ေဆးဆိုးစရာမလိုပဲ သဘာဝအတိုင္း ဆံပင္ျဖဴေတြကို ျပန္နက္လိုသူမ်ားအတြက္ နည္းလမ္းေကာင္း

အရြယ္မတိုင္ခင္ ဆံပင္ျဖဴျခင္းဟာ လူငယ္ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕လာရတယ္။ ပံုမွန္အားျဖင့္ အသက္(၄၀)ေက်ာ္မွသာ ဆံပင္ျဖဴၾကေပမယ့္ ဒီေန႔ေခတ္မွာေတာ့ အသက္(၂၀)ေက်ာ္နဲ႔ ဆံပင္ျဖဴလာသူေတြ ေတြ႕လာရၿပီ။ အရြယ္မတိုင္ခင္ ဆံပင္ျဖဴတာကို premature grey hair လို႔ ေခၚပါတယ္။ အမွန္ေတာ့ ဆံပင္အေရာင္ကိုျဖစ္ေစတဲ့ ေရာင္ျခယ္ဆဲလ္ melanin ထုတ္လုပ္မႈနည္းလာလို႔ ျဖစ္ပါတယ္။ အထူးသျဖင့္ မ်ိဳး႐ိုး၊ စိတ္ဖိစီးမႈ၊

အာဟာရဓာတ္ခ်ိဳ႕တဲ့မႈေတြက ဆံပင္အေရာင္ကို ျဖဴလာေစတယ္။ အသက္အရြယ္အရ ဆံပင္ျဖဴသူေတြအတြက္ သိပ္ကိစၥမရွိေပမယ့္ လူငယ္ေတြအတြက္ေတာ့ အိပ္မက္ဆိုးေတြသာ ျဖစ္တယ္။ အရြယ္မတိုင္ခင္ ဆံပင္ျဖဴလာတာနဲ႔ ပက္သက္ၿပီး ေလ့လာၾကည့္တဲ့အခါ မ်ိဳး႐ိုးတခုတည္းတင္မဟုတ္ဘဲ

အင္တီေအာက္စီးဒင့္တမ်ိဳးျဖစ္တဲ့ catalase ဓာတ္ ခ်ိဳ႕တဲ့ျခင္းနဲ႔ ဆံသားအေျခမွာ hydrogen peroxide ေတြ စုပံုေနျခင္းက အဓိကအေၾကာင္းရင္း ျဖစ္တယ္လို႔ ဆိုတယ္။ ဒါဆို ဆံပင္မျဖဴေအာင္ လုပ္လို႔ရသလား။ ဟုတ္ကဲ့ ရပါတယ္။ အဲဒီအတြက္ အေကာင္းဆံုးနည္းက ၾကက္သြန္နီရည္ျဖစ္တယ္။ ဆံပင္နဲ႔ပက္သတ္ရင္ ၾကက္သြန္နီအရည္က ေတာ္ေတာ္ေကာင္းပါတယ္။ အထူးသျဖင့္ ငယ္ငယ္ရြယ္ရြယ္နဲ႔

ဆံပင္ျဖဴေနတဲ့ လူငယ္ေတြအတြက္ သင့္ေတာ္တယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ၾကက္သြန္နီက ထြက္တဲ့အရည္ထဲမွာ catalase ပမာဏကို ျမင့္တက္ေစႏိုင္လို႔ပါ။ catalase ေၾကာင့္ ဆံပင္ရဲ႕ ပံုမွန္အေရာင္ကို ျပန္ရေစတယ္။ အဲဒီထဲကိုမွ သံပုရာရည္ တဇြန္း ထည့္ၿပီး ဦးေရျပားကိုလိမ္းရင္ ဆံပင္ ထူထပ္ေစၿပီး အဆီျပန္ျခင္း၊ေဗာက္ထျခင္းကိုပါ ကင္းေဝးေစသတဲ့။

ၾကက္သြန္နီရည္ – လက္ဖက္ရည္ဇြန္း(၃)ဇြန္း
သံပုရာသီးရည္ – လက္ဖက္ရည္ဇြန္း(၂)ဇြန္း

ၾကက္သြန္နီကိုႀကိတ္ၿပီး ထြက္လာတဲ့အရည္ကိုု လက္ဖက္ရည္ဇြန္း(၃)ဇြန္းစာခန္႔ ယူပါ။ သံပုရာသီးကို အရည္ညႇစ္ၿပီး လက္ဖက္ရည္ဇြန္း(၂)ဇြန္းစာခန္႔နဲ႔ ေရာပါ။ အဆိုပါအေရာကို ဆံသားနဲ႔ ဦးေရျပားကို လိမ္းၿပီး မိနစ္သံုးဆယ္ၾကာ ထားပါ။ ၿပီးရင္ ခပ္ေပ်ာ့ေပ်ာ့ shampoo တမ်ိဳးမ်ိဳး သံုးၿပီး ေခါင္းျပန္ေလွ်ာ္ပါ။အဆိုပါ နည္းအတိုင္း တပတ္ကို ၅ရက္ခန္႔ ျပဳလုပ္ေပးရမွာျဖစ္ပါတယ္။ ႏွစ္ပတ္အတြင္း ဆံပင္ျဖဴျခင္းကို သိသိသာသာေပ်ာက္ကင္းေစရံုသာမက ဆံသားပါးျခင္း၊ ဆံႏြယ္ကၽြတ္ျခင္းကိုပါ ကာကြယ္ေပးလိမ့္မယ္။

