မွေးနေ့အကြိုလက်ဆောင်တွေကို မွေးလရဲ့ ပထမဆုံးရက်မှာပဲ ပရိသတ်တွေဆီကရရှိခဲ့တဲ့ နေတိုး





Read in UNICODE

နေတိုးကတော့ ငယ်စဉ်ကတည်းက အနုပညာကို ရူးရူးသွပ်သွပ် ဝါသနာပါခဲ့သူတစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိတိုင် အနုပညာအလုပ်တွေကို စွဲစွဲမြဲမြဲလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာတော့ “မိုးညအိပ်မက်မြူ”၊ “နက္ခတ်မှားတဲ့တိုက်ပွဲ”၊ “တာတေကြီး” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့

အကယ်ဒမီဆုကြီးသုံးဆုကို လက်ဝယ်ပိုင်ဆိုင်ထားပြီး Story Board ဆိုတဲ့ ရုပ်ရှင်စတူဒီယိုကြီးတစ်ခုကို တည်ဆောက်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မကြာခင် စက်တင်ဘာလ (၉) ရက်နေ့မှာတော့ နေတိုးရဲ့ အသက် (၃၉) နှစ်ပြည့် မွေးနေ့ကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့ မွေးနေ့မရောက်ရှိခင်

မွေးလ စက်တင်ဘာလအစမှာတင် သူ့ရဲ့ ပရိသတ်တွေဆီက မွေးနေ့လက်ဆောင်လေးတွေကို ရရှိနေပြီပဲ ဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့ ပရိသတ်တွေပေးတဲ့ မုန့်လေးတွေကို သဘောကျစွာနဲ့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ My Day မှာ မျှဝေပေးထားတာကို အခုလိုပဲ တွေ့ရပါတယ်။ နေတိုးကတော့ တစ်နိုင်ငံလုံး

အတိုင်းအတာနဲ့ အောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်လက်ပီပီ နှစ်စဉ်နှစ်တိုင်းလိုလို မွေးနေ့လက်ဆောင်အများအပြားကို ရရှိလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မကြာခင်ကျရောက်မယ့် နေတိုးရဲ့ မွေးနေ့အတွက် ဆုမွန်ကောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Nay Toe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *