မိဘမဲ့တစ္ေယာက္လို ခံစားခဲ့ရလို႔ မိသားစုဆိုတာႀကီးကို အရမ္းေၾကာက္ေၾကာင္း ရင္ဖြင့္ခဲ့တဲ့ ခင္သဇင္

အႏုပညာလမ္းေၾကာင္းေပၚကို ေလယာဥ္မယ္ဘဝကေန ေလွ်ာက္လွမ္းခဲ့တဲ့ သ႐ုပ္ေဆာင္ ခင္သဇင္ကို လူတိုင္းသိၾကမယ္ထင္ပါတယ္။ လက္ရွိ သူမဟာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ သ႐ုပ္ေဆာင္ပါဝင္ေနၿပီး အသက္ဝင္လြန္းတဲ့ အႏုပညာစြမ္းရည္ေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို အျပည့္အဝရရွိထားသူျဖစ္ပါတယ္။

အိမ္ေထာင္ေရး အဆင္မေျပတဲ့ အေပၚ ဘာမ်ား ေျပာခ်င္သလိုဆိုတဲ့ ေမးခြန္းေလးကို ခင္သဇင္က ျပန္ေျဖခဲ့တာကို တင္ဆက္ေပးလိုက္ရပါတယ္။ 

ယခုလိုပဲ ခင္သဇင္က ျပန္လည္ေျဖၾကားခဲ့ပါတယ္။ သဇင္က Broken Family ကလာတယ္ေနာ္။ သဇင္ လူမွန္းသိတတ္စအရြယ္ထဲက သဇင့္ အေဖနဲ႔အေမက အတူတူကို မရွိေတာ့ဘူး။ အဲ့ေတာ့ သဇင့္ရဲ႕ Memories ေတြထဲမွာ အေဖနဲ႔အေမၾကားမွာ ထမင္းစားတာ၊ ခရီးသြားတာ၊ အိပ္တာ၊ TV ၾကည့္တာ၊ ကားနဲ႔သြားတာ ဘာမွမ႐ွိဘူး။ 

သဇင္က မိဘမဲ့တစ္ေယာက္လိုဘဲ ရွင္သန္လာတာ။ အဲ့တာေၾကာင့္ သဇင္က Family ဆိုတာ ယံုၾကည္မႈလံုးမရွိဘူး။ အဲ့ေတာ့ Family တစ္ခုကို တည္ေထာင္ႏိုင္တဲ့သူကိုေတြ႕ရင္ အရမ္းအားက်တယ္၊ ဒါေပမယ့္ ကိုယ္ကိုတိုင္က်ေတာ့ အရမ္းေၾကာက္တယ္။ 

ကေလးတစ္ေယာက္ကိုလဲ ဘယ္လိုမွမေမြးရဲဘူး။ ဘာလို႔ မေမြးရဲလဲဆိုေတာ့ မိဘေတြကြဲၾကတာက ခင္သဇင္ဆို တစ္ဘဝလံုးစာႀကီး ခံစားခဲ့ရတာ လူစဥ္မမွီသလိုပဲသိလား မိဘမစံုတာ။ ဆိုေတာ့ ကိုယ္လို ကေလးမ်ိဳးေတြ ေလာကႀကီးထဲကို လံုးဝထပ္ၿပီး မေခၚခ်င္ဘူး။ ကိုယ္လိုလူသားမ်ိဳးေတြကို ေလာကႀကီးထဲမွာ ထပ္ၿပီးေတာ့ မရွိေစခ်င္ဘူး။ အဲ့တာေၾကာင့္ သဇင္ ကေလးလံုးဝ မေမြးရဲဘူး။ အရမ္းေၾကာက္တယ္။ ဒါေပမယ့္ ေမြးရဲတဲ့ မိန္းမေတြက ေမြးရဲတယ္။ သူတို႔ကိုေတာ့ အရမ္း ခ်ီးက်ဴးတယ္။ ကေလးေမြးၿပီးရင္ သဇင္ကေတာ့ မကြဲေစခ်င္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ့္ပတ္ဝန္းက်င္ကိုလဲေျပာတယ္ ဟဲ့ နင္တို႔ကြဲမယ္ဆိုရင္လဲ ေစာေစာစီးစီးကြဲ ကေလးမရခင္ကြဲ ကေလးရၿပီးမွေတာ့ မကြဲနဲ႔၊ နဲနဲပါးပါး သည္းခံလိုက္ပါလား။ ကိုကခံစားဖူးေတာ့ေလ ေျပာျဖစ္တယ္။ ဘယ္လိုမွမရတဲ့အဆံုး ကြဲသြားတယ္ဆိုေတာ့လဲ မတတ္ႏိုင္ဘူးေပါ့။ ဒါေပမယ့္ စိတ္ျမန္လက္ျမန္ေတြေတာ့ မလုပ္ေစခ်င္ဘူး။ စိတ္ျမန္လက္ျမန္နဲ႔ ကေလးမေမြးေစခ်င္ဘူး။ သဇင္ကေတာ့ အဲ့လိုပဲ အၾကံေပးခ်င္တယ္ေတာ့ ခင္သဇင္ကေတာ့ ေျဖဆိုခဲ့ပါတယ္။ 

ကိုယ္ကလဲတစ္ေန႔ အိမ္ေထာင္ျပဳရမွာဆိုေတာ့ ေၾကာက္စိတ္ဝင္မိလား။

ခင္သဇင္ကေတာ့ အခုလိုပဲေျဖဆိုခဲ့ပါတယ္။ ဟုတ္ ေၾကာက္တာေပါ့။ အရမ္းကိုေၾကာက္သြားၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ေလ ေလာကႀကီးမွာ ကိုယ့္ကိုယ္ကို အားကိုးတာ အေကာင္းဆံုးပဲ။ အားကိုးခ်င္လို႔လဲ ကေလးမေမြးနဲ႔၊ အားကိုးခ်င္လို႔လဲ ေယာက်ာ္းမယူနဲ႔။ ကိုယ့္ကိုယ္ကိုပဲ အားကိုး ပိုက္ဆံရွာ ပညာတတ္ေအာင္လုပ္ က်န္းမာေအာင္လုပ္။ အသက္ႀကီးလာရင္ ကိုမက်န္းမာရင္ ကိုယ္တိုင္ေဆးဖိုးေပးႏိုင္ေအာင္လုပ္။ ဒီအရြယ္မွာ ေသာက္စားေပ်ာ္ပါးၿပီးေတာ့ အခ်ိန္မကုန္နဲ႔။ ဒီလိုသန္တုန္း ျမန္တုန္း အရြယ္မွာ ပိုက္ဆံရွာ။ ကိုယ့္ကိုယ္ကို ႏြားတစ္ေကာင္လို ခိုင္း။ ပိုက္ဆံကို ေသခ်ာစု။ ဆိုေတာ့ ကံကိုပံုၿပီးဆူးပံုမနင္းတာပဲေကာင္းတယ္လို႔ ေျဖခဲ့ပါတယ္။ 

ထို႔အျပင္ ခင္သဇင္က အြန္လိုင္းမွာ မိဘမဲ့ဘဝက ဘယ္ေလာက္ခံစားရလဲဆိုတာ အခုလိုမ်ိဳးေရးၿပီးတင္ခဲ့ပါေသးတယ္။  ခင္သဇင္ေရးခဲ့တာကေတာ့ 

” မိဘမဲ့ ဘဝက ခံစားရလြန္းလို့ … ကိုယ့္ တစ္သတ္ပဲ.. မိသားစု ဆိုတာႀကီးလည္း အရမ္းေၾကာက္တယ္.. ကိုယ့္စိတ္ေတြ အမ်ားအျမင္မွာ မာေက်ာ သေယာင္ ထင္ရေပမယ့္ တကယ့္ အတြင္းစိတ္က ေပ်ာ့ေပ်ာ့ေလးနဲ႔ ထိရွလြယ္တာ ကိုယ္လို ဘဝတူေတြ အသိဆုံး…

ဒါေပမယ့္လည္း တခ်ိဳ့ေသာ မိဘ ေတြက ခုထိ အတၱေတြ ႀကီးၾကတုန္း… ကေလးေတြရဲ့ ခံစားခ်က္ကို လုံးဝ ထည့္မတြက္…

ကိုယ့္ မွာသာ မိဘ အစုံအလင္ နဲ႔ ခုထိ ရွိတုန္းဆို.. အဲဒီ မိဘ ထဲက တစ္ေယာက္ ဘယ္ေလာက္ ဆိုးဆိုး သည္းခံ ၿပီး ေပါင္းေနတဲ့ အမိ ျဖစ္ျဖစ္ အဖ ျဖစ္ျဖစ္ကိုေရႊခ် ထားသင့္ပါတယ္..

ဘုရားထက္ကို ေက်းဇူးေတြ ပိုႀကီးမားပါတယ္ေနာ္.. ကိုယ္ေတြ မ်က္ႏွာေၾကာင့္ သူတို့ စိတ္ဆင္းရဲ ခံၿပီး ေပါင္းေပးေနၾကၿပီး တဘဝ လုံး ေပးဆပ္ေနတာမို့ သက္ရွိေနတဲ့ ဘုရား တစ္ဆူလို သေဘာထားၾကပါေနာ္ .. မိဘ ေက်းဇူးပါ .. 

ေနာက္တစ္ခု … ကြဲၿပီးတာေတာင္ ကိုယ့္ေတြ မ်က္ႏွာေၾကာင့္ ေနာက္ အိမ္ေထာင္ ထပ္မျပဳရင္လည္း ညတိုင္း ထိုင္ရွိခိုးပါေနာ္.. မိေထြး ပေထြး ရန္က ကာကြယိၿပီးသား ျဖစ္သြားလို့ပါ .. မိေထြးေတာ္ ေဂါတမီ ဆိုတာေလ ဘုရား လက္ထပ္မွာပဲ ရွိခဲ့တာပါ .. အနည္းနဲ႔ အမ်ားေတာ့ စိတ္ဓာတ္က မျပည့္က်တာ မ်ားပါတယ္.. 

ကိုယ့္ အေမ လက္ထဲက လုယူထားတဲ့ မိေထြးေတြက ေျပာစရာ ပိုလိုမယ္ မထင္ပါဘူးေနာ္.. ကိုယ့္ တဏွာေၾကာင့္ သူမ်ား မိသားစုေတြကို မဖ်က္စီးၾကပါနဲ႔ .. စံရလည္း ဒီဘဝပါပဲ .. ဒီလို ကေလးမ်ိဳးေတြရဲ့ က်ိန္စာက သူမ်ားေတြထပ္ ပိုနာက်ည္းေနနိုင္ပါတယ္ေနာ္.. ေၾကာက္တတ္ၾကပါ ..” လို႔ ရင္တြင္းခံစားခ်က္ေတြကို ဖြင့္ဟခဲ့ပါတယ္။ 

ပရိသတတ္ျကီးေရ ခင္သဇင္ရဲ႕ ရင္တြင္းခံစားခ်က္နဲ႔ အၾကံေပးတာေလးေတြကို ပရိသတ္ႀကီးလဲ ဖတ္ၿပီးၿပီထင္ပါတယ္။ ပရိသတ္ႀကီးလဲ ခင္သဇင္ရဲ႕ အျမင္နဲ႔ အၾကံေပးခ်က္ေတြအေပၚ သေဘာထားကြဲလြဲတာမ်ိဳးရွိရင္ ေဆြးေႏႊးခဲ့ေပးပါဦးေနာ္။ အားေပးဖတ္ရႈတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

Read in UNICODE

အနုပညာလမ်းကြောင်းပေါ်ကို လေယာဉ်မယ်ဘဝကနေ လျှောက်လှမ်းခဲ့တဲ့ သရုပ်ဆောင် ခင်သဇင်ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ လက်ရှိ သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်ပါဝင်နေပြီး အသက်ဝင်လွန်းတဲ့ အနုပညာစွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားသူဖြစ်ပါတယ်။

အိမ်ထောင်ရေး အဆင်မပြေတဲ့ အပေါ် ဘာများ ပြောချင်သလိုဆိုတဲ့ မေးခွန်းလေးကို ခင်သဇင်က ပြန်ဖြေခဲ့တာကို တင်ဆက်ပေးလိုက်ရပါတယ်။ 

ယခုလိုပဲ ခင်သဇင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ သဇင်က Broken Family ကလာတယ်နော်။ သဇင် လူမှန်းသိတတ်စအရွယ်ထဲက သဇင့် အဖေနဲ့အမေက အတူတူကို မရှိတော့ဘူး။ အဲ့တော့ သဇင့်ရဲ့ Memories တွေထဲမှာ အဖေနဲ့အမေကြားမှာ ထမင်းစားတာ၊ ခရီးသွားတာ၊ အိပ်တာ၊ TV ကြည့်တာ၊ ကားနဲ့သွားတာ ဘာမှမရှိဘူး။ 

သဇင်က မိဘမဲ့တစ်ယောက်လိုဘဲ ရှင်သန်လာတာ။ အဲ့တာကြောင့် သဇင်က Family ဆိုတာ ယုံကြည်မှုလုံးမရှိဘူး။ အဲ့တော့ Family တစ်ခုကို တည်ထောင်နိုင်တဲ့သူကိုတွေ့ရင် အရမ်းအားကျတယ်၊ ဒါပေမယ့် ကိုယ်ကိုတိုင်ကျတော့ အရမ်းကြောက်တယ်။ 

ကလေးတစ်ယောက်ကိုလဲ ဘယ်လိုမှမမွေးရဲဘူး။ ဘာလို့ မမွေးရဲလဲဆိုတော့ မိဘတွေကွဲကြတာက ခင်သဇင်ဆို တစ်ဘဝလုံးစာကြီး ခံစားခဲ့ရတာ လူစဉ်မမှီသလိုပဲသိလား မိဘမစုံတာ။ ဆိုတော့ ကိုယ်လို ကလေးမျိုးတွေ လောကကြီးထဲကို လုံးဝထပ်ပြီး မခေါ်ချင်ဘူး။ ကိုယ်လိုလူသားမျိုးတွေကို လောကကြီးထဲမှာ ထပ်ပြီးတော့ မရှိစေချင်ဘူး။ အဲ့တာကြောင့် သဇင် ကလေးလုံးဝ မမွေးရဲဘူး။ အရမ်းကြောက်တယ်။ ဒါပေမယ့် မွေးရဲတဲ့ မိန်းမတွေက မွေးရဲတယ်။ သူတို့ကိုတော့ အရမ်း ချီးကျူးတယ်။ ကလေးမွေးပြီးရင် သဇင်ကတော့ မကွဲစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်ကိုလဲပြောတယ် ဟဲ့ နင်တို့ကွဲမယ်ဆိုရင်လဲ စောစောစီးစီးကွဲ ကလေးမရခင်ကွဲ ကလေးရပြီးမှတော့ မကွဲနဲ့၊ နဲနဲပါးပါး သည်းခံလိုက်ပါလား။ ကိုကခံစားဖူးတော့လေ ပြောဖြစ်တယ်။ ဘယ်လိုမှမရတဲ့အဆုံး ကွဲသွားတယ်ဆိုတော့လဲ မတတ်နိုင်ဘူးပေါ့။ ဒါပေမယ့် စိတ်မြန်လက်မြန်တွေတော့ မလုပ်စေချင်ဘူး။ စိတ်မြန်လက်မြန်နဲ့ ကလေးမမွေးစေချင်ဘူး။ သဇင်ကတော့ အဲ့လိုပဲ အကြံပေးချင်တယ်တော့ ခင်သဇင်ကတော့ ဖြေဆိုခဲ့ပါတယ်။ 

ကိုယ်ကလဲတစ်နေ့ အိမ်ထောင်ပြုရမှာဆိုတော့ ကြောက်စိတ်ဝင်မိလား။

ခင်သဇင်ကတော့ အခုလိုပဲဖြေဆိုခဲ့ပါတယ်။ ဟုတ် ကြောက်တာပေါ့။ အရမ်းကိုကြောက်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့လေ လောကကြီးမှာ ကိုယ့်ကိုယ်ကို အားကိုးတာ အကောင်းဆုံးပဲ။ အားကိုးချင်လို့လဲ ကလေးမမွေးနဲ့၊ အားကိုးချင်လို့လဲ ယောကျာ်းမယူနဲ့။ ကိုယ့်ကိုယ်ကိုပဲ အားကိုး ပိုက်ဆံရှာ ပညာတတ်အောင်လုပ် ကျန်းမာအောင်လုပ်။ အသက်ကြီးလာရင် ကိုမကျန်းမာရင် ကိုယ်တိုင်ဆေးဖိုးပေးနိုင်အောင်လုပ်။ ဒီအရွယ်မှာ သောက်စားပျော်ပါးပြီးတော့ အချိန်မကုန်နဲ့။ ဒီလိုသန်တုန်း မြန်တုန်း အရွယ်မှာ ပိုက်ဆံရှာ။ ကိုယ့်ကိုယ်ကို နွားတစ်ကောင်လို ခိုင်း။ ပိုက်ဆံကို သေချာစု။ ဆိုတော့ ကံကိုပုံပြီးဆူးပုံမနင်းတာပဲကောင်းတယ်လို့ ဖြေခဲ့ပါတယ်။ 

