိသူများ ငှက်ပျောဖူး စားပေးသင့်ပါတယ်။

နို့ထွက်အားကောင်း စေပါတယ်။ – နို့တိုက် မိခင်များ နို့ထွက်အားကောင်းစေဖို့အတွက် ငှက်ပျောဖူး လတ်လတ်ဆတ်ဆတ်ကို အစေးတွေကုန်အောင် ရေစင်စင်ဆေးပြီးနောက် အဆင်ပြေသလို ချက်ပြုတ်ကြော်သုပ်၍ အမျိုးမျိုး စားသုံးပေးသင့်ပါတယ်။

ဖရီးရယ်ဒီကယ်လ်တွေကို လျှော့ချပေးနိုင်ပါတယ်။ – ငှက်ပျောဖူးထဲမှာ ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပိုင်ဆိုင်ထားတာကြောင့် ကင်ဆာရောဂါများနှင့် ဇရာအိုအကြိုရောဂါ ဖြစ်ခြင်းတို့ကို ကုသပေးနိုင်စွမ်းရှိပါတယ်။ ဤနည်းအားဖြင့် လူကိုဘေးဖြစ်စေတတ်သော ဖရီးရယ်ဒီကယ်လ်များ၏ အန္တရာယ်မှ လျှော့ချပေးနိုင်ပါတယ်။

ဓမ္မတာလွန်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ – ငှက်ပျောဖူးက သွေးချုပ်စေတတ်သော အာနိသင်ရှိတာကြောင့် ဓမ္မတာ ရာသီသွေးလွန်သူများ ငှက်ပျောဖူးကို ဆားနှင့် ပြုတ်၍သောက်ပေးသင့်ပါတယ်။

ကိုယ်အလေးချိန်ကျလိုသူများကို အထောက်အပံ့ ဖြစ်စေပါတယ်။ – ငှက်ပျောဖူးထဲမှာ အမျှင်ဓာတ်နှင့် အာဟာရပြုဓာတ်တွေ ပါရှိနေ၍ ကိုယ်အလေးချိန်ချလိုသူများ ငှက်ပျောဖူးကို သုပ်၍သော်လည်းကောင်း၊ ဟင်းချိုချက်၍ သော်လည်းကောင်း စားသုံးပေးနိုင်ပါတယ်။

ဗီတာမင်နှင့် သတ္တုဓာတ် ကြွယ်ဝပါတယ်။ – ငှက်ပျောဖူးထဲမှာ ဗီတာမင် စီ၊ အေ၊ အီး၊ အမျှင်ဓာတ်နှင့် ပိုတက်စီယမ် စတဲ့ ဗီတာမင်နှင့် သတ္တုဓာတ်တွေ ပိုင်ဆိုင်ထားတာကြောင့် စားသုံးသူအတွက် အာဟာရ ဖြစ်စေပါတယ်။

သားအိမ် အားကောင်းစေပါတယ်။ – သားအိမ်ရောဂါ အမျိုးမျိုးအတွက် ငှက်ပျောဖူးကို နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ပင်စိမ်းပင်၏ အစေ့တို့ဖြင့် ပြုတ်သောက်ပေးပါ။(ပင်စိမ်းပင်၏ အစေ့ကို ပရဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါတယ်)

လေပွ လေတက်ခြင်းကို သက်သာစေပါတယ်။ – ထူးထူးခြားခြား အနေဖြင့် ငှက်ပျောဖူးထဲမှာ ကြေညက်လွယ်သော အမျှင်ဓာတ်နှင့် ကြေညက်ခဲသော အမျှင်ဓာတ်နှစ်မျိုးစလုံးပါရှိနေကြပါတယ်။ ကြေညက်လွယ်သော အမျှင်ဓာတ်က အစာချေစနစ်ကို သက်တောင့်သက်သာ ဖြစ်စေပြီး အစာချေရည်ဖြင့် ဓာတ်ပြုကာ အူနှင့် အစာချေ လမ်းကြောင်း တစ်လျှောက် ဂျယ်လီကဲ့သို ချောမွေ့မှု ဖြစ်စေပါတယ်။ ကြေညက်ခဲသော အမျှင်ဓာတ်က အစာချေရည်တွင် အလွယ်တကူ မပျော်ဝင်နိုင်တာကြောင့် နောက်ထပ် အစားများများစားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်။ ၎င်းအမျှင်ဓာတ်နှစ်မျိုးစလုံးက လူကို ဘေးဥပါဒ်မရှိတဲ့အပြင်၊ အစာချေ အင်္ဂါအဖွဲ့အစည်းကို အထောက်အပံ့ဖြစ်စေပါတယ်။

ကင်ဆာနှင့် နှလုံးရောဂါဖြစ်နိုင် ခြေအလားအလာ လျှော့ချပေးပါတယ်။ – ငှက်ပျောဖူးထဲမှာ တန်းနင်၊ အက်ဆစ်၊ ဖလေဗိုနွိုက်၊ ဓာတ်တိုး ဆန့်ကျင် ပစ္စည်း စတဲ့ သက်စောင့်ဓာတ်ပေါင်းစုများ ပါရှိနေကြပြီး၊၎င်း ဓာတ်ပေါင်းစုများက ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ ဖရီးရယ်ဒီကယ်လ်များနှင့် အောက်စီဒေးတစ် ဖျက်ဆီးမှုတို့မှ ပြည့်ပြည်၀၀ခုခံပေး ထားနိုင်တာကြောင့် ကင်ဆာရောဂါများနှင့် နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

အာရုံကြော ပြဿနာတွေကို ကောင်းကျိုးပြုပါတယ်။ – သက်စောင့် ဓာတ်ပေါင်းစုများ ပါရှိတဲ့ ငှက်ပျောဖူးကို ပုံမှန် စားသုံးပေးခြင်းအားဖြင့် အယ်လ်ဇိုင်းမား – Alzheimer (ခေါ်) ဦးနှောက်ဇရာကြိုရောဂါနှင့် ပါကင်န်ဆဲန် – Parkinson (ခေါ်) ဇရာအို ခြေတုံ၊ လက်တုံ ရောဂါများ ဖြစ်မလာအောင် ကြိုတင်ကာကွယ်ရရောက်ပါတယ်။

ငယ်ငယ်တုန်းကဆို မေမေက ငှက်ပျောဖူး မကြာခဏဆိုသလို ချက်ကျွေးလေ့ရှိပါတယ်။ သိပ်ကိုအရသာရှိပြီး စားကောင်းလွန်းလို့ အသားနဲ့တောင်မလဲနိုင်ပါဘူး။ အခုတော့ အိမ်နဲ့ဝေးနေတာကြာပြီမို့ ငှက်ပျောဖူး ကိုစားချင်တိုင်း ဆိုင်တွေမှာ ဈေးကြီးပေးပြီး ဝယ်စားနေရပြီပေါ့ရှင်။ စာဖတ်သူတို့ကော ငှက်ပျောဖူးကို စားဖူးကြလား။ တိုင်းရင်းသားရိုးရာစားသောက်ဆိုင်တွေမှာ ငှက်ပျောဖူးဟင်းလျာကို ထည့်သွင်းရောင်းချကြပါတယ်။ ငှက်ပျောဖူး ဟာအရသာရှိရုံသာမက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ ကျန်းမာရေးကောင်းမွန်ဖို့အတွက်

ဆေးဝါးတွေကို အထူးတလည်မှီဝဲစရာမလိုပါဘူး။ ကျွန်မတို့နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ ကျန်းမာပျော်ရွှင်ခြင်းရဲ့ အခြေခံအရင်းအမြစ်တွေပါပဲ။ ဒီတော့ ငှက်ပျောဖူးစားတာ ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲသွေးအားနည်းရောဂါကို ကုသပေးနိုင်ပါတယ်။ အစာအိမ်နာတာကို သက်သာစေပါတယ်။ ဆီးချိုရောဂါဝေဒနာရှင်တေနဲ့ နို့တိုက်မိခင်တွေအတွက် အထူးကောင်းမွန်ပါတယ်။ အမျိုးသမီးတွေအတွက် လစဉ်ဓမ္မတာမှန်စေပါတယ်။ကျောက်ကပ်ရဲ့လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် သားအိမ်ကိုလည်း ကြံ့ခိုင်စေလို့ သားအိမ်ကျတာမဖြစ်နိုင်ပါဘူး။သွေးတိုးလည်းကျစေပါတယ်။

Source : MyFoodMyanmar

Add a Comment

Your email address will not be published. Required fields are marked *