ရခိုင္ျပည္နယ္က အေျခခံလူတန္းစားေတြအတြက္ (၅)သိန္းဖိုးရိွတဲ့ ပစၥည္းေတြကို တစ္အိမ္ေထာင္လွ်င္ (၂၅၀၀၀)နႈန္းနဲ့ လွဴဒါန္းခဲ့တဲ့ သားငယ္

သားငယ္ကေတာ့ျမန္မာအိုင္ေဒါ ျပိဳင္ပြဲၾကီး ျပီးဆံုးသြားခ်ိန္မွာေတာ့ အဆိုေတာ္တစ္ေယာက္အျဖစ္ အနုပညာလမ္းမမွာ ေလွ်ာက္လွမ္းနုိင္ခဲ့တာပဲ ျဖစ္ပါတယ္။ သားငယ္ကေတာ့ သူ့ရဲ့ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ကိုလည္း ေအာင္ေအာင္ျမင္ျမင္ ထုတ္လုပ္နိုင္ခဲ့ျပီး တစ္နိုင္ငံလံုးအတိုင္းအတာနဲ့ အားေပးသူ ပရိသတ္ အခိုင္အမာရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ရခိုင္တိုင္းရင္းသားတစ္ေယာက္ျဖစ္တဲ့

သားငယ္ကေတာ့ အေရးၾကီးရင္ ေသြးနီးတယ္ဆိုတဲ့ စကားအတိုင္း ဒီကေန့မွာေတာ့ Covid-19 ေရာဂါပိုး ကူးစက္ပ်ံ့ပြားေနတဲ့ ရခိုင္ျပည္နယ္ကို အလွဴအတန္းေတြ ျပဳလုပ္ေနပါတယ္။ သားငယ္က ရခုိင္ျပည္နယ္တြင္ျဖစ္ေပၚေနတဲ့ Covid-19 ကာလအတြင္း အေျခခံျပည္သူမ်ားအတြက္

စားေသာက္ကုန္(၁၈)မ်ဳိးပါ၀င္တဲ့ ေငြက်ပ္ (၂၅၀၀၀) တန္ဖိုးရိွ ရိကၡာမ်ားအတြက္ စုစုေပါင္း (၅) သိန္းက်ပ္တိတိကို ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္ အလိုေတာ္ျပည့္ေက်ာင္းတိုက္ အသွ်င္ကုမာရ ထံသို႔ ေပးအပ္လွဴဒါန္းခ့ဲတယ္လို့ သိရပါတယ္။ သားငယ္ကေတာ့ သူ့ရဲ့ေမြးရပ္ေျမ

ရခိုင္ျပည္နယ္အတြက္ ေထာက္ပံ့လွဴဒါန္းမႈေတြကို တတ္နိုင္သေလာက္ ျပဳလုပ္ေပးေနလ်က္ရိွတာပဲ ျဖစ္ပါတယ္။ ရခိုင္ျပည္ၾကီးလည္း အျမန္ဆံုး ေရာဂါဘယေတြကင္းေဝးျပီး ေအးခ်မ္းပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

သားငယ်ကတော့မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာတော့ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလမ်းမမှာ လျှောက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သားငယ်ကတော့ သူ့ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ကိုလည်း အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးသူ ပရိသတ် အခိုင်အမာရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့

သားငယ်ကတော့ အရေးကြီးရင် သွေးနီးတယ်ဆိုတဲ့ စကားအတိုင်း ဒီကနေ့မှာတော့ Covid-19 ရောဂါပိုး ကူးစက်ပျံ့ပွားနေတဲ့ ရခိုင်ပြည်နယ်ကို အလှူအတန်းတွေ ပြုလုပ်နေပါတယ်။ သားငယ်က ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေတဲ့ Covid-19 ကာလအတွင်း အခြေခံပြည်သူများအတွက်

စားသောက်ကုန်(၁၈)မျိုးပါဝင်တဲ့ ငွေကျပ် (၂၅၀၀၀) တန်ဖိုးရှိ ရိက္ခာများအတွက် စုစုပေါင်း (၅) သိန်းကျပ်တိတိကို ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သားငယ်ကတော့ သူ့ရဲ့မွေးရပ်မြေ

ရခိုင်ပြည်နယ်အတွက် ထောက်ပံ့လှူဒါန်းမှုတွေကို တတ်နိုင်သလောက် ပြုလုပ်ပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်ကြီးလည်း အမြန်ဆုံး ရောဂါဘယတွေကင်းဝေးပြီး အေးချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Ashin Kumara’s Facebook

Add a Comment

Your email address will not be published. Required fields are marked *