႐ိုက္ကြင္းအထိ အေအးနဲ႔ ေကာ္ဖီကားႀကီး တကူးတကပို႔ေပးၿပီး စပ႐ိုက္လုပ္ေပးခဲ့တဲ့ ပရိသတ္ေတြေၾကာင့္ ေပ်ာ္ရႊင္ေနတဲ့ ပန္းေရာင္ျခယ္

ဂေရဟမ္ကေတာ့ သူ့ရဲ့ ဂီတအေမြေတြကို သမီးျဖစ္သူ ပန္းေရာင္ျခယ္ဆီ လက္ဆင့္ကမ္းထားေပးနိုင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပန္းေရာင္ျခယ္ကလည္း နိုင္ငံျခားမွာေက်ာင္းတက္ခဲ့ျပီးေနာက္ အနုပညာအလုပ္ေတြကို ေဇာက္ခ်လုပ္ကိုင္ေနလ်က္ရိွတာပဲ

ျဖစ္ပါတယ္။ ပန္းေရာင္ျခယ္က သီခ်င္းေတြကို သီဆိုရံုသာမကပဲ သရုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း ရုပ္သံဇာတ္လမ္းတြဲေတြမွာ ပါဝင္သရုပ္ေဆာင္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ပန္းေရာင္ျခယ္က “လိပ္ျပာ” ဇာတ္လမ္းတြဲ Season (2)

ကို ဆက္လက္ရိုက္ကူးျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ပန္းေရာင္ျခယ္က မေန့က ၾသဂုတ္လ (၃၀) ရက္ေန့မွာေတာ့ သူမရဲ့ အမာခံပရိသတ္ေတြဆီက ေကာ္ဖီနဲ့ အေအးကားၾကီး ပို့ျပီး Surprise လုပ္ခံခဲ့ရတာေၾကာင့္ ေတာ္ေတာ္ေလး အံ့ၾသဝမ္းသာခဲ့ရျပီး

ေပ်ာ္ရႊင္ခဲ့ရတဲ့အျဖစ္ကို အခုလိုပဲ မွ်ေဝေပးလာပါတယ္။ ပန္းေရာင္ျခယ္ကေတာ့ ခ်စ္စရာေကာင္းတဲ့ မိန္းကေလးတစ္ေယာက္ပီပီ ပရိသတ္ေတြရဲ့ အခ်စ္ေတြကို ခံရသူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ပန္းေရာင္ျခယ္ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္႐ႈေပးၾကတဲ့ ပရိသတ္ႀကီးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ဂရေဟမ်ကတော့ သူ့ရဲ့ ဂီတအမွေတွေကို သမီးဖြစ်သူ ပန်းရောင်ခြယ်ဆီ လက်ဆင့်ကမ်းထားပေးနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကလည်း နိုင်ငံခြားမှာကျောင်းတက်ခဲ့ပြီးနောက် အနုပညာအလုပ်တွေကို ဇောက်ချလုပ်ကိုင်နေလျက်ရှိတာပဲ

ဖြစ်ပါတယ်။ ပန်းရောင်ခြယ်က သီချင်းတွေကို သီဆိုရုံသာမကပဲ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပန်းရောင်ခြယ်က “လိပ်ပြာ” ဇာတ်လမ်းတွဲ Season (2)

ကို ဆက်လက်ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်က မနေ့က သြဂုတ်လ (၃၀) ရက်နေ့မှာတော့ သူမရဲ့ အမာခံပရိသတ်တွေဆီက ကော်ဖီနဲ့ အအေးကားကြီး ပို့ပြီး Surprise လုပ်ခံခဲ့ရတာကြောင့် တော်တော်လေး အံ့သြဝမ်းသာခဲ့ရပြီး

ပျော်ရွှင်ခဲ့ရတဲ့အဖြစ်ကို အခုလိုပဲ မျှဝေပေးလာပါတယ်။ ပန်းရောင်ခြယ်ကတော့ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ပီပီ ပရိသတ်တွေရဲ့ အချစ်တွေကို ခံရသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပန်းရောင်ခြယ်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Pan Yaung Chel’s Facebook

Add a Comment

Your email address will not be published. Required fields are marked *