မၾကာခဏ ေခါင္းကိုက္တတ္သူေတြအတြက္ အလြယ္တကူလုပ္လို႔ရတဲ့ အိမ္တြင္းေဆးနည္းမ်ား

ေခါင္းကိုက္တာက ေတာ္ေတာ္ေလးကို ခံရခက္ေစတဲ့ ေဝဒနာတစ္ရပ္ပါ။ အခ်ိဳ႕က ေတာ္႐ုံတန္႐ုံ ေခါင္းမကိုက္တတ္ၾကေပမယ့္ ေခါင္းကိုက္ရင္ခံရခက္ပါတယ္ဆိုတဲ့သူေတြကပဲ ပိုၿပီးေခါင္းကိုက္ေလ့ရွိပါတယ္။ အဲ့ဒီလိုေတြႀကဳံလာရၿပီဆိုရင္ ေနထိုင္မေကာင္းျဖစ္လာမယ္၊ စိတ္လက္မၾကည္မလင္ျဖစ္လာၿပီး ကိုယ့္ရဲ႕ေန႔စဥ္လုပ္စရာကိစၥေတြကိုပါ ထိခိုက္ေစပါလိမ့္မယ္။ အဲ့ဒါေၾကာင့္လည္း ဒီေန႔မွာေခါင္းကိုက္တတ္တဲ့သူေတြအတြက္ အိမ္မွာပဲလြယ္လင့္တကူကုသႏိုင္ဖို႔ အိမ္တြင္းေဆးနည္းေတြကို တင္ဆက္ေပးလိုက္ရပါတယ္။

မနက္ႏိုးႏိုးခ်င္း ေခါင္းကိုက္တဲ့အခါ – မနက္အိပ္ရာႏိုးႏိုးခ်င္း ေခါင္းကိုက္တဲ့အခါ ပန္းသီးစိတ္ကို ဆားအနည္းငယ္နဲ႔တို႔စားေပးၿပီး အဲ့ဒီေနာက္မွာ ေရေႏြးေသာက္ေပးတာကလည္း ေခါင္းကိုက္ေဝဒနာကို သိသိသာသာေပ်ာက္ကင္းေစႏိုင္ပါတယ္။ ေနာက္ထပ္နည္းလမ္းအေနနဲ႔ ပန္းသီးအရသာနဲ႔ cider vinegar ကို ေရတစ္ခြက္၊ ပ်ားရည္နဲ႔ သံပုရာရည္ေရာစပ္ၿပီး တစ္ေန႔ကို (၂) ခြက္ကေန (၃) ခြက္အထိ ေသာက္သုံးေပးသင့္ပါတယ္။

အပူအေအးဓာတ္ျဖင့္ ကုသေပးပါ။ – ကိုယ့္ရဲ႕ ေနာက္ေက်ာကို ေရခဲအိတ္ကပ္ေပးတာက ေခါင္းတစ္ျခမ္းကိုက္ေဝဒနာကို သိသိသာသာ သက္သာေပ်ာက္ကင္းေစၿပီး အဲ့ဒီလိုမွမလုပ္ခ်င္ဘူးဆိုရင္လည္း ေရေႏြးထည့္ထားတဲ့ဇလုံထဲမွာ ကိုယ့္ရဲ႕ေျခေထာက္ကိုစိမ္ေပးထားတာကလည္း ေခါင္းကိုက္ေဝဒနာကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