Read in UNICODE

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းဟာ လူငယ်တော်တော်များများမှာ တွေ့လာရတယ်။ ပုံမှန်အားဖြင့် အသက်(၄၀)ကျော်မှသာ ဆံပင်ဖြူကြပေမယ့် ဒီနေ့ခေတ်မှာတော့ အသက်(၂၀)ကျော်နဲ့ ဆံပင်ဖြူလာသူတွေ တွေ့လာရပြီ။ အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို premature grey hair လို့ ခေါ်ပါတယ်။ အမှန်တော့ ဆံပင်အရောင်ကိုဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ် melanin ထုတ်လုပ်မှုနည်းလာလို့ ဖြစ်ပါတယ်။ အထူးသဖြင့် မျိုးရိုး၊ စိတ်ဖိစီးမှု၊

အာဟာရဓာတ်ချို့တဲ့မှုတွေက ဆံပင်အရောင်ကို ဖြူလာစေတယ်။ အသက်အရွယ်အရ ဆံပင်ဖြူသူတွေအတွက် သိပ်ကိစ္စမရှိပေမယ့် လူငယ်တွေအတွက်တော့ အိပ်မက်ဆိုးတွေသာ ဖြစ်တယ်။ အရွယ်မတိုင်ခင် ဆံပင်ဖြူလာတာနဲ့ ပက်သက်ပြီး လေ့လာကြည့်တဲ့အခါ မျိုးရိုးတခုတည်းတင်မဟုတ်ဘဲ

အင်တီအောက်စီးဒင့်တမျိုးဖြစ်တဲ့ catalase ဓာတ် ချို့တဲ့ခြင်းနဲ့ ဆံသားအခြေမှာ hydrogen peroxide တွေ စုပုံနေခြင်းက အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ဆိုတယ်။ ဒါဆို ဆံပင်မဖြူအောင် လုပ်လို့ရသလား။ ဟုတ်ကဲ့ ရပါတယ်။ အဲဒီအတွက် အကောင်းဆုံးနည်းက ကြက်သွန်နီရည်ဖြစ်တယ်။ ဆံပင်နဲ့ပက်သတ်ရင် ကြက်သွန်နီအရည်က တော်တော်ကောင်းပါတယ်။ အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့

ဆံပင်ဖြူနေတဲ့ လူငယ်တွေအတွက် သင့်တော်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကြက်သွန်နီက ထွက်တဲ့အရည်ထဲမှာ catalase ပမာဏကို မြင့်တက်စေနိုင်လို့ပါ။ catalase ကြောင့် ဆံပင်ရဲ့ ပုံမှန်အရောင်ကို ပြန်ရစေတယ်။ အဲဒီထဲကိုမှ သံပုရာရည် တဇွန်း ထည့်ပြီး ဦးရေပြားကိုလိမ်းရင် ဆံပင် ထူထပ်စေပြီး အဆီပြန်ခြင်း၊ဗောက်ထခြင်းကိုပါ ကင်းဝေးစေသတဲ့။

ကြက်သွန်နီရည် – လက်ဖက်ရည်ဇွန်း(၃)ဇွန်း
သံပုရာသီးရည် – လက်ဖက်ရည်ဇွန်း(၂)ဇွန်း

ကြက်သွန်နီကိုကြိတ်ပြီး ထွက်လာတဲ့အရည်ကို လက်ဖက်ရည်ဇွန်း(၃)ဇွန်းစာခန့် ယူပါ။ သံပုရာသီးကို အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း(၂)ဇွန်းစာခန့်နဲ့ ရောပါ။ အဆိုပါအရောကို ဆံသားနဲ့ ဦးရေပြားကို လိမ်းပြီး မိနစ်သုံးဆယ်ကြာ ထားပါ။ ပြီးရင် ခပ်ပျော့ပျော့ shampoo တမျိုးမျိုး သုံးပြီး ခေါင်းပြန်လျှော်ပါ။အဆိုပါ နည်းအတိုင်း တပတ်ကို ၅ရက်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ နှစ်ပတ်အတွင်း ဆံပင်ဖြူခြင်းကို သိသိသာသာပျောက်ကင်းစေရုံသာမက ဆံသားပါးခြင်း၊ ဆံနွယ်ကျွတ်ခြင်းကိုပါ ကာကွယ်ပေးလိမ့်မယ်။

Source : ေဒါက္တာ ေအးမင္းထူး

Add a Comment

Your email address will not be published. Required fields are marked *