သိန္းတစ္ေသာင္းခြဲထီဆုႀကီးကို သူ႔ရဲ႕အမာခံပရိသတ္တစ္ဦး ဆြတ္ခူးခဲ့တာေၾကာင့္ ေပ်ာ္ေနရတဲ့ G Fatt
|လစဥ္လတိုင္းျမန္မာျပည္သူျပည္သားေတြ ေမွ်ာ္လင့္ေနရတဲ့ ေအာင္ဘာေလထီကေတာ့ ဒီေန႔မွာ (၁၉) ႀကိမ္ေျမာက္ ဖြင့္လွစ္ခဲ့ၿပီျဖစ္ၿပီး ဒီတစ္ေခါက္မွာလည္း ရန္ကုန္ကပဲ ထပ္မံဆြတ္ခူးခဲ့ျပန္ပါတယ္။ မရမ္းကုန္းၿမိဳ႕နယ္ရွိ သရက္ၿမိဳင္ရဲရိပ္သာမွ မယမင္းစံက ဆြတ္ခူးခဲ့တာျဖစ္ၿပီး

သူကေတာ့ အဆိုေတာ္ G-Fatt ရဲ႕ Fan Girl စစ္စစ္တစ္ေယာက္ျဖစ္တာမို႔ G-Fatt ကေတာ့ ဝမ္းသာစြာမွ်ေဝခဲ့ပါတယ္။ “Wow Wow Wow …. ဒီလရဲ႕ ထီ သိန္းတစ္ေသာင္းခြဲ ဆုရွင္ဟာ .. ကြၽန္ေတာ့္ WLGF ထဲကလို႔သိရပါတယ္… အရမ္းေပ်ာ္ အရမ္းဂုဏ္ယူပါတယ္


ဗ်ာ .. ေသြးမေတာ္သားမစပ္ ကြၽန္ေတာ္ေတာင္ ဒီေလာက္ေပ်ာ္ေနရင္ ကာယံကံရွင္ မိသားစုဆို ဘယ္ေလာက္ေတာင္ ေပ်ာ္ေနမလဲဗ်ာ .. ကုသိုလ္ေကာင္းမႈေတြ အမ်ားႀကီး လုပ္ႏိုင္ၿပီး မိဘကိုလိုေလးေသးမရွိ ထားႏိုင္ပါေစကြယ္… ကိုႀကီးကိုလည္း အမ်ားႀကီးခ်စ္ႏိုင္ပါေစ .. ကဲေနာက္လ သိန္းတစ္ေသာင္းခြဲဆုရွင္က Fan ေတြထဲကပဲ ထပ္ျဖစ္မလား .. ကြၽန္ေတာ္ကိုယ္တိုင္ပဲ

ျဖစ္မလား ရင္ခုန္ေနပါၿပီ” ဆိုၿပီး သူ႔ရဲ႕ပရိသတ္ေလးနဲ႔ ႐ိုက္ကူးထားတဲ့ပုံတခ်ိဳ႕နဲ႔အတူ မွ်ေဝခဲ့ပါတယ္။ မယမင္းစံကေတာ့ G-Fatt ကို အမွန္အကန္အားေပးသူတစ္ေယာက္ဆိုတာ ပုံေလးေတြၾကည့္ၿပီးသိႏိုင္မွာပါ ပရိသတ္ႀကီးေရ…G-Fatt ကေတာ့ သူ႔ရဲ႕အမာခံပရိသတ္တစ္ေယာက္ အျမင့္ဆုံးထီဆုႀကီးဆြတ္ခူးခဲ့တာေၾကာင့္ ဝမ္းသာဂုဏ္ယူစြာ မွ်ေဝေပးခဲ့တာပဲျဖစ္ပါတယ္။
Read in UNICODE
လစဉ်လတိုင်းမြန်မာပြည်သူပြည်သားတွေ မျှော်လင့်နေရတဲ့ အောင်ဘာလေထီကတော့ ဒီနေ့မှာ (၁၉) ကြိမ်မြောက် ဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း ရန်ကုန်ကပဲ ထပ်မံဆွတ်ခူးခဲ့ပြန်ပါတယ်။ မရမ်းကုန်းမြို့နယ်ရှိ သရက်မြိုင်ရဲရိပ်သာမှ မယမင်းစံက ဆွတ်ခူးခဲ့တာဖြစ်ပြီး

သူကတော့ အဆိုတော် G-Fatt ရဲ့ Fan Girl စစ်စစ်တစ်ယောက်ဖြစ်တာမို့ G-Fatt ကတော့ ဝမ်းသာစွာမျှဝေခဲ့ပါတယ်။ “Wow Wow Wow …. ဒီလရဲ့ ထီ သိန်းတစ်သောင်းခွဲ ဆုရှင်ဟာ .. ကျွန်တော့် WLGF ထဲကလို့သိရပါတယ်… အရမ်းပျော် အရမ်းဂုဏ်ယူပါတယ်


ဗျာ .. သွေးမတော်သားမစပ် ကျွန်တော်တောင် ဒီလောက်ပျော်နေရင် ကာယံကံရှင် မိသားစုဆို ဘယ်လောက်တောင် ပျော်နေမလဲဗျာ .. ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်နိုင်ပြီး မိဘကိုလိုလေးသေးမရှိ ထားနိုင်ပါစေကွယ်… ကိုကြီးကိုလည်း အများကြီးချစ်နိုင်ပါစေ .. ကဲနောက်လ သိန်းတစ်သောင်းခွဲဆုရှင်က Fan တွေထဲကပဲ ထပ်ဖြစ်မလား .. ကျွန်တော်ကိုယ်တိုင်ပဲ

ဖြစ်မလား ရင်ခုန်နေပါပြီ” ဆိုပြီး သူ့ရဲ့ပရိသတ်လေးနဲ့ ရိုက်ကူးထားတဲ့ပုံတချို့နဲ့အတူ မျှဝေခဲ့ပါတယ်။ မယမင်းစံကတော့ G-Fatt ကို အမှန်အကန်အားပေးသူတစ်ယောက်ဆိုတာ ပုံလေးတွေကြည့်ပြီးသိနိုင်မှာပါ ပရိသတ်ကြီးရေ…G-Fatt ကတော့ သူ့ရဲ့အမာခံပရိသတ်တစ်ယောက် အမြင့်ဆုံးထီဆုကြီးဆွတ်ခူးခဲ့တာကြောင့် ဝမ်းသာဂုဏ်ယူစွာ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။
Source : G Fatt