အေၾကာေလွ်ာ့ေလ့က်င့္ခန္းျပဳလုပ္ပါ။ – အေၾကာေလွ်ာ့တာက ခႏၶာကိုယ္ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး ေညာင္းညာေနတဲ့အခ်ိန္မွာလည္း အေထာက္အကူျဖစ္ေစတဲ့ ေလ့က်င့္ခန္း တစ္ခုပါ။ ေခါင္းကိုက္ေနတယ္ဆိုရင္ေတာ့ ဦးေခါင္းကို ဘယ္ၾကည့္ညာၾကည့္ အေပၚၾကည့္ေအာက္ၾကည့္ စသျဖင့္ ေလ့က်င့္ခန္းလုပ္သင့္ၿပီး ပခုံးႏွစ္ဖက္ရွိရာဖက္ကိုလည္း ေခါင္းကိုေစာင္းေစာင္းေပးတဲ့ ေလ့က်င့္ခန္းကိုျပဳလုပ္သင့္သလို ေခါင္းကို (၃၆၀) ဒီဂရီလွည့္တဲ့ေလ့က်င့္ခန္းကလည္း ပခုံးနဲ႔လည္ပင္းတို႔မွာရွိတဲ့ ႂကြက္သားေတြကို ေျပလ်ာ့ေစပါလိမ့္မယ္။

စမုန္ျဖဴကို အသုံးျပဳပါ။ – စမုန္ျဖဴအမႈန႔္တစ္စက္ႏွစ္စက္ေလာက္ကို ေလးညႇင္းဆီလိုေဆးျဖစ္ဝါးျဖစ္ အဆီတစ္မ်ိဳးမ်ိဳးထဲထည့္ၿပီး နဖူးေပၚလိမ္းေပးထားပါ။ ၿပီးရင္ မိနစ္ေတာ္ေတာ္ၾကာၾကာေအာင္ ၿငိမ္ၿငိမ္ေလးထိုင္ေနလိုက္မယ္ဆိုရင္ ခံစားေနရတဲ့ ေခါင္းကိုက္ေဝဒနာေတြက သိသိသာသာ ေပ်ာက္ကင္းသြားပါလိမ့္မယ္။

သစ္ႀကံပိုးေခါက္ကိုအသုံးျပဳပါ။ – သစ္ႀကံပိုးေခါက္ကို အမႈန႔္ႀကိတ္ၿပီး ေရထဲထည့္ကာ အဲ့ဒီအရည္ကို နဖူးနဲ႔နားထင္အနီးအနားတစ္ဝိုက္မွာ လိမ္းေပးၿပီး မိနစ္ (၃၀) ခန႔္ထားပါ။ ၿပီးရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာသစ္ေပးလိုက္တာက ေခါင္းကိုက္ေဝဒနာသက္သာေစဖို႔အတြက္ ေဆးစြမ္းေကာင္းတစ္လက္ပါပဲ။

Peppermint အဆီကို အသုံးျပဳပါ။ – ပူစီနံနဲ႔ ဆင္တူတဲ့အ႐ြက္ျဖစ္ေပမယ့္ ပူစီနံမဟုတ္ဘဲ ပင္စိမ္းတစ္မ်ိဳးအျဖစ္သာ သတ္မွတ္ထားပါတယ္။ အစာအိမ္အူလမ္းေၾကာင္းဆိုင္ရာျပႆနာေတြအတြက္ပါ အသုံးဝင္တဲ့ ဒီေဆးဝါးကို ေခါင္းကိုက္တဲ့အခ်ိန္မွာ နားထင္ကိုလူးေပးတာမ်ိဳး၊ ေသာက္သုံးေပးတာမ်ိဳးတို႔ ျပဳလုပ္ႏိုင္တဲ့အျပင္ ရႉေဆးအျဖစ္လည္း အသုံးျပဳႏိုင္ပါတယ္။ ပင္စိမ္းအဆီမွာပါဝင္တဲ့ Menthol ဓာတ္က ဦးေခါင္းနဲ႔ ဦးေႏွာက္ေသြးလႊတ္ေၾကာေတြ ေရာင္ရမ္းျခင္းကကာကြယ္ေပးႏိုင္ၿပီး ေသာက္သုံးတဲ့ေနရာမွာလည္း အရသာခ်ိဳျမျမရရွိႏိုင္ဖို႔အတြက္ ပ်ားရည္အနည္းငယ္နဲ႔ ေရာစပ္ေသာက္သုံးေပးႏိုင္တယ္လို႔ သိရွိရပါတယ္။ ဒါ့အျပင္ ေလးညႇင္းဆီကလည္း ေခါင္းကိုက္ေဝဒနာအတြက္ အသုံးဝင္တဲ့ေဆးဝါးတစ္လက္ျဖစ္ၿပီး ေရေႏြးဆူဆူထဲမွာ ေလးညႇင္းဆီ ႏွစ္စက္ထည့္ၿပီး အဲ့ဒီေရေႏြးေငြ႕ကို ရႉရႈိက္ေပးတာက ေခါင္းကိုက္ေပ်ာက္ဖို႔ အေထာက္အကူျဖစ္ေစပါတယ္။

