လူတိုင္းႀကိဳက္ေပမယ့္ လူသိနည္းတဲ့ ဟင္းႏုႏြယ္ရဲ႕ က်န္းမာေရးေကာင္းက်ိဳးမ်ား

အာဟာရဓာတ္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ဟင္းႏုႏြယ္ ဆိုတာကေတာ့ အစိမ္းေရာင္အ႐ြက္တစ္မ်ိဳးပါ။ ဟင္းႏုႏြယ္ကိုဆိုရင္ မ်ိဳးစုံျပဳလုပ္စားေသာက္ၾကသလို ေဖ်ာ္ရည္နဲ႔ မုန္႔အေနနဲ႔လဲ ျပဳလုပ္လို႔ရပါတယ္။ ဟင္းႏုႏြယ္႐ြက္မွာ vitamins – A, C, K နဲ႔ မဂၢနီဆီယမ္၊ သံဓာတ္နဲ႔ မန္းဂနိစ္တို႔ ႂကြယ္ဝစြာ ပါဝင္ေနပါတယ္။ ဒီ အစိမ္းေရာင္အ႐ြက္ကို စားေပးတာေၾကာင့္ မ်က္လုံးအားေကာင္းေစၿပီး စိတ္ဖိစီးမႈေတြကို ေျဖေလ်ာ့ေပးႏိုင္ကာ ေသြးေပါင္ခ်ိန္လဲ က်ေစႏိုင္တဲ့ က်န္းမာေရးအက်ိဳးေတြ ရရွိႏိုင္ပါတယ္။ ဟင္းႏုႏြယ္ကို ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ ေန႔စဥ္ ထည့္စားေပးဖို႔ လိုအပ္ပါတယ္။ ဒါဆို ဟင္းႏုႏြယ္႐ြက္ရဲ႕ ေကာင္းက်ိဳးေလးေတြကို ေလ့လာၾကည့္ၾကရေအာင္ေနာ္။

အားအင္ျပည့္ဝေစျခင္း – ေန႔စဥ္ ခႏၲာကိုယ္အတြက္ လိုအပ္တဲ့ အားအင္ေတြကို ရရွိေစဖို႔ လိုအပ္တဲ့ မဂၢနီဆီယမ္ပမာဏကိုလဲ ဟင္းႏုႏြယ္႐ြက္က ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဟင္ူႏုႏြယ္းြက္က အစာေတြကို စြမ္းအင္အျဖစ္ ေျပာင္းလဲရာမွာ လိုအပ္တဲ့ အာဟာရဓာတ္ folate အရင္းျမစ္လဲ ျဖစ္ပါေသးတယ္။ ခႏၲာကိုယ္ကို အားျပည့္ေစတဲ့ alkaline ႂကြယ္ဝတဲ့ အသီးအ႐ြက္ဆိုရင္ေတာ့ ဟင္းႏုႏြယ္႐ြက္ကို သတိရလိုက္ပါ။

ႏွလုံးက်န္းမာေရးအားေကာင္းေစျခင္း – ဟင္းႏုႏြယ္႐ြက္မွာပါတဲ့ vitamin – C က အေရးေၾကာင္းေတြကို ေလ်ာ့ပါးေစၿပီး မ်က္စိေရာဂါမ်ား၊ ေမြးရာပါက်န္းမာေရးျပႆနာမ်ားနဲ႔ ႏွလုံးေသြးေၾကာေရာဂါမ်ား မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ Lutein လဲ ပါဝင္ေနလို႔ ေသြးလႊတ္ေၾကာနံရံေတြ ထူပိန္းျခင္းမွ တားဆီးေပးတာေၾကာင့္ ႏွလုံး႐ုတ္တရက္ေဖာက္ျပန္ျခင္းအႏၲရာယ္မ်ားမွ ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ၿပီးေတာ့ Nitrite ပါရွိတာေၾကာင့္ ႏွလုံး႐ုတ္တရက္ေဖာက္ျပန္ျခင္းမွ ကာကြယ္ေပး႐ုံသာမကပဲ အဝလြန္ျခင္းေၾကာင့္ျဖစ္တဲ့ ႏွလုံးေရာဂါေဝဒနာမ်ားကိုလဲ ကုသေပးပါေသးတယ္။

ဘတ္တီးရီးယားနဲ႔ဗိုင္းရပ္စ္မ်ားကိုတိုက္ထုတ္ေပးျခင္း – အသားအရည္နဲ႔ ခႏၲာကိုယ္တြင္း အေျမႇးပါးမ်ားမွ ဘက္တီးရီးယားနဲ႔ ဗိုင္းရပ္မ်ားကို တိုက္ထုတ္ရာမွာ အားေကာင္းေစတဲ့ vitamin – A လဲ ဟင္းႏုႏြယ္မွာ မ်ားစြာပါဝင္ပါတယ္။ Vitamin – A ကို ဆံသားအားျဖည့္ရာမွာ အေရးႀကီးတဲ့ sebum ထုတ္လုပ္ရာမွာလဲ လိုအပ္ပါတယ္။ ဒါတင္မကေသးပဲ Vitamin -A က ခႏၲာကိုယ္မွာ တစ္သွ်ဴးမ်ားႀကီးထြားမႈ ( အထူးသျဖင့္ ဆံပင္နဲ႔ ေျခသည္းလက္သည္းမ်ား ) ကို ေကာင္းမြန္ေစပါတယ္။ ဒါေၾကာင့္ အစိမ္းေရာင္အ႐ြက္မ်ားမ်ားစားေပးတာက ဆံပင္ကြၽတ္သက္သာေစၿပီး ေရာဂါပိုးဝင္ျခင္းမွလဲ ကာကြယ္ေပးႏိုင္ပါတယ္။

အျမင္အာ႐ုံနဲ႔ကိုယ္ခံအားစနစ္တိုးျမႇင့္ေပးျခင္း – အျမင္အာ႐ုံနဲ႔ ကိုယ္ခံအားစနစ္ ျမႇင့္တင္ရာမွာ လိုအပ္တဲ့ beta-carotene, zeaxanthin နဲ႔ chlorophyll တို႔ အားလုံး ဟင္းႏုႏြယ္မွာ ပါဝင္ေနပါတယ္။ Lutein နဲ႔ zeaxanthin တို႔က မ်က္ေၾကာလႊာရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ macula မွာ သိုေလွာင္ထားၿပီး ေနမွထြက္တဲ့ အလင္းေရာင္မ်ားကို ကာကြယ္ေပးႏိုင္တဲ့ သဘာဝေနေလာင္ကာပစၥည္း ျဖစ္ပါတယ္။ မ်က္စိအျမင္အာ႐ုံခ်ိဳ႕ယြင္းပ်က္စီးျခင္း ေဝဒနာမ်ားကိုလဲ ကာကြယ္ေပးႏိုင္လို႔ အစိမ္းေရာင္အ႐ြက္ မ်ားမ်ားစားေပးဖို႔ လိုအပ္ပါတယ္။

အ႐ိုးေတြကိုသန္မာေစျခင္း – ဟင္းႏုႏြယ္႐ြက္မွာ အ႐ိုးအတြက္ လိုအပ္တဲ့ calcium ကို ထိန္းသိမ္းေပးတဲ့ Osteocalc ဆိုတဲ့ ပ႐ိုတင္းထုတ္လုပ္ရာမွာ ေထာက္ပံ့ေပးႏိုင္တဲ့ vitamin -K ေပါမ်ားစြာ ပါဝင္ေနပါတယ္။ ဟင္းႏုႏြယ္႐ြက္က vitamin – K ႂကြယ္ဝ႐ုံတင္မကပဲ အ႐ိုးက်န္းမာဖို႔ အေရးပါတဲ့ calcium, vitamin -D, vitamin – C, ပိုတက္ဆီယမ္၊ အမွ်င္ဓာတ္နဲ႔ မန္းဂနိစ္ အရင္းျမစ္လဲညျဖစ္ပါတယ္။ ဒါဆို ဟင္းႏုႏြယ္ရဲ႕ ေကာင္းက်ိဳးေလးေတြကို သိၿပီထင္ပါတယ္ေနာ္။

Read in UNICODE

အာဟာရဓာတ်တွေနဲ့ ပြည့်နှက်နေတဲ့ ဟင်းနုနွယ် ဆိုတာကတော့ အစိမ်းရောင်အရွက်တစ်မျိုးပါ။ ဟင်းနုနွယ်ကိုဆိုရင် မျိုးစုံပြုလုပ်စားသောက်ကြသလို ဖျော်ရည်နဲ့ မုန့်အနေနဲ့လဲ ပြုလုပ်လို့ရပါတယ်။ ဟင်းနုနွယ်ရွက်မှာ vitamins – A, C, K နဲ့ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ မန်းဂနိစ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီ အစိမ်းရောင်အရွက်ကို စားပေးတာကြောင့် မျက်လုံးအားကောင်းစေပြီး စိတ်ဖိစီးမှုတွေကို ဖြေလျော့ပေးနိုင်ကာ သွေးပေါင်ချိန်လဲ ကျစေနိုင်တဲ့ ကျန်းမာရေးအကျိုးတွေ ရရှိနိုင်ပါတယ်။ ဟင်းနုနွယ်ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နေ့စဉ် ထည့်စားပေးဖို့ လိုအပ်ပါတယ်။ ဒါဆို ဟင်းနုနွယ်ရွက်ရဲ့ ကောင်းကျိုးလေးတွေကို လေ့လာကြည့်ကြရအောင်နော်။

အားအင်ပြည့်ဝစေခြင်း – နေ့စဉ် ခန္တာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို ရရှိစေဖို့ လိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏကိုလဲ ဟင်းနုနွယ်ရွက်က ထောက်ပံ့ပေးနိုင်ပါတယ်။ ဟင်ူနုနွယ်းွက်က အစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲရာမှာ လိုအပ်တဲ့ အာဟာရဓာတ် folate အရင်းမြစ်လဲ ဖြစ်ပါသေးတယ်။ ခန္တာကိုယ်ကို အားပြည့်စေတဲ့ alkaline ကြွယ်ဝတဲ့ အသီးအရွက်ဆိုရင်တော့ ဟင်းနုနွယ်ရွက်ကို သတိရလိုက်ပါ။

နှလုံးကျန်းမာရေးအားကောင်းစေခြင်း – ဟင်းနုနွယ်ရွက်မှာပါတဲ့ vitamin – C က အရေးကြောင်းတွေကို လျော့ပါးစေပြီး မျက်စိရောဂါများ၊ မွေးရာပါကျန်းမာရေးပြဿနာများနဲ့ နှလုံးသွေးကြောရောဂါများ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ Lutein လဲ ပါဝင်နေလို့ သွေးလွှတ်ကြောနံရံတွေ ထူပိန်းခြင်းမှ တားဆီးပေးတာကြောင့် နှလုံးရုတ်တရက်ဖောက်ပြန်ခြင်းအန္တရာယ်များမှ လျော့ချပေးနိုင်ပါတယ်။ ပြီးတော့ Nitrite ပါရှိတာကြောင့် နှလုံးရုတ်တရက်ဖောက်ပြန်ခြင်းမှ ကာကွယ်ပေးရုံသာမကပဲ အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ နှလုံးရောဂါဝေဒနာများကိုလဲ ကုသပေးပါသေးတယ်။

ဘတ်တီးရီးယားနဲ့ဗိုင်းရပ်စ်များကိုတိုက်ထုတ်ပေးခြင်း – အသားအရည်နဲ့ ခန္တာကိုယ်တွင်း အမြှေးပါးများမှ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်များကို တိုက်ထုတ်ရာမှာ အားကောင်းစေတဲ့ vitamin – A လဲ ဟင်းနုနွယ်မှာ များစွာပါဝင်ပါတယ်။ Vitamin – A ကို ဆံသားအားဖြည့်ရာမှာ အရေးကြီးတဲ့ sebum ထုတ်လုပ်ရာမှာလဲ လိုအပ်ပါတယ်။ ဒါတင်မကသေးပဲ Vitamin -A က ခန္တာကိုယ်မှာ တစ်သျှူးများကြီးထွားမှု ( အထူးသဖြင့် ဆံပင်နဲ့ ခြေသည်းလက်သည်းများ ) ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် အစိမ်းရောင်အရွက်များများစားပေးတာက ဆံပင်ကျွတ်သက်သာစေပြီး ရောဂါပိုးဝင်ခြင်းမှလဲ ကာကွယ်ပေးနိုင်ပါတယ်။

အမြင်အာရုံနဲ့ကိုယ်ခံအားစနစ်တိုးမြှင့်ပေးခြင်း – အမြင်အာရုံနဲ့ ကိုယ်ခံအားစနစ် မြှင့်တင်ရာမှာ လိုအပ်တဲ့ beta-carotene, zeaxanthin နဲ့ chlorophyll တို့ အားလုံး ဟင်းနုနွယ်မှာ ပါဝင်နေပါတယ်။ Lutein နဲ့ zeaxanthin တို့က မျက်ကြောလွှာရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ macula မှာ သိုလှောင်ထားပြီး နေမှထွက်တဲ့ အလင်းရောင်များကို ကာကွယ်ပေးနိုင်တဲ့ သဘာဝနေလောင်ကာပစ္စည်း ဖြစ်ပါတယ်။ မျက်စိအမြင်အာရုံချို့ယွင်းပျက်စီးခြင်း ဝေဒနာများကိုလဲ ကာကွယ်ပေးနိုင်လို့ အစိမ်းရောင်အရွက် များများစားပေးဖို့ လိုအပ်ပါတယ်။

အရိုးတွေကိုသန်မာစေခြင်း – ဟင်းနုနွယ်ရွက်မှာ အရိုးအတွက် လိုအပ်တဲ့ calcium ကို ထိန်းသိမ်းပေးတဲ့ Osteocalc ဆိုတဲ့ ပရိုတင်းထုတ်လုပ်ရာမှာ ထောက်ပံ့ပေးနိုင်တဲ့ vitamin -K ပေါများစွာ ပါဝင်နေပါတယ်။ ဟင်းနုနွယ်ရွက်က vitamin – K ကြွယ်ဝရုံတင်မကပဲ အရိုးကျန်းမာဖို့ အရေးပါတဲ့ calcium, vitamin -D, vitamin – C, ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ မန်းဂနိစ် အရင်းမြစ်လဲညဖြစ်ပါတယ်။ ဒါဆို ဟင်းနုနွယ်ရဲ့ ကောင်းကျိုးလေးတွေကို သိပြီထင်ပါတယ်နော်။

Source : CupOfMon

Add a Comment

Your email address will not be published. Required fields are marked *