ကေလးေတြနဲ႔ ဂိမ္းအတူတူ ေဆာ့ရတာကို ေပ်ာ္ေနေၾကာင္း အားရပါးရ ေျပာျပခဲ့တဲ့ စိုးျမတ္သူဇာ

စိုးညီအစ္မေတြထဲက အႀကီးဆုံးျဖစ္သလို ညီမေလးေတြအတြက္ စံျပ အစ္မတစ္ေယာက္လည္းျဖစ္တဲ့ သ႐ုပ္ေဆာင္မင္းသမီးေခ်ာ စိုးျမတ္သူဇာကေတာ့ သ႐ုပ္ေဆာင္ေကာင္းသလို ခ်စ္စရာလည္း ေကာင္းလြန္းသူပါပဲေနာ္..။ က်ရာဇာတ္႐ုပ္ေတြကို ကြၽမ္းက်င္ပီျပင္ပိုင္ႏိုင္လြန္းၿပီး အကယ္ဒမီဆုေတြနဲ႔ ပရိသတ္ေတြရဲ႕အခ်စ္ေတြကိုပါ သိမ္းပိုက္ထားႏိုင္ခဲ့တဲ့ မႀကီးစိုးကေတာ့ စကားေျပာပြင့္လင္းတာေတြေၾကာင့္လည္း

အားလုံးက သေဘာက်အခ်စ္ပိုေနၾကရတာပါ..။ အခုတစ္ခါမွာလည္း ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ မႀကီးစိုးတစ္ေယာက္ကေတာ့ အလုပ္ အားလပ္ခ်ိန္ေလးေတြမွာ ဂိမ္းကို အၿမဲေဆာ့ျဖစ္ၿပီး ကေလးေတြနဲ႔အတူ ဂိမ္းေဆာ့ရတဲ့ ေပ်ာ္စရာအေၾကာင္းေလးေတြကို ေျပာျပလာပါတယ္ေနာ္..။ မိုးလင္းမိုးခ်ဳပ္ ဂိမ္းပဲေဆာ့ျဖစ္တာမို႔ အျခားသတင္းေတြကိုလည္း မသိလို႔ ညညဆိုရင္ ညီမျဖစ္သူ စိုးျမတ္နႏၵာကို

ျပန္ျပန္ေမးရတဲ့ အခြီေလးေတြနဲ႔အတူ စာေရးလိုက္ ဂိမ္းေဆာ့လိုက္နဲ႔ ေပ်ာ္စရာအခ်ိန္ေလးေတြကို ေျပာျပထားတာပါ..။ “ကေလးေတြကို မျမင္ရပါဘူး ဂိမ္းထဲမွာ ဒါေပမယ့္ ဦးေႏွာက္ကေတာ့ ရပ္ေနရတယ္လို႔ မရွိဘူး ဖုန္းေတြလည္း မကိုင္ျဖစ္ဘူး Messenger ေတြလည္း Delete ခံရတယ္ေပါ့ ဒါေပမယ့္ မႀကီးက အဲ့မွာ သာယာေနတယ္ အလုပ္လုပ္ေနရင္ေတာ့ အဲ့ေလာက္ႀကီး

မေဆာ့ႏိုင္ပါဘူး ဒါေပမယ့္ အခုခ်ိန္မွာေတာ့ မိုးလင္း မိုးခ်ဳပ္ ဂိမ္းပဲေဆာ့ျဖစ္တယ္ သတင္းေတြလည္း မသိေတာ့ ညညဆို စိုးျမတ္နႏၵာကို ္ ဒါဒါ ဘာထူးတုန္းဆိုၿပီး ျပန္ေမးရတယ္ အလုပ္ေတြပါးေနတဲ့အခ်ိန္မွာ စာေရးလိုက္ ဂိမ္းဝင္ကစားလိုက္နဲ႔ ဂိမ္းကစားတဲ့အခ်ိန္က ပိုမ်ားေနသစလိုပဲ ဂိမ္းထဲမွာ သူငယ္ခ်င္းေတြအမ်ားႀကီးရတယ္ အဲ့ကေလးေတြက မႀကီးတို႔အ႐ြယ္ကို

မသိေတာ့ဘူး ကေလးေတြက ခ်စ္ၾကတယ္ က်န္တဲ့ကိစၥေတြေတာ့ မႀကီးမသိဘူး ..” ဆိုၿပီး ေျပာျပထားတာပါ..။ကေလးေတြနဲ႔ တစ္ေန႔တစ္ေန႔ Hero ေတြကို ဘယ္လိုအႏိုင္ယူရမလဲ ဘာညာ ကစားတာကိုေတာ့ ဝါသနာမပါေပမယ့္ ပုံစံတစ္မ်ိဳးနဲ႔ ေဆာ့တာျဖစ္ၿပီး ဂိမ္းေဆာ့ရတာ အဆင္ေျပတဲ့ အေၾကာင္းေလးေတြကို အားပါးတရေျပာျပထားတဲ့ မႀကီးစိုးကိုလည္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

Read in UNICODE

စိုးညီအစ်မတွေထဲက အကြီးဆုံးဖြစ်သလို ညီမလေးတွေအတွက် စံပြ အစ်မတစ်ယောက်လည်းဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချော စိုးမြတ်သူဇာကတော့ သရုပ်ဆောင်ကောင်းသလို ချစ်စရာလည်း ကောင်းလွန်းသူပါပဲနော်..။ ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပီပြင်ပိုင်နိုင်လွန်းပြီး အကယ်ဒမီဆုတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုပါ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မကြီးစိုးကတော့ စကားပြောပွင့်လင်းတာတွေကြောင့်လည်း

အားလုံးက သဘောကျအချစ်ပိုနေကြရတာပါ..။ အခုတစ်ခါမှာလည်း ပရိသတ်တွေရဲ့အချစ်တော် မကြီးစိုးတစ်ယောက်ကတော့ အလုပ် အားလပ်ချိန်လေးတွေမှာ ဂိမ်းကို အမြဲဆော့ဖြစ်ပြီး ကလေးတွေနဲ့အတူ ဂိမ်းဆော့ရတဲ့ ပျော်စရာအကြောင်းလေးတွေကို ပြောပြလာပါတယ်နော်..။ မိုးလင်းမိုးချုပ် ဂိမ်းပဲဆော့ဖြစ်တာမို့ အခြားသတင်းတွေကိုလည်း မသိလို့ ညညဆိုရင် ညီမဖြစ်သူ စိုးမြတ်နန္ဒာကို

ပြန်ပြန်မေးရတဲ့ အခွီလေးတွေနဲ့အတူ စာရေးလိုက် ဂိမ်းဆော့လိုက်နဲ့ ပျော်စရာအချိန်လေးတွေကို ပြောပြထားတာပါ..။ “ကလေးတွေကို မမြင်ရပါဘူး ဂိမ်းထဲမှာ ဒါပေမယ့် ဦးနှောက်ကတော့ ရပ်နေရတယ်လို့ မရှိဘူး ဖုန်းတွေလည်း မကိုင်ဖြစ်ဘူး Messenger တွေလည်း Delete ခံရတယ်ပေါ့ ဒါပေမယ့် မကြီးက အဲ့မှာ သာယာနေတယ် အလုပ်လုပ်နေရင်တော့ အဲ့လောက်ကြီး

မဆော့နိုင်ပါဘူး ဒါပေမယ့် အခုချိန်မှာတော့ မိုးလင်း မိုးချုပ် ဂိမ်းပဲဆော့ဖြစ်တယ် သတင်းတွေလည်း မသိတော့ ညညဆို စိုးမြတ်နန္ဒာကို ် ဒါဒါ ဘာထူးတုန်းဆိုပြီး ပြန်မေးရတယ် အလုပ်တွေပါးနေတဲ့အချိန်မှာ စာရေးလိုက် ဂိမ်းဝင်ကစားလိုက်နဲ့ ဂိမ်းကစားတဲ့အချိန်က ပိုများနေသစလိုပဲ ဂိမ်းထဲမှာ သူငယ်ချင်းတွေအများကြီးရတယ် အဲ့ကလေးတွေက မကြီးတို့အရွယ်ကို

မသိတော့ဘူး ကလေးတွေက ချစ်ကြတယ် ကျန်တဲ့ကိစ္စတွေတော့ မကြီးမသိဘူး ..” ဆိုပြီး ပြောပြထားတာပါ..။ကလေးတွေနဲ့ တစ်နေ့တစ်နေ့ Hero တွေကို ဘယ်လိုအနိုင်ယူရမလဲ ဘာညာ ကစားတာကိုတော့ ဝါသနာမပါပေမယ့် ပုံစံတစ်မျိုးနဲ့ ဆော့တာဖြစ်ပြီး ဂိမ်းဆော့ရတာ အဆင်ပြေတဲ့ အကြောင်းလေးတွေကို အားပါးတရပြောပြထားတဲ့ မကြီးစိုးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Source : Soemyat Thuzar’s Facebook

Add a Comment

Your email address will not be published. Required fields are marked *