သက်ကြီးရွယ်အို ဟာသလူရွှင်တော်များအတွက် ကျန်းမာရေးစောင့်ရှောက်ရန် ထောက်ပံ့ငွေများ မဲနှိုက်ပြီး လှူဒါန်းပေးခဲ့တဲ့ ခင်လှိုင်





Read in UNICODE

ရယ်မောပျော်ရွှင်စေနိုင်တဲ့အပြင် ပရိတ်သတ်တွေကို သရုပ်ဆောင်ပိုင်းမှာလည်းဒရမ်မာမျိုးစုံကို ပိုင်နိုင်စွာလုပ်ဆောင်နိုင်တဲ့ ဦးခင်လှိုင်ကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်‌နော်။ သူဟာအနုပညာလောကမှာ ဆယ်စုနှစ်များစွာတိုင်အောင် ရပ်တည်အောင်မြင်နေတဲ့သူဖြစ်ပြီး

ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ ခင်လှိုင်ဟာ အခုလက်ရှိမှာဆိုရင်လည်း ခင်လှိုင်(ဉာဏ်ကြီးရှင်)ဆိုတဲ့ နာမည်နဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ရပ်တည်နေတာဖြစ်ပါတယ်။ ခင်လှိုင်ဟာ အနုပညာအလုပ်တွေကို သမီးငယ်လေး သဇင်ထူးမြင့်နဲ့လည်း တွဲဖက်ပြီးလုပ်ကိုင်နေတာဖြစ်ပြီး အခုလက်ရှိမှာဆိုရင်လည်း

ဆိုးပေဆိုတဲ့ဇာတ်ကားကိုရိုက်ကူးနေတာဖြစ်ပါတယ်။ ဦးခင်လှိုင်ဟာ အနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေပါ စွမ်းစွမ်းတမံကူညီအားဖြည့်ပေးတတ်သူတစ်ယောက်လည်းဖြစ်ပြီး အခုဆိုရင်လည်း သက်ကြီးဟာသပညာရှင်ကြီးအတွက်ကူညီအားပေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ မကြာသေးမီကလည်း ဦးခင်လှိုင်ဟာ

သူ့ရဲ့ Facebookစာမျက်နှာတွင် “၁၄ ကြိမ် မြောက်ဇဝနဖောင်ဒေရှင်းမှ သက် ကြီးဟာသပညာရှင်များအားကျန်းမာရေးစောင့်ရှောက်ရန်အတွက်ထောက်ပံ့ငွေမဲနှိုက်လှူဒါန်းခြင်း” ဆိုတဲ့ captionလေးနဲ့ အန်တီဂွမ်းပုံတို့နဲ့အတူ မဲနှိုက်ပေးနေတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Khin Hlaing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *