႐ုပ္ရွင္ဇာတ္ကားေတြ ဘာလို႔ မ႐ိုက္ျဖစ္ေတာ့လဲဆိုတာ ဂဃနဏ ေျပာျပခဲ့တဲ့ ေက်ာ္ရဲေအာင္

ဟိုးအရင္ထဲကေန က ပရိသတ္ေတြရဲ႕ အခ်စ္ကို ယေန႔တိုင္ သိမ္းထားႏိုင္သူကေတာ့ တခ်ိန္က ဇာတ္ကားတိုင္းလိုမွာပါဝင္ခဲ့တဲ့ ဒိတ္းိတ္ႀကဲ မင္းသားႀကီး ေက်ာ္ရဲေအာင္ပဲျဖစ္ပါတယ္။ အႏုပညာလႈပ္ရွားမႈေတြနဲ႔ပတ္သတ္ၿပီး ေက်ာ္ရဲေအာင္ ေျဖဆိုထားတာေလးကို တင္ဆက္ေပးလိုက္ပါတယ္။

ေက်ာ္ရဲေအာင္က အႏုပညာလႈပ္ရွားမွာေတြအေပၚမွာ “ဇာတ္ကားေတြ မ႐ိုက္ျဖစ္ဘူးဆိုတာ ကိုဗစ္ေကာ ကိုဗစ္မရွိတုန္းကလဲ သိပ္ၿပီး မ႐ိုက္ျဖစ္ဘူး။ နည္းနည္းပါးပါးပဲလုပ္ျဖစ္တယ္” လို႔ ေျပာခဲ့ပါတယ္။ ဇာတ္ကားေတြကို သိပ္ၿပီးေတာ့ မေရြးခ်ယ္ေပမယ့္ မ႐ိုက္ျဖစ္တာကေတာ့ ” လာမငွားလို႔ မ႐ိုက္ျဖစ္တာေလ၊ လာမငွားတာရယ္ ေနာက္တစ္ခုက ကိုယ္သိပ္မႀကိဳက္တာရယ္ ငွားတဲ့ဟာက်ေတာ့လဲ သိပ္ၿပီးေတာ့ အဆင္မေျပဘူး။ ကိုယ္နဲ႔ သိပ္မလိုက္ဘူးေလ ကိုယ္နဲ႔လိုက္ရင္ေတာ့ ႐ိုက္ျဖစ္ပါတယ္” လို႔ ေျဖခဲ့ပါတယ္။ 

ေက်ာ္ရဲေအာင္က အခုေနာက္ပိုင္းေတာ့ ေတာ္ၾကပါတယ္။ ႐ုပ္ရွင္႐ိုက္တဲ့ ဒါ႐ိုက္တာ အသစ္ေလးေတြနဲ႔ ကြ်န္ေတာ္မ်ားမ်ား ႐ိုက္ဖူးတယ္။ သူတို႔ေတြ စိတ္ရွည္လက္ရွည္ ႐ိုက္ၾကတယ္။ အရင္လို ဝုန္းဒိုင္း ဝုန္းဒိုင္းမဟုတ္တဲ့ အတြက္ေၾကာင့္ စိတ္ခ်မ္းသာတယ္။ ကြ်န္ေတာ္က အဲ့လို႐ိုက္ခ်င္တာ။ ဘာလို႔လဲဆိုေတာ့ ကြ်န္ေတာ္ ကားမ႐ိုက္တဲ့ ကိစၥနဲ႔ပတ္သတ္ၿပီး ေမးလို႔ ေျပာျပရဦးမယ္”ကား႐ိုက္ရတာ အရင္တုန္းက ေကာင္းတယ္ဗ် ေကာင္းတယ္ဆိုတာ တိုင္တိုင္ပင္ပင္နဲ႔ ႐ိုက္ၾကတယ္ အနဲဆံုးမ႐ိုင္ဘူးဆိုရင္ေတာင္ ရက္(၂၀)ေလာက္ ၾကာၾကတယ္။ အခုဟာက ရက္(၂၀)မဟုတ္ေတာ့ဘူးေလ အခုဟာ ကားက (၇)ရက္နဲ႔တစ္ကား (၅)ရက္နဲ႔တစ္ကား ၿပီးေအာင္လိုက္႐ိုက္တဲ့ အခါက်ေတာ့ ကြ်န္ေတာ္က မ႐ိုက္ခ်င္ေတာ့ဘူး။ ေနာက္ၿပီးေတာ့ အဲ့ေလာက္ႀကီးလဲ ကြ်န္ေတာ္ မလိုက္ႏိုင္ဘူး။ ဇာတ္ကားတစ္ကား႐ိုက္ၿပီဆို နဲနဲပါးပါးတိုင္တိုင္ပင္ပင္ေတာ့ ရွိရမယ္ဗ်။ ဘယ္လိုတိုင္တိုင္ပင္ပင္ရွိရမလဲဆိုေတာ့ သ႐ုပ္ေဆာင္နဲ႔ ဒါ႐ိုက္တာနဲ႔ ေနာက္ၿပီးေတာ့ သ႐ုပ္ေဆာက္ အခ်င္းခ်င္းေတြ အဲ့လို တိုင္တိုင္ပင္ပင္လုပ္မွ အေပးအယူေတြမွ်တာ အခုဟာပ ကားအေရအတြက္မ်ားဖို႔ ျပသခြင့္ျမန္ျမန္ရဖို႔ ႐ိုက္ေနၾကေတာ့ ၾကာလာေတာ့ မ႐ိုင္ခ်င္ေတာ့ဘူး။ ကြ်န္ေတာ္က ေပတီးေပကပ္လုပ္လာေရာ၊ ေပတီးေပကပ္လုပ္လာတဲ့အခါက်ေတာ့ ဘာျဖစ္လာလဲဆိုေတာ့ ကြ်န္ေတာ္ မေကာင္းဘူးျဖစ္သြားေရာ။ အဲ့ေတာ့ အဆင္ေျပေအာင္ ျမန္ျမန္႐ိုက္တဲ့သူေတြေၾကာင့္ ကိုယ္ပဲဦးေႏွာက္မေကာင္းလို႔လား မသိဘူး လိုက္မမွီဘူး။ ေနာက္တစ္ခုက ျမန္ျမန္ဆန္ဆန္ မ႐ိုက္တတ္ဘူး။ ကြ်န္ေတာ္က အၾကာႀကီး႐ိုက္ဖို႔ကို ေျပာတာမဟုတ္ဘူး။ အခုဟာက တစ္ေယာက္နဲ႔ တစ္ေယာက္ ညႇိခ်ိန္မရွိေတာ့ဘူး။ အဲ့တာမ်ိဳးေတြက သိပ္ၾကာလာတဲ့အခါ မ်ားလာတဲ့ အခါမ်ိဳးမွာက်ေတာ့ ႐ုပ္ရွင္ေလာကႀကီးပါ မေကာင္းေတာ့ဘူး။ တျဖည္းျဖည္း အဲ့လိုျဖစ္သြားတယ္။ တျခည္းျဖည္းနဲ႔ ဒါ႐ိုက္တာေတြဟာ ထုတ္လုပ္သူကို အလိုလိုက္တယ္။ ထုတ္လုပ္သူေတြကလဲ ရက္နဲနဲနဲ႔ မ်ားမ်ားလိုခ်င္ၾကတယ္။ လူတိုင္းကေတာ့ ဒီတိုင္းပဲေလ။ ပိုက္ဆံေတြရင္းႏွီးထားရေတာ့ သူတို႔လဲ မ်ားမ်ားေတာ့ လ္ုခ်င္မွာပဲ။ ရက္နဲနဲနဲ႔ မ်ားမ်ားရ သူတို႔လဲကိုက္တယ္။ သူတို႔ကိုလဲ အျပစ္မေျပာပါဘူး။ ဒါေပမယ့္ ဘာစည္းေစာင့္သင့္လဲဆိုေတာ့ (၅)ရက္နဲ႔ အၿပီး႐ိုက္ခ်င္နဲ႔သူေတြရွိၾကတယ္။ အဲ့လိုေတာ့ မလုပ္သင့္ဘူး။ မေကာင္းတာေတာ့ အကုန္လံုးမေကာင္းၾကတာပါ။ တစ္ေယာက္ထဲေတာ့ သြားေျပာလို႔ မရဘူး။ “ဆိုၿပီး ေျပာခဲ့ပါတယ္။ 

အဲ့လိုနဲ႔ ႐ုပ္ရွင္ေလာကႀကီးက လူေျပာစရာျဖစ္လာတယ္။ ေကာင္းလာဖို႔လဲ ဘယ္သူမွမလုပ္ၾကပဲ ကိုယ္နဲ႔မဆိုင္တာေတြပဲ ထထလုပ္ေနၾကတယ္။ အဲ့တာပဲ မ်ားမ်ားေျပာရင္ မေကာင္းေတာ့ဘူးဆိုၿပီး ႐ုပ္ရွင္ေတံ သိပ္မ႐ိုက္ျဖစ္ေတာ့တဲ့ အေၾကာင္း ေက်ာ္ရဲေအာင္က အခုလိုပဲ ေျပာၾကားခဲ့ပါတယ္။ 

ပရိသတ္ႀကီးဖတ္ၿပီးျပီဆိုေတာ့ စိတ္ေက်နပ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဇာတ္ေကာင္တိုင္းမွာ အသက္ဝင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့ ေက်ာ္ရဲေအာင္ရဲ႕ အိုက္တင္ေတြဟာ အခုထိ မ်က္လံုးထဲစြဲက်န္ေနတုန္းပါပဲ။ ပရိသတ္ႀကီးလဲ ေက်ာ္ရဲေအာင္ကိုလဲ ႐ုပ္ရွင္ေတြ ျပန္႐ိုက္ေစခ်င္ၾကမယ္လို႔ ထင္ပါတယ္။ ပရိသတ္ႀကီးလဲ ဒီကိစၥနဲ႔ အထင္အျမင္ေလးေတြကို ေဆြးေႏြးသြားၾကပါဦး။

Read in UNICODE

ဟိုးအရင်ထဲကနေ က ပရိသတ်တွေရဲ့ အချစ်ကို ယနေ့တိုင် သိမ်းထားနိုင်သူကတော့ တချိန်က ဇာတ်ကားတိုင်းလိုမှာပါဝင်ခဲ့တဲ့ ဒိတ်းိတ်ကြဲ မင်းသားကြီး ကျော်ရဲအောင်ပဲဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သတ်ပြီး ကျော်ရဲအောင် ဖြေဆိုထားတာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ကျော်ရဲအောင်က အနုပညာလှုပ်ရှားမှာတွေအပေါ်မှာ “ဇာတ်ကားတွေ မရိုက်ဖြစ်ဘူးဆိုတာ ကိုဗစ်ကော ကိုဗစ်မရှိတုန်းကလဲ သိပ်ပြီး မရိုက်ဖြစ်ဘူး။ နည်းနည်းပါးပါးပဲလုပ်ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ ဇာတ်ကားတွေကို သိပ်ပြီးတော့ မရွေးချယ်ပေမယ့် မရိုက်ဖြစ်တာကတော့ ” လာမငှားလို့ မရိုက်ဖြစ်တာလေ၊ လာမငှားတာရယ် နောက်တစ်ခုက ကိုယ်သိပ်မကြိုက်တာရယ် ငှားတဲ့ဟာကျတော့လဲ သိပ်ပြီးတော့ အဆင်မပြေဘူး။ ကိုယ်နဲ့ သိပ်မလိုက်ဘူးလေ ကိုယ်နဲ့လိုက်ရင်တော့ ရိုက်ဖြစ်ပါတယ်” လို့ ဖြေခဲ့ပါတယ်။ 

ကျော်ရဲအောင်က အခုနောက်ပိုင်းတော့ တော်ကြပါတယ်။ ရုပ်ရှင်ရိုက်တဲ့ ဒါရိုက်တာ အသစ်လေးတွေနဲ့ ကျွန်တော်များများ ရိုက်ဖူးတယ်။ သူတို့တွေ စိတ်ရှည်လက်ရှည် ရိုက်ကြတယ်။ အရင်လို ဝုန်းဒိုင်း ဝုန်းဒိုင်းမဟုတ်တဲ့ အတွက်ကြောင့် စိတ်ချမ်းသာတယ်။ ကျွန်တော်က အဲ့လိုရိုက်ချင်တာ။ ဘာလို့လဲဆိုတော့ ကျွန်တော် ကားမရိုက်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မေးလို့ ပြောပြရဦးမယ်”ကားရိုက်ရတာ အရင်တုန်းက ကောင်းတယ်ဗျ ကောင်းတယ်ဆိုတာ တိုင်တိုင်ပင်ပင်နဲ့ ရိုက်ကြတယ် အနဲဆုံးမရိုင်ဘူးဆိုရင်တောင် ရက်(၂၀)လောက် ကြာကြတယ်။ အခုဟာက ရက်(၂၀)မဟုတ်တော့ဘူးလေ အခုဟာ ကားက (၇)ရက်နဲ့တစ်ကား (၅)ရက်နဲ့တစ်ကား ပြီးအောင်လိုက်ရိုက်တဲ့ အခါကျတော့ ကျွန်တော်က မရိုက်ချင်တော့ဘူး။ နောက်ပြီးတော့ အဲ့လောက်ကြီးလဲ ကျွန်တော် မလိုက်နိုင်ဘူး။ ဇာတ်ကားတစ်ကားရိုက်ပြီဆို နဲနဲပါးပါးတိုင်တိုင်ပင်ပင်တော့ ရှိရမယ်ဗျ။ ဘယ်လိုတိုင်တိုင်ပင်ပင်ရှိရမလဲဆိုတော့ သရုပ်ဆောင်နဲ့ ဒါရိုက်တာနဲ့ နောက်ပြီးတော့ သရုပ်ဆောက် အချင်းချင်းတွေ အဲ့လို တိုင်တိုင်ပင်ပင်လုပ်မှ အပေးအယူတွေမျှတာ အခုဟာပ ကားအရေအတွက်များဖို့ ပြသခွင့်မြန်မြန်ရဖို့ ရိုက်နေကြတော့ ကြာလာတော့ မရိုင်ချင်တော့ဘူး။ ကျွန်တော်က ပေတီးပေကပ်လုပ်လာရော၊ ပေတီးပေကပ်လုပ်လာတဲ့အခါကျတော့ ဘာဖြစ်လာလဲဆိုတော့ ကျွန်တော် မကောင်းဘူးဖြစ်သွားရော။ အဲ့တော့ အဆင်ပြေအောင် မြန်မြန်ရိုက်တဲ့သူတွေကြောင့် ကိုယ်ပဲဦးနှောက်မကောင်းလို့လား မသိဘူး လိုက်မမှီဘူး။ နောက်တစ်ခုက မြန်မြန်ဆန်ဆန် မရိုက်တတ်ဘူး။ ကျွန်တော်က အကြာကြီးရိုက်ဖို့ကို ပြောတာမဟုတ်ဘူး။ အခုဟာက တစ်ယောက်နဲ့ တစ်ယောက် ညှိချိန်မရှိတော့ဘူး။ အဲ့တာမျိုးတွေက သိပ်ကြာလာတဲ့အခါ များလာတဲ့ အခါမျိုးမှာကျတော့ ရုပ်ရှင်လောကကြီးပါ မကောင်းတော့ဘူး။ တဖြည်းဖြည်း အဲ့လိုဖြစ်သွားတယ်။ တခြည်းဖြည်းနဲ့ ဒါရိုက်တာတွေဟာ ထုတ်လုပ်သူကို အလိုလိုက်တယ်။ ထုတ်လုပ်သူတွေကလဲ ရက်နဲနဲနဲ့ များများလိုချင်ကြတယ်။ လူတိုင်းကတော့ ဒီတိုင်းပဲလေ။ ပိုက်ဆံတွေရင်းနှီးထားရတော့ သူတို့လဲ များများတော့ လ်ုချင်မှာပဲ။ ရက်နဲနဲနဲ့ များများရ သူတို့လဲကိုက်တယ်။ သူတို့ကိုလဲ အပြစ်မပြောပါဘူး။ ဒါပေမယ့် ဘာစည်းစောင့်သင့်လဲဆိုတော့ (၅)ရက်နဲ့ အပြီးရိုက်ချင်နဲ့သူတွေရှိကြတယ်။ အဲ့လိုတော့ မလုပ်သင့်ဘူး။ မကောင်းတာတော့ အကုန်လုံးမကောင်းကြတာပါ။ တစ်ယောက်ထဲတော့ သွားပြောလို့ မရဘူး။ “ဆိုပြီး ပြောခဲ့ပါတယ်။ 

အဲ့လိုနဲ့ ရုပ်ရှင်လောကကြီးက လူပြောစရာဖြစ်လာတယ်။ ကောင်းလာဖို့လဲ ဘယ်သူမှမလုပ်ကြပဲ ကိုယ်နဲ့မဆိုင်တာတွေပဲ ထထလုပ်နေကြတယ်။ အဲ့တာပဲ များများပြောရင် မကောင်းတော့ဘူးဆိုပြီး ရုပ်ရှင်တေံ သိပ်မရိုက်ဖြစ်တော့တဲ့ အကြောင်း ကျော်ရဲအောင်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ 

ပရိသတ်ကြီးဖတ်ပြီးပြီဆိုတော့ စိတ်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဇာတ်ကောင်တိုင်းမှာ အသက်ဝင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ကျော်ရဲအောင်ရဲ့ အိုက်တင်တွေဟာ အခုထိ မျက်လုံးထဲစွဲကျန်နေတုန်းပါပဲ။ ပရိသတ်ကြီးလဲ ကျော်ရဲအောင်ကိုလဲ ရုပ်ရှင်တွေ ပြန်ရိုက်စေချင်ကြမယ်လို့ ထင်ပါတယ်။ ပရိသတ်ကြီးလဲ ဒီကိစ္စနဲ့ အထင်အမြင်လေးတွေကို ဆွေးနွေးသွားကြပါဦး။

Source : MC’s Interview

Add a Comment

Your email address will not be published. Required fields are marked *