သည်းခံအလျော့ပေးတိုင်း ရောင့်တက်လာသူတစ်ဦးကြောင့် အကြီးအကျယ် စိတ်ပျက်နေရတယ်ဆိုတဲ့ အောင်လေး





Read in UNICODE

အောင်လေးကတော့ မိန်းကလေးတွေကြွေချင်လောက်စရာ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အောင်လေးကတော့ လက်ရှိမှာ တစ်ကိုယ်တည်း Single တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း ပရိသတ်တွေအတွက်

ကြိုးစားနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ အောင်လေးရဲ့ ကြိုးစားမှုတွေအလျောက် ပရိသတ်တွေကလည်း အောင်လေးရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစားစောင့်ကြည့်အားပေးကြတာကို တွေ့ရပါတယ်။ အရာရာကို ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး ရင်ထဲမှာ သိမ်းဆည်းမထားတတ်တဲ့

အောင်လေးက ဒီကနေ့မှာတော့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရင်တွင်းခံစားချက်တွေကို ထုတ်ဖော်ပြောပြလာပါတယ်။ အောင်လေးက “စိတ်ပျက်ဖို့ကောင်းလာတယ်။ ဘယ်သူမပြု မိမိမှုပေါ့ ။ သည်းခံအေလျော့ပေးတိုင်း ရောင့်တက်ဖို့ မကောင်းဘူးဆိုတာ သိစေချင်တယ်” ဆိုပြီး

ပြောလာတာကို တွေ့ရပါတယ်။ အောင်လေးကတော့ တစ်စုံတစ်ယောက်သောသူကြောင့် အကြီးအကျယ် စိတ်ပျက်နေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Aung Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *