ရွှေလိပ်မင်းဘုရား ရတနာအုတ်မြစ်ချရာမှာ ကိုယ်တိုင် ပါဝင်ကူညီ ကုသိုလ်ယူခဲ့တဲ့ ဦးကျော်သူ
Read in UNICODE
ပရိသတ်တွေကြားမှာ တစ်ခေတ်တစ်ခါက အရမ်းကို ရေပန်းစား နာမည်ကြီးခဲ့သူကတော့ ဝါရင့်သရုပ်ဆောင် မင်းသား ကျော်သူပဲ ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေများစွာကတည်းက ရုပ်ရှင်ဇာတ်ကားကြီးများ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေကလည်း သူ့ရဲ့ ဒီဇိုင်းအတိုင်း တူအောင်လိုက်ဝတ်ကြတဲ့အထိကို နိုင်ငံကျော်မင်းသားတစ်လက်ဖြစ်ခဲ့တာပဲ
ဖြစ်ပါတယ်။ ကျော်သူဟာ အနုပညာအလုပ်တွေသာမကဘဲ ပရဟိတအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး ” နာရေးကူညီမှုအသင်း ” ကိုလည်း တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။ကျော်သူဟာ လက်ရှိမှာလည်း ဘာသာရေးကို အချိန်ပေးလုပ်နေပြီး မကြာခဏဆိုသလို အဓိဌာန်ဝင်လေ့ရှိတာလည်း ဖြစ်ပါတယ်။ လူတိုင်းအပေါ်မှာ
စိတ်ကောင်းစေတနာထားတတ်တာတွေကြောင့် ပရိသတ်တွေကပါ ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ရွှေလိပ်မင်းဘုရား စတင်တည်ထားခြင်း
ရတနာအုတ်မြစ်ချအခမ်းအနားမှာ ကိုယ်တိုင်ပါဝင်ကုသိုလ်ယူခဲ့တဲ့ ကျော်သူရဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ” ရွှေလိပ်မင်းဘုရား” အုတ်မြစ်ချအောင်ပွဲခံ ခဲ့ပါပြီ။ယနေ့နံနက်(၁၀:၃၀)နာရီအချိန်တွင် ပြည်မြို့တစ်ဖက်ကမ်းရှိ” ပရဟိတအောင်တော်မူဘုရား” ကုန်းတော်ပေါ်တွင် “ဆုတောင်းပြည့် ရွှေလိပ်မင်းဘုရား” စတင်တည်ထားခြင်း
ရတနာအုတ်မြစ်ချ အခမ်းအနားအား ထွန်းကိုကို၊ဇွဲလရောင်၊စွမ်းထက်၊မောင်မောင်နှင့်ကျွန်တော် ကျော်သူတို့မှ ကြည်သာအေးမြဆရာတော်ကြီးဦးဆောင်၍ ကျင်းပခဲ့ရာ အောင်မြင်စွာပြီးစီးခဲ့ပြီဖြစ်သည်။ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source : Kyaw Thu’s Facebook
Add a Comment
Your email address will not be published. Required fields are marked *