ဂ်င္းကိုအသုံးျပဳပါ – ဟင္းခ်က္တဲ့ေနရာမွာ ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္လည္း အသုံးျပဳႏိုင္တဲ့ ဂ်င္းက အစာေၾကရင္ေခ်ာင္ေစတဲ့အျပင္ ေခါင္းကိုက္ေဝဒနာအတြက္လည္း အသုံးဝင္တဲ့ ေဆးစြမ္းေကာင္းတစ္လက္ျဖစ္ပါတယ္။ ဂ်င္းမွာပါဝင္တဲ့အာနိသင္က ေခါင္းမွာရွိတဲ့ေသြးေၾကာေတြ ေရာင္ရမ္းတာကိုေလွ်ာ့ခ်ေပးႏိုင္ၿပီး ေခါင္းတစ္ျခမ္းကိုက္လို႔ ပ်ိဳ႕အန္ခ်င္တဲ့အခါမ်ိဳးမွာလည္း သက္သာရာရေစပါတယ္။ အဲ့ဒါေၾကာင့္လည္း ေခါင္းကိုက္တတ္တဲ့သူေတြအေနနဲ႔ ဂ်င္းေဖ်ာ္ရည္ကို သံပရာရည္နဲ႔ေရာေသာက္ေပးသင့္ၿပီး တစ္ရက္ကို (၁) ႀကိမ္ ဒါမွမဟုတ္ (၂) ႀကိမ္အထိ ေသာက္သုံးေပးသင့္ပါတယ္။

ႀကိဳတင္ကာကြယ္ျခင္း – ေရာဂါျဖစ္မွကုသျခင္းထက္ ႀကိဳတင္ကာကြယ္ျခင္းက ပိုမိုထိေရာက္တယ္ဆိုတဲ့စကားကို အားလုံးပဲ ရင္းႏွီးၿပီးသားျဖစ္မွာပါ။ က်န္းမာေရးေကာင္းမြန္ဖို႔အတြက္ အသက္ရႉေလ့က်င့္ခန္းေတြ၊ အေၾကာေလွ်ာ့ေလ့က်င့္ခန္းေတြအျပင္ ေန႔စဥ္ပုံမွန္ေယာဂက်င့္ေပးတာကလည္း ေခါင္းကိုက္ေဝဒနာေတြအတြက္တင္မကဘဲ ကိုယ္ခႏၶာရဲ႕အျခားေသာက်န္းမာဖို႔လိုအပ္တဲ့အစိတ္အပိုင္းေတြအတြက္ပါ အေထာက္အကူျဖစ္ေစမွာ အေသအခ်ာပါပဲ။

Read in UNICODE

ခေါင်းကိုက်တာက တော်တော်လေးကို ခံရခက်စေတဲ့ ဝေဒနာတစ်ရပ်ပါ။ အချို့က တော်ရုံတန်ရုံ ခေါင်းမကိုက်တတ်ကြပေမယ့် ခေါင်းကိုက်ရင်ခံရခက်ပါတယ်ဆိုတဲ့သူတွေကပဲ ပိုပြီးခေါင်းကိုက်လေ့ရှိပါတယ်။ အဲ့ဒီလိုတွေကြုံလာရပြီဆိုရင် နေထိုင်မကောင်းဖြစ်လာမယ်၊ စိတ်လက်မကြည်မလင်ဖြစ်လာပြီး ကိုယ့်ရဲ့နေ့စဉ်လုပ်စရာကိစ္စတွေကိုပါ ထိခိုက်စေပါလိမ့်မယ်။ အဲ့ဒါကြောင့်လည်း ဒီနေ့မှာခေါင်းကိုက်တတ်တဲ့သူတွေအတွက် အိမ်မှာပဲလွယ်လင့်တကူကုသနိုင်ဖို့ အိမ်တွင်းဆေးနည်းတွေကို တင်ဆက်ပေးလိုက်ရပါတယ်။

မနက်နိုးနိုးချင်း ခေါင်းကိုက်တဲ့အခါ – မနက်အိပ်ရာနိုးနိုးချင်း ခေါင်းကိုက်တဲ့အခါ ပန်းသီးစိတ်ကို ဆားအနည်းငယ်နဲ့တို့စားပေးပြီး အဲ့ဒီနောက်မှာ ရေနွေးသောက်ပေးတာကလည်း ခေါင်းကိုက်ဝေဒနာကို သိသိသာသာပျောက်ကင်းစေနိုင်ပါတယ်။ နောက်ထပ်နည်းလမ်းအနေနဲ့ ပန်းသီးအရသာနဲ့ cider vinegar ကို ရေတစ်ခွက်၊ ပျားရည်နဲ့ သံပုရာရည်ရောစပ်ပြီး တစ်နေ့ကို (၂) ခွက်ကနေ (၃) ခွက်အထိ သောက်သုံးပေးသင့်ပါတယ်။

အပူအအေးဓာတ်ဖြင့် ကုသပေးပါ။ – ကိုယ့်ရဲ့ နောက်ကျောကို ရေခဲအိတ်ကပ်ပေးတာက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သိသိသာသာ သက်သာပျောက်ကင်းစေပြီး အဲ့ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ရေနွေးထည့်ထားတဲ့ဇလုံထဲမှာ ကိုယ့်ရဲ့ခြေထောက်ကိုစိမ်ပေးထားတာကလည်း ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

အကြောလျှော့လေ့ကျင့်ခန်းပြုလုပ်ပါ။ – အကြောလျှော့တာက ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ညောင်းညာနေတဲ့အချိန်မှာလည်း အထောက်အကူဖြစ်စေတဲ့ လေ့ကျင့်ခန်း တစ်ခုပါ။ ခေါင်းကိုက်နေတယ်ဆိုရင်တော့ ဦးခေါင်းကို ဘယ်ကြည့်ညာကြည့် အပေါ်ကြည့်အောက်ကြည့် စသဖြင့် လေ့ကျင့်ခန်းလုပ်သင့်ပြီး ပခုံးနှစ်ဖက်ရှိရာဖက်ကိုလည်း ခေါင်းကိုစောင်းစောင်းပေးတဲ့ လေ့ကျင့်ခန်းကိုပြုလုပ်သင့်သလို ခေါင်းကို (၃၆၀) ဒီဂရီလှည့်တဲ့လေ့ကျင့်ခန်းကလည်း ပခုံးနဲ့လည်ပင်းတို့မှာရှိတဲ့ ကြွက်သားတွေကို ပြေလျာ့စေပါလိမ့်မယ်။

စမုန်ဖြူကို အသုံးပြုပါ။ – စမုန်ဖြူအမှုန့်တစ်စက်နှစ်စက်လောက်ကို လေးညှင်းဆီလိုဆေးဖြစ်ဝါးဖြစ် အဆီတစ်မျိုးမျိုးထဲထည့်ပြီး နဖူးပေါ်လိမ်းပေးထားပါ။ ပြီးရင် မိနစ်တော်တော်ကြာကြာအောင် ငြိမ်ငြိမ်လေးထိုင်နေလိုက်မယ်ဆိုရင် ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာတွေက သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

သစ်ကြံပိုးခေါက်ကိုအသုံးပြုပါ။ – သစ်ကြံပိုးခေါက်ကို အမှုန့်ကြိတ်ပြီး ရေထဲထည့်ကာ အဲ့ဒီအရည်ကို နဖူးနဲ့နားထင်အနီးအနားတစ်ဝိုက်မှာ လိမ်းပေးပြီး မိနစ် (၃၀) ခန့်ထားပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်တာက ခေါင်းကိုက်ဝေဒနာသက်သာစေဖို့အတွက် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

Peppermint အဆီကို အသုံးပြုပါ။ – ပူစီနံနဲ့ ဆင်တူတဲ့အရွက်ဖြစ်ပေမယ့် ပူစီနံမဟုတ်ဘဲ ပင်စိမ်းတစ်မျိုးအဖြစ်သာ သတ်မှတ်ထားပါတယ်။ အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက်ပါ အသုံးဝင်တဲ့ ဒီဆေးဝါးကို ခေါင်းကိုက်တဲ့အချိန်မှာ နားထင်ကိုလူးပေးတာမျိုး၊ သောက်သုံးပေးတာမျိုးတို့ ပြုလုပ်နိုင်တဲ့အပြင် ရှူဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ပင်စိမ်းအဆီမှာပါဝင်တဲ့ Menthol ဓာတ်က ဦးခေါင်းနဲ့ ဦးနှောက်သွေးလွှတ်ကြောတွေ ရောင်ရမ်းခြင်းကကာကွယ်ပေးနိုင်ပြီး သောက်သုံးတဲ့နေရာမှာလည်း အရသာချိုမြမြရရှိနိုင်ဖို့အတွက် ပျားရည်အနည်းငယ်နဲ့ ရောစပ်သောက်သုံးပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် လေးညှင်းဆီကလည်း ခေါင်းကိုက်ဝေဒနာအတွက် အသုံးဝင်တဲ့ဆေးဝါးတစ်လက်ဖြစ်ပြီး ရေနွေးဆူဆူထဲမှာ လေးညှင်းဆီ နှစ်စက်ထည့်ပြီး အဲ့ဒီရေနွေးငွေ့ကို ရှူရှိုက်ပေးတာက ခေါင်းကိုက်ပျောက်ဖို့ အထောက်အကူဖြစ်စေပါတယ်။

ဂျင်းကိုအသုံးပြုပါ – ဟင်းချက်တဲ့နေရာမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း အသုံးပြုနိုင်တဲ့ ဂျင်းက အစာကြေရင်ချောင်စေတဲ့အပြင် ခေါင်းကိုက်ဝေဒနာအတွက်လည်း အသုံးဝင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ ဂျင်းမှာပါဝင်တဲ့အာနိသင်က ခေါင်းမှာရှိတဲ့သွေးကြောတွေ ရောင်ရမ်းတာကိုလျှော့ချပေးနိုင်ပြီး ခေါင်းတစ်ခြမ်းကိုက်လို့ ပျို့အန်ချင်တဲ့အခါမျိုးမှာလည်း သက်သာရာရစေပါတယ်။ အဲ့ဒါကြောင့်လည်း ခေါင်းကိုက်တတ်တဲ့သူတွေအနေနဲ့ ဂျင်းဖျော်ရည်ကို သံပရာရည်နဲ့ရောသောက်ပေးသင့်ပြီး တစ်ရက်ကို (၁) ကြိမ် ဒါမှမဟုတ် (၂) ကြိမ်အထိ သောက်သုံးပေးသင့်ပါတယ်။

ကြိုတင်ကာကွယ်ခြင်း – ရောဂါဖြစ်မှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်တယ်ဆိုတဲ့စကားကို အားလုံးပဲ ရင်းနှီးပြီးသားဖြစ်မှာပါ။ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းတွေ၊ အကြောလျှော့လေ့ကျင့်ခန်းတွေအပြင် နေ့စဉ်ပုံမှန်ယောဂကျင့်ပေးတာကလည်း ခေါင်းကိုက်ဝေဒနာတွေအတွက်တင်မကဘဲ ကိုယ်ခန္ဓာရဲ့အခြားသောကျန်းမာဖို့လိုအပ်တဲ့အစိတ်အပိုင်းတွေအတွက်ပါ အထောက်အကူဖြစ်စေမှာ အသေအချာပါပဲ။

Source : LifeStyleMyanmar

Add a Comment

Your email address will not be published. Required fields are marked *