မုန္႔ေတြအားရပါးရစားေနတဲ့ ရဲေလးရဲ႕ အေနာက္ကေန ႐ုတ္တရတ္ႀကီး ထြက္လာၿပီး စေနာက္ခဲ့တဲ့ ေနတိုး

ေနတိုးကေတာ့ အႏုပညာသက္တမ္း ႏွစ္ (၂၀) နီးပါးတိုင္ ေအာင္ျမင္မႈကို မယိမ္းမယိုင္ပဲ ထိန္းသိမ္းထားႏိုင္ဆဲ ျဖစ္ပါတယ္။ ေနတိုးက အကယ္ဒမီဆုႀကီး (၃) ဆုတိတိကို လက္ဝယ္ပိုင္ဆိုင္ထားသလို တစ္ႏိုင္ငံလံုး အတိုင္းအတာနဲ႔ အားေပးမႈေတြကို တစ္ဟုန္ထိုး

ရရိွေနလ်က္ရိွပါတယ္။ ေအာင္ျမင္တဲ့ မင္းသားတစ္လက္ျဖစ္တဲ့ ေနတိုးကေတာ့ ဇာတ္႐ုပ္မ်ိဳးစံုမွာ အေကာင္းဆံုးႀကိဳးစားျပႏိုင္ေပမယ့္ သူ႔ရဲ႕ လက္ေတြ႔ဘဝက ေနထိုင္မႈပံုစံကေတာ့ အရမ္းကို ႐ိုး႐ွင္းလွပါတယ္။ အေနေအးသူတစ္ေယာက္ျဖစ္ေပမယ့္ သူ႔ရဲ႕ ခင္မင္ရတဲ့ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ဆို ေပ်ာ္ေပ်ာ္ေနတတ္တဲ့

ေနတိုးက ဒီတစ္ေခါက္မွာလည္း သူ႔ရဲ႕ ညီငယ္ေလး အဆိုေတာ္၊ သ႐ုပ္ေဆာင္ ရဲေလးကို စေနာက္က်ီစယ္ထားပါတယ္။ ေနတိုးက အားရပါးရမုန္႔စားျပေနတဲ့ ရဲေလးရဲ႕အေနာက္ကေန ႐ုတ္တရက္ႀကီးထြက္လာၿပီး ရဲေလးကို စေနာက္က်ီစယ္ခဲ့တာကို အခုလိုပဲ ေတြ႔ရပါတယ္။ ေနတိုးကေတာ့

My Day တင္ၿပီး အျမဲတမ္းစားေသာက္ျပေလ့ရိွတဲ့ ရဲေလးရဲ႕ အက်င့္ကိုသိလို႔ တမင္ကို စေနာက္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ရဲေလးနဲ႔ ေနတိုးရဲ႕ အျဖစ္ေလးကို သေဘာက်ၾကမယ္ ထင္ပါတယ္။ ဖတ္႐ႈေပးၾကတဲ့ ပရိသတ္ႀကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

နေတိုးကတော့ အနုပညာသက်တမ်း နှစ် (၂၀) နီးပါးတိုင် အောင်မြင်မှုကို မယိမ်းမယိုင်ပဲ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ နေတိုးက အကယ်ဒမီဆုကြီး (၃) ဆုတိတိကို လက်ဝယ်ပိုင်ဆိုင်ထားသလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးမှုတွေကို တစ်ဟုန်ထိုး

ရရှိနေလျက်ရှိပါတယ်။ အောင်မြင်တဲ့ မင်းသားတစ်လက်ဖြစ်တဲ့ နေတိုးကတော့ ဇာတ်ရုပ်မျိုးစုံမှာ အကောင်းဆုံးကြိုးစားပြနိုင်ပေမယ့် သူ့ရဲ့ လက်တွေ့ဘဝက နေထိုင်မှုပုံစံကတော့ အရမ်းကို ရိုးရှင်းလှပါတယ်။ အနေအေးသူတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ ခင်မင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဆို ပျော်ပျော်နေတတ်တဲ့

နေတိုးက ဒီတစ်ခေါက်မှာလည်း သူ့ရဲ့ ညီငယ်လေး အဆိုတော်၊ သရုပ်ဆောင် ရဲလေးကို စနောက်ကျီစယ်ထားပါတယ်။ နေတိုးက အားရပါးရမုန့်စားပြနေတဲ့ ရဲလေးရဲ့အနောက်ကနေ ရုတ်တရက်ကြီးထွက်လာပြီး ရဲလေးကို စနောက်ကျီစယ်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ နေတိုးကတော့

My Day တင်ပြီး အမြဲတမ်းစားသောက်ပြလေ့ရှိတဲ့ ရဲလေးရဲ့ အကျင့်ကိုသိလို့ တမင်ကို စနောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရဲလေးနဲ့ နေတိုးရဲ့ အဖြစ်လေးကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Ye Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *