ပရိသတ္ေတြအေရွ႕ကို ဇာတ္႐ုပ္အသစ္အေနနဲ႔ ေရာက္လာေတာ့မွာျဖစ္ေၾကာင္း အသိေပးခဲ့တဲ့ ပိုးၾကာျဖဴခင္

ဆိုင္းမိုင္လို႔လည္း ပရိသတ္ေတြ ခ်စ္စႏိုးေခးတဲ့ မင္းသမီးေခ်ာေလးပိုးၾကာျဖဴခင္ကေတာ့ MRTV-4 ႐ုပ္သံဇာတ္လမ္းတြဲေတြနဲ႔အတူ ပရိသတ္ေတြရဲ႕အခ်စ္ေတြကိုရရွိထားသူတစ္ေယာက္ပါ။ သူ႔ရဲ႕ဇာတ္႐ုပ္ေတြကေတာ့ပရိသတ္ေတြရင္ထဲမွာစြဲထင္က်န္ခဲ့တာျဖစ္ၿပီး

ျမန္မာဆန္ဆန္ေလးနဲ႔လွတဲ့မင္းသမီးေလးအျဖစ္အသိအမွတ္ျပဳခံထားရတာပါ။ အခုလည္း ဇာတ္႐ုပ္အသစ္နဲ႔ပရိသတ္ေတြေရွ႕ထပ္မံေရာက္ရွိလာဦးမွာပါ။ အဲ့ဒီအေၾကာင္းကိုေတာ့ သူ႔ရဲ႕ေဖ့ဘြတ္စာမ်က္ႏွာမွာ ပရိသတ္ေတြကိုအသိေပးခဲ့တာ ျဖစ္ပါတယ္။ ဆိုင္းမိုင္ကေတာ့

သူ႔ရဲ႕ေဖ့ဘြတ္ေပခ်္႕မွာ “လမင္းႀကီးရယ္ သာလိုက္စမ္းပါ” ဆိုၿပီးေတာ့ ေရးသားကာ ဇာတ္လမ္းတြဲနာမည္ကို ေဖာ္ျပခဲ့သလို “လမင္းႀကီးသာစမ္းပါ မွာ ခင္ခင္ႀကီးေနရာက ႐ိုက္ခြင့္ရပါၿပီ ” “ရင္ခုန္ေနၿပီ ခင္ခင္ႀကီး ကာ႐ိုက္တာအတြက္” ဆိုၿပီးေတာ့လည္း ပရိသတ္ေတြကို

အသိေပးလာခဲ့ပါတယ္။ ပရိသတ္အခိုင္အမာရရွိထားတဲ့မင္းသမီးတစ္လက္ျဖစ္တာေၾကာင့္ အားေပးတဲ့ပရိသတ္ေတြကေတာ့ ရင္ခုန္ေနၾကၿပီျဖစ္ေၾကာင္း မွတ္ခ်က္ျပဳခဲ့ၾကပါေသးတယ္။ ဒီဇာတ္လမ္းတြဲ႕ေတာ့ (၂၀၂၁) မွာ႐ိုက္ကူးမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Read in UNICODE

ဆိုင်းမိုင်လို့လည်း ပရိသတ်တွေ ချစ်စနိုးခေးတဲ့ မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားသူတစ်ယောက်ပါ။ သူ့ရဲ့ဇာတ်ရုပ်တွေကတော့ပရိသတ်တွေရင်ထဲမှာစွဲထင်ကျန်ခဲ့တာဖြစ်ပြီး

မြန်မာဆန်ဆန်လေးနဲ့လှတဲ့မင်းသမီးလေးအဖြစ်အသိအမှတ်ပြုခံထားရတာပါ။ အခုလည်း ဇာတ်ရုပ်အသစ်နဲ့ပရိသတ်တွေရှေ့ထပ်မံရောက်ရှိလာဦးမှာပါ။ အဲ့ဒီအကြောင်းကိုတော့ သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ပရိသတ်တွေကိုအသိပေးခဲ့တာ ဖြစ်ပါတယ်။ ဆိုင်းမိုင်ကတော့

သူ့ရဲ့ဖေ့ဘွတ်ပေချ့်မှာ “လမင်းကြီးရယ် သာလိုက်စမ်းပါ” ဆိုပြီးတော့ ရေးသားကာ ဇာတ်လမ်းတွဲနာမည်ကို ဖော်ပြခဲ့သလို “လမင်းကြီးသာစမ်းပါ မှာ ခင်ခင်ကြီးနေရာက ရိုက်ခွင့်ရပါပြီ ” “ရင်ခုန်နေပြီ ခင်ခင်ကြီး ကာရိုက်တာအတွက်” ဆိုပြီးတော့လည်း ပရိသတ်တွေကို

အသိပေးလာခဲ့ပါတယ်။ ပရိသတ်အခိုင်အမာရရှိထားတဲ့မင်းသမီးတစ်လက်ဖြစ်တာကြောင့် အားပေးတဲ့ပရိသတ်တွေကတော့ ရင်ခုန်နေကြပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ကြပါသေးတယ်။ ဒီဇာတ်လမ်းတွဲ့တော့ (၂၀၂၁) မှာရိုက်ကူးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Source : Poe Kyae Phyu Khin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *