ဒီႏွစ္ေမြးေန႔မွာ အရင္တုန္းကလို ေဘးနားမွာမရွိႏိုင္ေတာ့တဲ့ မိခင္ႀကီးေၾကာင့္ ဝမ္းနည္းေနရတဲ့ ဂြမ္းပံု

ယေန႔ ဩဂုတ္လ ၃၁ရက္ေန႔ေလးကေတာ့ သ႐ုပ္ေဆာင္ ဂြမ္းပုံရဲ႕ ေမြးေန႔ရက္ျမတ္ေလးပဲျဖစ္ပါတယ္။ ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အႏုပညာလမ္းေၾကာင္းထက္မွာ ေအာင္ျမင္မႈမ်ားစြာနဲ႔ ေလွ်ာက္လွမ္းေနတဲ့ ဂြမ္းပုံကေတာ့ ဗီဒီယိုဇာတ္ကားအေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ယေန႔တိုင္ အႏုပညာလႈပ္ရွားမႈေတြကို လုပ္ကိုင္ေနတာကိုလည္း ေတြ႕ရပါတယ္။ အသက္အ႐ြယ္နဲ႔

မလိုက္ေအာင္ ႏုပ်ိဳလြန္းတဲ့ သူမကို ပရိသတ္ေတြက တစ္ခဲနက္အားေပးခ်စ္ခင္ေနၾကတာလည္း ျဖစ္ပါတယ္။ ဂြမ္းပုံက ယေန႔က်ေရာက္တဲ့ သူမရဲ႕ ေမြးေန႔ရက္ျမတ္ေလးမွာ ခါတိုင္းႏွစ္ေတြနဲ႔ မတူပဲ မိခင္နဲ႔အတူ ျဖတ္သန္းခြင့္မရေတာ့တာေၾကာင့္ ဝမ္းနည္း စိတ္မေကာင္းျဖစ္ေနတာပဲျဖစ္ပါတယ္။ သူမရဲ႕ မိခင္ျဖစ္သူ

ကြယ္လြန္သြားခဲ့တာ လပိုင္းအခ်ိန္ေလာက္ရွိၿပီးျဖစ္ၿပီး ယေန႔ေမြးေန႔ေလးမွာေတာ့ အရင္ႏွစ္က မိသားစုနဲ႔အတူ ေပ်ာ္႐ႊင္စြာျဖတ္သန္းခဲ့တဲ့ အမွတ္တရပုံရိပ္ေလးေတြကို တင္​ေပးလာတာပဲျဖစ္ပါတယ္။ ဂြမ္းပုံက ေမြးေန႔ အမွတ္တရပုံေလးေတြကို တင္ေပးလာရင္း ” ေပ်ာ္႐ႊင္ဖြယ္ရာေမြးေန႔ေပါင္းမ်ားစြာကို

“ခ်စ္ေမေမနဲ႔အတူ”ျဖတ္သန္းခဲ့ၾကတယ္ေနာ္ ဒီႏွစ္.. ေမေမ့. သမီးရဲ႕ေမြးေန႔…(31.8.2020) ” ဆိုတဲ့ စာသားေလးကို ဝမ္းနည္းေၾကကြဲစြာေရးသားလာတာျဖစ္လို႔ ခ်စ္ပရိသတ္ေတြၾကည့္ရႈေစႏိုင္ရန္အတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္။ ကဲ ခ်စ္ရတဲ့ ပရိသတ္ေတြကလည္း သ႐ုပ္ေဆာင္ ဂြမ္းပုံကို ေမြးေန႔ဆုေတာင္းစကားေလး ေျပာေပးခဲ့ၾကဖို႔ မေမ့လိုက္ပါနဲ႔ေနာ္….။

Read in UNICODE

ယနေ့ ဩဂုတ်လ ၃၁ရက်နေ့လေးကတော့ သရုပ်ဆောင် ဂွမ်းပုံရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုများစွာနဲ့ လျှောက်လှမ်းနေတဲ့ ဂွမ်းပုံကတော့ ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယနေ့တိုင် အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ အသက်အရွယ်နဲ့

မလိုက်အောင် နုပျိုလွန်းတဲ့ သူမကို ပရိသတ်တွေက တစ်ခဲနက်အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ ဂွမ်းပုံက ယနေ့ကျရောက်တဲ့ သူမရဲ့ မွေးနေ့ရက်မြတ်လေးမှာ ခါတိုင်းနှစ်တွေနဲ့ မတူပဲ မိခင်နဲ့အတူ ဖြတ်သန်းခွင့်မရတော့တာကြောင့် ဝမ်းနည်း စိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယ်။ သူမရဲ့ မိခင်ဖြစ်သူ

ကွယ်လွန်သွားခဲ့တာ လပိုင်းအချိန်လောက်ရှိပြီးဖြစ်ပြီး ယနေ့မွေးနေ့လေးမှာတော့ အရင်နှစ်က မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ဂွမ်းပုံက မွေးနေ့ အမှတ်တရပုံလေးတွေကို တင်ပေးလာရင်း ” ပျော်ရွှင်ဖွယ်ရာမွေးနေ့ပေါင်းများစွာကို

“ချစ်မေမေနဲ့အတူ”ဖြတ်သန်းခဲ့ကြတယ်နော် ဒီနှစ်.. မေမေ့. သမီးရဲ့မွေးနေ့…(31.8.2020) ” ဆိုတဲ့ စာသားလေးကို ဝမ်းနည်းကြေကွဲစွာရေးသားလာတာဖြစ်လို့ ချစ်ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေကလည်း သရုပ်ဆောင် ဂွမ်းပုံကို မွေးနေ့ဆုတောင်းစကားလေး ပြောပေးခဲ့ကြဖို့ မမေ့လိုက်ပါနဲ့နော်….။

Source : Goon Sein’s Faebook

Add a Comment

Your email address will not be published. Required fields are marked *