စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့တဲ့ ထီသည်ဆီကနေ ထီဆုကြီး(၂)ခုတောင် ကံထူးခဲ့တဲ့ ဒိန်းဒေါင်





Read in UNICODE

ဒိန်းဒေါင်တစ်ယောက် ဘဝတူ လူရွှင်တော်တွေကို လှူတန်းမှုတွေပြုလုပ်ပေးခဲ့ပြီး သက်ကြီးလူရွှင်တော်တွေရဲ့ဘဝကို စာနာသော အားဖြင့် ဇာတ်လမ်းလေးတစ်ပုဒ်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်လမ်းရိုက်ကူးပြီး ကားဆက်နေတဲ့ အချိန်မှာပဲ ထီသည်တစ်ယောက်ရဲ့ကျယ်လောင်တဲ့

သီချင်းသံကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။ ဒီအသံကို တိုးပေးဖို့အတွက် ထီသည်ဆီသွားတဲ့အခါမှာ ထီသည်က လေဖြတ်နေတဲ့ရောဂါသည် တစ်ယောက်ဖြစ်တာကြောင့် သနားပြီးထီနှစ်စောင် အားပေးခဲ့ရာမှ ငါးသောင်းဆုနှစ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ စေတနာအကျိုးပေးတယ်လို့

ပဲပြောရတော့မှာပေါ့ ပရိသတ်ကြီးရေ။ပျော်စရာအဖြစ်အပျက်လေးကို ” စေတနာရဲ့အကျိုးပေးသက်ရောက်မှု သက်ကြီးလူရွှင်တော် ကြီးတွေရဲ့ ဇာတ်လမ်းလေးကို ရိုက်ပြီးကားဆက်နေတဲ့ အချိန်မှာ ထီသည်ကဟွန်းလေးနဲ့ သီချင်းဖွင့်နေတုန်း

အသံကျယ်လို့ သွားပြီးတိုးခိုင်းတာ အနားရောက်မှလေဖြတ်နေတဲ့ ရောဂါသည်တစ်ယောက်ဖြစ် နေမှန်းသိလို့ သနားပြီးထီနှစ်စောင် ငါးထောင်ဖိုးထိုးလိုက်တယ် ငါးသောင်းဆုနှစ်ဆုပေါက်တယ် ဘယ်လောက်ဖြစ်ဖြစ်ပေါက်ဖူးပြီ ” ဆိုပြီးပြောပြခဲ့ပါ တယ်။

Source : Dain Daung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *