အလှူနဲ့လက်နဲ့မပြတ်တဲ့ ဖြူဖြူထွေးကို သာဓုမခေါ်နိုင်ရင်တောင် မဆဲကြပါနဲ့လို့ ပြောခဲ့တဲ့ လူရွှင်တော် ပါကျဲ
Read in UNICODE
ဖြူဖြူထွေးလို့ ဆိုလိုက်တာနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိထားသလို ကောင်းမွန်ပြည့်ဝတဲ့ စိတ်စေတနာလေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်တစ်ဦးကို အားလုံးပဲ ပြေးမြင်မိမှာပါနော်..။သရုပ်ဆောင်ကောင်းသလို ကိုယ်ပိုင်အရည်အချင်းတွေကြောင့်လည်း အချိန်တိုအတွင်း
အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိလာတဲ့ ဖြူဖြူထွေးကတော့ စားဝတ်နေရေးခက်ခဲနေကြတဲ့ ဇာတ်ပို့ သရုပ်ဆောင်တွေအတွက် အလုပ်ပေးရင်း လှူဒါန်းမှုတွေကိုလည်း လုပ်ောဆင်နေသူပဲ ဖြစ်ပါတယ်နော်..။ဖြူဖြူထွေးကိုတော့ ပရိသတ်တွေရဲ့အချစ်တွေအပြင် အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်နေကြသလို အခုတစ်ခါမှာလည်း ဟာသလူရွှင်တော်တစ်ဦးဖြစ်တဲ့ ပါကျဲကလည်း ဖြူဖြူထွေးနဲ့
အမှတ်တရလေးတွေကို ပြောပြရင်း သူမရဲကစိတ်စေတနာအလှူလေးတွေအကြောင်း ပြောပြလာပါတယ်နော်..။ဖြူဖြူထွေးဟာ ခက်ခဲနေကြတဲ့ အနုပညာရှင်တွေကို လှူဒါန်းတဲ့အပြင် (၇)ရက်သားသမီး ပရိသတ်တွေကိုလည်း ကြုံရင် ကြုံသလို လှူဒါန်းလေ့ရှိပြီး သူမရဲ့အလှူလေးတွေကို သာဓုမခေါ်ရင်တောင် မဆဲကြဖို့ ပါကျဲက မေတ္တာရပ်ခံလိုက်တာပဲ
ဖြစ်ပါတယ်နော်..။“ဖြူဖြူထွေးက လှူတဲ့ မေတ္တာတရားကတော့လေ သစ္စာဆိုရဲတယ် နတ်ပြည်ကတောင် သာဓုခေါ်မယ့်ပွဲပါ တချို့တွေက ဖြူဖြူထွေးကို ပြောကြတယ် ဟိုကပြော ဒီကပြောနဲပ မပြောကြပါနဲ့ဗျာ တောင်းပန်ပါတယ် ဒီကလေးလှူတာက ကိုယ့်ဘာသာ သာသနာ့ကို စောင့်ရှောက်တဲ့ကလေး သာဓုခေါ်ပါ သာဓုမခေါ်ရင်နေပါ ဆဲတော့မဆဲကြပါနဲ့လို့ ကျေးဇူးတင်ပါတယ်..” ဆိုပြီး ပါကျဲက ပြောပြထားတာပါ..။
Source : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *