မြန်မာအကကို စည်းဝါးညီညီ ပိုင်နိုင်ကျွမ်းကျင်စွာ ကပြခဲ့တဲ့ အေးမြဖြူ





Read in UNICODE

ပရိသတ်တွေက မိုးသိုလေးလို့ ချစ်စနိုးနဲ့ ခေါ်ဆိုကြတဲ့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်အေးမြဖြူလေးကတော့ လက်ရှိမှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေပြီဖြစ်တဲ့ သူတစ်ယောက်ပါ။ အနုပညာမှာ ပါရမီရှိလွန်းတဲ့

မိုးသိုလေးကတော့ ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့သူတစ်ယောက်ပါ။ လက်ရှိမှာလည်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပါဝင်ရိုက်ကူးသွားဖို့ရှိနေတာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ အနုပညာလောကရဲ့မျိုးဆက်သစ်ကြယ်ပွင့်လေးဖြစ်တဲ့

မိုးသိုလေးက လတ်တလောမှာပဲ မြန်မာအကတွေကို လေ့ကျင့်သင်ကြားနေခဲ့ပါသေးတယ်။ မနေ့ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မြန်မာအကလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလာခဲ့ပါတယ်။ ပရိသတ်တွေကတော့ မိုးသိုလေးရဲ့ မြန်မာအက လေ့ကျင့်နေတဲ့

ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး မိုးသိုလေးရဲ့ မြန်မာအကကို ခေါင်းခါးခြေလက် စည်းဝါးနရီ ပိုင်နိုင်လှမှုကို ချီးကျူးနေခဲ့ကြပါတယ်။ ပရိသတ်ကြီးတွေလည်း မိုသိုလေးရဲ့ မြန်မာအကကို လေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။

Source : Aye Mya Phyu’s Facebook

Add a Comment

Your email address will not be published. Required fields are marked *