ကိုယ်ဝန်ဆောင်ချိန်မှာ စားချင်စိတ် အရမ်များနေတဲ့ ပြောင်းဖူးတွေကို အားရပါးရ စားပြခဲ့တဲ့ အိအိတုန်
Read in UNICODE
အနုပညာလောကမှာ ဇာတ်ပို့တစ်ယောက်အနေနဲ့ အချိန်အတော်ကြာ ရပ်တည်နေတဲ့ အိအိတုန်ကတော့ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ တိကျပိုင်နိုင်စွာ သရုပ်ဆောင်တတ်တာကြောင့် အောင်မြင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အိအိတုန်က
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း အပြည့်အဝရရှိထားတဲ့ သူလေးပါနော်။ သူမက အများက အားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကိုလည်း မွေးဖွားထားပါသေးတယ်….။ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ဈေးရောင်းနေခဲ့တဲ့ သူမကတော့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့
သမီးလေးရဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် သူမရဲ့ ဝမ်းဗိုက်ထဲမှာလည်း ရင်သွေးလေးတစ်ယောက်ကို လွယ်ထားရကြောင်း ပရိသတ်တွေကို မကြာသေးမီအချိန်က အသိပေးထားပါသေးတယ်။ အိအိတုန်က
မကြာခဏဆိုသလို လူမှုကွန်ယက် စာမျက်နှာထက်မှာ သူမရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းကို တင်ပေးလေ့ရှိသူပဲ ဖြစ်ပါတယ် …….။ယနေ့မှာတော့ အိအိတုန်က ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစပ်ပြန့်ပွားနေတဲ့ ကိစ္စလေးတွေကြောင့် အိမ်မှာပဲ နားနားနေနေ နေထိုင်နေပြီး လွမ်းနေတဲ့ ပရိသတ်တွေနဲ့ စကားပြောရင်း
Liveလွှင့်နေခဲ့တာလည်း ဖြစ်ပါတယ်။ အိအိတုန်က ကိုယ်ဝန်ကြောင့် သွေးသားတောင်းဆိုနေတဲ့ လေးတန်းပြောင်းဖူးလေးတွေကို အားရပါးရ စားရင်း ပရိသတ်တွေရဲ့ မေးခွန်းလေးတွေကိုလည်း ပြန်လည်ဖြေကြားနေတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု့စေနိုင်ရန်အတွက် အဆိုပါဗီဒီယိုဖိုင်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။
Source : Ei Tone’s Faebook
Add a Comment
Your email address will not be published. Required fields are marked *