လက္တေလာေနတဲ့ အိမ္မွာ သရဲေျခာက္တာေတြရွိလို႔ စိတ္ညစ္ေနရတဲ့ ေမာ္ဒယ္ ေရႊျမင့္မိုရ္

ပရေလာကဆိုတာလည္း ႀကဳံေတြ႕လာရတဲ့အခါ စိတ္အားငယ္တတ္သူေတြအဖို႔ေတာ့ အေတာ္ေလးကို ေသြးပ်က္ေစမွာပါ။ ေမာ္ဒယ္ေ႐ႊျမင့္မိုရ္က သူမရဲ႕ အခက္အခဲကို ” ကြၽန္မခုေနေနတဲ့ တိုက္ခန္းမွာ ကြၽန္မကလြဲၿပီး က်န္တဲ့သူေတြ အားလုံး သရဲအေျခာက္ခံရသလိုျဖစ္ၾကတယ္ မာမီဘရစ္တနီတို႔ သုံသုံတို႔ စေျပာတုန္းက ကြၽန္မကမယုံေတာ့

ကေတာက္ကဆေတာင္ျဖစ္ခဲ့ေသးတယ္ ဘုန္းဘုန္းေတြပင့္ၿပီးဆြမ္းကပ္တာေတြလုပ္ၾကေသးတယ္ ေနာက္ပိုင္းမာမီတို႔အိမ္ခြဲသြားတယ္ ကြၽန္မတစ္ေယာက္တည္းအခန္းမွာ ေနခဲ့တဲ့ရက္ေတြ အမ်ားႀကီးပဲ ဘာမွမေတြ႕ရမၾကားရတာ ကြၽန္မနဲ႔လာေနတဲ့သူတိုင္း တစ္မ်ိဳးမဟုတ္တစ္မ်ိဳးႀကဳံၾကတယ္ ” ဆိုၿပီးေျပာျပခဲ့ပါတယ္။ အမ်ားကအမွ်အတန္းေဝဖို႔အႀကံေပးၾကတဲ့အခါမွာ ” အင္း ပထမတစ္ခါလည္း

အလႉလုပ္ေပးထားတယ္ အကုန္လုံးျမင္ၾကတယ္ နံရံထဲကို ေယာက်္ားႀကီးတစ္ေယာက္ဝင္သြားတယ္ဆိုၿပီး ခုလည္း ညီမအခန္းထဲမွာရွိတယ္အိပ္ေနတာ အဲ့တာကိုအျပင္မွာအိပ္တဲ့ညီမေလးက ေနာက္ေဖးခန္း ကေန လမ္းေလွ်ာက္လာၿပီ ညီမအခန္းထဲကို တဒုန္းဒုန္းနဲ႔ဝင္သြားသလိုၾကားလို႔လန္႔ၿပီးထေအာ္တာ ” ဆိုၿပီး ထပ္ေျပာျပခဲ့ပါေသးတယ္။မျမင္ရတဲ့

တစ္စုံတစ္ေယာက္ကိုလည္း ” ပင္ပန္းရတဲ့အထဲ အိပ္ေရးေတြပ်က္ပါတယ္ ကြၽန္မနဲ႔ေနတဲ့ ကေလးကိုမေနာက္ပါနဲ႔ ရွင္ျဖစ္ခ်င္တာကို ကြၽန္မကို အိပ္မက္ေပးပါ ” ဆိုၿပီး ေရးသားခဲ့ပါေသးတယ္။ တစ္အိမ္လုံးျမင္ၾကၿပီး မိုရ္ေလးတစ္ေယာက္တည္း မျမင္တာဆိုေတာ့ မိုရ္ေလးက ကံျမင့္ေနလို႔ မ်ားလားပဲ။ ပရိသတ္ႀကီးရဲ႕ အျမင္ေလးေတြလည္း ေျပာေပးခဲ့ပါဦး။

Read in UNICODE

ပရလောကဆိုတာလည်း ကြုံတွေ့လာရတဲ့အခါ စိတ်အားငယ်တတ်သူတွေအဖို့တော့ အတော်လေးကို သွေးပျက်စေမှာပါ။ မော်ဒယ်ရွှေမြင့်မိုရ်က သူမရဲ့ အခက်အခဲကို ” ကျွန်မခုနေနေတဲ့ တိုက်ခန်းမှာ ကျွန်မကလွဲပြီး ကျန်တဲ့သူတွေ အားလုံး သရဲအခြောက်ခံရသလိုဖြစ်ကြတယ် မာမီဘရစ်တနီတို့ သုံသုံတို့ စပြောတုန်းက ကျွန်မကမယုံတော့

ကတောက်ကဆတောင်ဖြစ်ခဲ့သေးတယ် ဘုန်းဘုန်းတွေပင့်ပြီးဆွမ်းကပ်တာတွေလုပ်ကြသေးတယ် နောက်ပိုင်းမာမီတို့အိမ်ခွဲသွားတယ် ကျွန်မတစ်ယောက်တည်းအခန်းမှာ နေခဲ့တဲ့ရက်တွေ အများကြီးပဲ ဘာမှမတွေ့ရမကြားရတာ ကျွန်မနဲ့လာနေတဲ့သူတိုင်း တစ်မျိုးမဟုတ်တစ်မျိုးကြုံကြတယ် ” ဆိုပြီးပြောပြခဲ့ပါတယ်။ အများကအမျှအတန်းဝေဖို့အကြံပေးကြတဲ့အခါမှာ ” အင်း ပထမတစ်ခါလည်း

အလှူလုပ်ပေးထားတယ် အကုန်လုံးမြင်ကြတယ် နံရံထဲကို ယောကျ်ားကြီးတစ်ယောက်ဝင်သွားတယ်ဆိုပြီး ခုလည်း ညီမအခန်းထဲမှာရှိတယ်အိပ်နေတာ အဲ့တာကိုအပြင်မှာအိပ်တဲ့ညီမလေးက နောက်ဖေးခန်း ကနေ လမ်းလျှောက်လာပြီ ညီမအခန်းထဲကို တဒုန်းဒုန်းနဲ့ဝင်သွားသလိုကြားလို့လန့်ပြီးထအော်တာ ” ဆိုပြီး ထပ်ပြောပြခဲ့ပါသေးတယ်။မမြင်ရတဲ့

တစ်စုံတစ်ယောက်ကိုလည်း ” ပင်ပန်းရတဲ့အထဲ အိပ်ရေးတွေပျက်ပါတယ် ကျွန်မနဲ့နေတဲ့ ကလေးကိုမနောက်ပါနဲ့ ရှင်ဖြစ်ချင်တာကို ကျွန်မကို အိပ်မက်ပေးပါ ” ဆိုပြီး ရေးသားခဲ့ပါသေးတယ်။ တစ်အိမ်လုံးမြင်ကြပြီး မိုရ်လေးတစ်ယောက်တည်း မမြင်တာဆိုတော့ မိုရ်လေးက ကံမြင့်နေလို့ များလားပဲ။ ပရိသတ်ကြီးရဲ့ အမြင်လေးတွေလည်း ပြောပေးခဲ့ပါဦး။

Source : Shwe Myint Mo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *