ခ်င္းေတာင္တန္းဆရာေတာ္ႀကီးရဲ႕ ေမြးေန႔မွာ ျပည္ေတာ္ေအးကပ္ေက်ာ္ က်ီးမႏိုး ေစတီေတာ္ႀကီးကို တည္ႏိုင္ခဲ့တယ္ဆိုတဲ့ ၿဖိဳးျမတ္ေအာင္
|အဆိုေတာ္ ၿဖိဳးျမတ္ေအာင္ကေတာ့ ကိုဗစ္ကာလအေတာအတြင္းမွာ ဘာသာေရး အလုပ္ေတြ ပိုၿပီး လုပ္ျဖစ္ေနတယ္လို႔ဆိုပါတယ္။ “ ကြၽန္ေတာ္ ကိုဗစ္ကာလအေတာ္အတြင္းမွာေတာ့ ဘာသာေရး ပိုလုပ္ျဖစ္တယ္။ တရားထိုင္ျဖစ္တယ္။ အဲဒီအက်ိဳးအျမတ္ေတြေတာ့ ရလိုက္တယ္။ ခ်င္းေတာင္တန္းဆရာေတာ္ႀကီးရဲ႕ေမြးေန႔မွာ ေတာင္ညိဳေလး ဆရာေတြရယ္၊ ကြၽန္ေတာ္ရယ္၊ ကြၽန္ေတာ့္ရဲ႕ We Love မိသားစုေတြရယ္ ဆုေပါင္းၿပီးေတာ့ ဘုန္းဘုန္းေမြးေန႔ အမွတ္တရ လက္ေဆာင္အျဖစ္ ျပည္ေတာ္ေအး ကပ္ေက်ာ္ က်ီးမႏိုးေစတီေတာ္ ႀကီးကို တည္ထားခဲ့ႏိုင္တယ္ “ လို႔ သူက ဆိုပါတယ္။ လက္ရွိမွာလည္း ဂီတနဲ႔ ပတ္သက္ၿပီး သီခ်င္းေတြ

ဖန္တီးေနသလို မၾကာေသးခင္ရက္ပိုင္းကလည္း Joox ကေန ပရိသတ္ေတြေပးတဲ့ JOOX 2020 Half Year ရဲ႕ Artist and Song Award ဆုကိုလည္း ရရွိခဲ့ပါေသးတယ္။ ပရိသတ္ေတြVoting ေပးလို႔ ရခဲ့တဲ့ဆုေတြနဲ႔ ပတ္သက္ၿပီးမိသားစုနဲ႔တိုင္ပင္ကာ အလႉအတန္းေတြ ထပ္လုပ္ဖို႔လည္း စဥ္းစားထားတယ္လို႔ ဆိုပါတယ္။အခုလို ဆုရဖို႔ အားေပးခဲ့တဲ့ ပရိသတ္ေတြအားလုံးကိုလည္း ေက်းဇူးတင္ေၾကာင္း အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါေသးတယ္။ “ကြၽန္ေတာ့္အတြက္ အပင္ပန္းခံ Vote လုပ္ေပးခဲ့ၾကတဲ့ ပရိသတ္ေတြအားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။တခ်ိဳ႕ေတြဆို

ဖုန္းေတြေတာင္ဟန္းကုန္တယ္လို႔ ေျပာသံၾကားတယ္။ အရမ္းေက်းဇူးတင္ပါတယ္။ ဒုတိယဘုရားသခင္ သီခ်င္းနဲ႔ ဆုရတဲ့အတြက္လည္းေပ်ာ္တယ္။ဒီဆုနဲ႔ ပတ္သက္ၿပီး ျပန္လႉဖို႔ေတြကို မိသားစုနဲ႔တိုင္ပင္ၿပီး တစ္ခုခုလုပ္ဖို႔ စဥ္းစားထားပါတယ္”လိုက သူက ဆက္လက္ေျပာျပခဲ့ပါတယ္။ၿဖိဳးျမတ္ေအာင္က ကိုဗစ္ကာလအတြင္းမွာ သူငယ္ခ်င္းေတြနဲ႔အတူ သီခ်င္းအသစ္ေတြ ဖန္တီးေနသလို ပရဟိတအလုပ္ေတြ ဆက္တိုက္လုပ္ေနတာ ေတြ႕ရပါတယ္။ ၿဖိဳးျမတ္ေအာင္ကိုေတာ့ Myanmar Idol Season 3 Winner တစ္ေယာက္အျဖစ္

ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူ႔ရဲ႕ ဂီတေျခလွမ္းေတြကိုအေသးစိတ္ျမင္ေတြ႕လာရတာျဖစ္ပါတယ္။ Myanmar Idol က ေနရရွိလာတဲ့ ဆုေငြေတြကိုလည္းၿဖိဳးျမတ္ေအာင္က အလႉအတန္းေတြ အဆက္မျပတ္ လုပ္ခဲ့တာကို ေတြ႕ရပါတယ္။ အႏုပညာအလုပ္အျပင္ ပရဟိတအလုပ္ေတြကိုပါ ဦးစားေပး လုပ္ကိုင္တတ္တဲ့ ၿဖိဳးျမတ္ေအာင္က ဘာသာေရး ကိုင္းရႈိင္းသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ၿပိဳင္ပြဲၿပီးကတည္းက ဘာသာေရးနဲ႔ ပတ္သက္ၿပီး အားသြန္ခြန္စိုက္လုပ္ကိုင္လ်က္ရွိတဲ့ ၿဖိဳးျမတ္ေအာင္ဟာ အလုပ္ေတြ ရႈပ္ေနတဲ့ အခ်ိန္မွာေတာင္ ဘာသာေရးနဲ႔ ပတ္သက္ၿပီး ပုံမွန္လုပ္ျဖစ္ေနတယ္လို႔ သိရပါတယ္။
Read in UNICODE
အဆိုတော် ဖြိုးမြတ်အောင်ကတော့ ကိုဗစ်ကာလအတောအတွင်းမှာ ဘာသာရေး အလုပ်တွေ ပိုပြီး လုပ်ဖြစ်နေတယ်လို့ဆိုပါတယ်။ “ ကျွန်တော် ကိုဗစ်ကာလအတော်အတွင်းမှာတော့ ဘာသာရေး ပိုလုပ်ဖြစ်တယ်။ တရားထိုင်ဖြစ်တယ်။ အဲဒီအကျိုးအမြတ်တွေတော့ ရလိုက်တယ်။ ချင်းတောင်တန်းဆရာတော်ကြီးရဲ့မွေးနေ့မှာ တောင်ညိုလေး ဆရာတွေရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့်ရဲ့ We Love မိသားစုတွေရယ် ဆုပေါင်းပြီးတော့ ဘုန်းဘုန်းမွေးနေ့ အမှတ်တရ လက်ဆောင်အဖြစ် ပြည်တော်အေး ကပ်ကျော် ကျီးမနိုးစေတီတော် ကြီးကို တည်ထားခဲ့နိုင်တယ် “ လို့ သူက ဆိုပါတယ်။ လက်ရှိမှာလည်း ဂီတနဲ့ ပတ်သက်ပြီး သီချင်းတွေ

ဖန်တီးနေသလို မကြာသေးခင်ရက်ပိုင်းကလည်း Joox ကနေ ပရိသတ်တွေပေးတဲ့ JOOX 2020 Half Year ရဲ့ Artist and Song Award ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။ ပရိသတ်တွေVoting ပေးလို့ ရခဲ့တဲ့ဆုတွေနဲ့ ပတ်သက်ပြီးမိသားစုနဲ့တိုင်ပင်ကာ အလှူအတန်းတွေ ထပ်လုပ်ဖို့လည်း စဉ်းစားထားတယ်လို့ ဆိုပါတယ်။အခုလို ဆုရဖို့ အားပေးခဲ့တဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။ “ကျွန်တော့်အတွက် အပင်ပန်းခံ Vote လုပ်ပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။တချို့တွေဆို

ဖုန်းတွေတောင်ဟန်းကုန်တယ်လို့ ပြောသံကြားတယ်။ အရမ်းကျေးဇူးတင်ပါတယ်။ ဒုတိယဘုရားသခင် သီချင်းနဲ့ ဆုရတဲ့အတွက်လည်းပျော်တယ်။ဒီဆုနဲ့ ပတ်သက်ပြီး ပြန်လှူဖို့တွေကို မိသားစုနဲ့တိုင်ပင်ပြီး တစ်ခုခုလုပ်ဖို့ စဉ်းစားထားပါတယ်”လိုက သူက ဆက်လက်ပြောပြခဲ့ပါတယ်။ဖြိုးမြတ်အောင်က ကိုဗစ်ကာလအတွင်းမှာ သူငယ်ချင်းတွေနဲ့အတူ သီချင်းအသစ်တွေ ဖန်တီးနေသလို ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေတာ တွေ့ရပါတယ်။ ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ်

ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။
Source : Cele YatKwat