နှစ်ပေါင်းများစွာ အနုပညာလောကထဲ အတူကျင်လည်ခဲ့တဲ့ စိုးမြတ်သူဇာအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခိုင်သင်းကြည်
Read in UNICODE
မပွတ်ကျွတ်လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော ခိုင်သင်းကြည်ကတော့ သွက်လက်ချက်ချာပြီး ပွင့်လင်းလွန်းတာကြောင့် အနုပညာအသိုင်းအဝိုင်းမှာ ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိတ်ပျိုလို့ ကိုယ်နုတယ်ဆိုတဲ့ စကားအတိုင်း ခိုင်သင်းကြည်ကတော့ အသက် ငါးဆယ်နီးပါးအရွယ်ရောက်နေတာတောင် ဘယ်လိုမှ မပြောင်းလဲပဲ အရင်အတိုင်း
လှပနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ခိုင်သင်းကြည်က သူမရဲ့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာ ကူညီလုပ်ဆောင်ပေးနေလျက်ရှိပါတယ်။ ဒီကနေ့ သြဂုတ်လ (၃၁) ရက်နေ့ကတော့ အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက မကြီးစိုးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အကယ်ဒမီ စိုးမြတ်သူဇာရဲ့
မွေးနေ့ပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကလည်း သူမနဲ့ အနုပညာအလုပ်တွေကို နှစ်ပေါင်းများစွာအတူတူအလုပ်လုပ်ခဲ့တဲ့ မကြီးစိုးမြတ်သူဇာကို “Happy Birthday ချစ်တဲ့မကြီး ❤️🥰🎂🎉🎊🎈အောင်မြင်မှူ့များနဲ့အတူအမြဲကျန်းမာပျော်ရွှင်ပါစေ😘” ဆိုပြီး မှတ်မှတ်ရရလေး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ခိုင်သင်းကြည်နဲ့ စိုးမြတ်သူဇာကတော့ နှစ်ပေါင်းများစွာ အလုပ်တွေ အတူတူ လုပ်ကိုင်ခဲ့ပြီး
ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း လိုက်ဖက်ညီညီနဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် စိုးမြတ်သူဇာအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Khine Thin Kyi’s Facebook
Add a Comment
Your email address will not be published. Required fields are marked *