ထို့အပြင် ခင်သဇင်က အွန်လိုင်းမှာ မိဘမဲ့ဘဝက ဘယ်လောက်ခံစားရလဲဆိုတာ အခုလိုမျိုးရေးပြီးတင်ခဲ့ပါသေးတယ်။  ခင်သဇင်ရေးခဲ့တာကတော့ 

” မိဘမဲ့ ဘဝက ခံစားရလွန်းလို့ … ကိုယ့် တစ်သတ်ပဲ.. မိသားစု ဆိုတာကြီးလည်း အရမ်းကြောက်တယ်.. ကိုယ့်စိတ်တွေ အများအမြင်မှာ မာကျော သယောင် ထင်ရပေမယ့် တကယ့် အတွင်းစိတ်က ပျော့ပျော့လေးနဲ့ ထိရှလွယ်တာ ကိုယ်လို ဘဝတူတွေ အသိဆုံး…

ဒါပေမယ့်လည်း တချို့သော မိဘ တွေက ခုထိ အတ္တတွေ ကြီးကြတုန်း… ကလေးတွေရဲ့ ခံစားချက်ကို လုံးဝ ထည့်မတွက်…

ကိုယ့် မှာသာ မိဘ အစုံအလင် နဲ့ ခုထိ ရှိတုန်းဆို.. အဲဒီ မိဘ ထဲက တစ်ယောက် ဘယ်လောက် ဆိုးဆိုး သည်းခံ ပြီး ပေါင်းနေတဲ့ အမိ ဖြစ်ဖြစ် အဖ ဖြစ်ဖြစ်ကိုရွှေချ ထားသင့်ပါတယ်..

ဘုရားထက်ကို ကျေးဇူးတွေ ပိုကြီးမားပါတယ်နော်.. ကိုယ်တွေ မျက်နှာကြောင့် သူတို့ စိတ်ဆင်းရဲ ခံပြီး ပေါင်းပေးနေကြပြီး တဘဝ လုံး ပေးဆပ်နေတာမို့ သက်ရှိနေတဲ့ ဘုရား တစ်ဆူလို သဘောထားကြပါနော် .. မိဘ ကျေးဇူးပါ .. 

နောက်တစ်ခု … ကွဲပြီးတာတောင် ကိုယ့်တွေ မျက်နှာကြောင့် နောက် အိမ်ထောင် ထပ်မပြုရင်လည်း ညတိုင်း ထိုင်ရှိခိုးပါနော်.. မိထွေး ပထွေး ရန်က ကာကွယိပြီးသား ဖြစ်သွားလို့ပါ .. မိထွေးတော် ဂေါတမီ ဆိုတာလေ ဘုရား လက်ထပ်မှာပဲ ရှိခဲ့တာပါ .. အနည်းနဲ့ အများတော့ စိတ်ဓာတ်က မပြည့်ကျတာ များပါတယ်.. 

ကိုယ့် အမေ လက်ထဲက လုယူထားတဲ့ မိထွေးတွေက ပြောစရာ ပိုလိုမယ် မထင်ပါဘူးနော်.. ကိုယ့် တဏှာကြောင့် သူများ မိသားစုတွေကို မဖျက်စီးကြပါနဲ့ .. စံရလည်း ဒီဘဝပါပဲ .. ဒီလို ကလေးမျိုးတွေရဲ့ ကျိန်စာက သူများတွေထပ် ပိုနာကျည်းနေနိုင်ပါတယ်နော်.. ကြောက်တတ်ကြပါ ..” လို့ ရင်တွင်းခံစားချက်တွေကို ဖွင့်ဟခဲ့ပါတယ်။ 

ပရိသတတ်ကြီးရေ ခင်သဇင်ရဲ့ ရင်တွင်းခံစားချက်နဲ့ အကြံပေးတာလေးတွေကို ပရိသတ်ကြီးလဲ ဖတ်ပြီးပြီထင်ပါတယ်။ ပရိသတ်ကြီးလဲ ခင်သဇင်ရဲ့ အမြင်နဲ့ အကြံပေးချက်တွေအပေါ် သဘောထားကွဲလွဲတာမျိုးရှိရင် ဆွေးနွှေးခဲ့ပေးပါဦးနော်။ အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Source : Khin Thazin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *