အိမ်ထောင်သက်(၂)နှစ်နီးပါး အရိပ်တကြည့်ကြည့်နဲ့ချစ်ပေးပြီး တာဝန်ကျေတဲ့ ခင်ပွန်းဖြစ်သူ ရွှေထူးကို ကျေးဇူးတင်စကားပြောခဲ့တဲ့ ရွှေမှုံရတီ





Read in UNICODE

ချစ်သူတွေစဖြစ်ကတည်းက ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ပရိသတ်တွေ စိတ်ဝင်စားမှုကို အပြည့်ရရှိခဲ့တဲ့ အနုပညာရှင်စုံတွဲပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက လက်ရှိမှာလည်း အိမ်ထောင်ရှင်တွေအဖြစ် ရပ်တည်ရင်း သူတို့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအတွက် လစ်ဟင်းမှုမရှိအောင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေလျက်ရှိပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီကတော့

ရင်သွေးယူဖို့ထက် အနုပညာအလုပ်တွေမှာ ပေးဆပ်နိုင်ဖို့ အချိန်တွေကို ပိုမိုအသုံးပြုနေလျက်ရှိပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တွေပီပီ အနုပညာအလုပ်တွေကို လက်မလည်အောင် လုပ်ကိုင်နေရတဲ့ ရွှေနှစ်ရွှေက တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့အကြောင်း ပြသဖို့လည်း ဝန်မလေးကြပါဘူး။ ဒီကနေ့မှာလည်း ရွှေမှုံရတီက သူ့ရဲ့ခင်ပွန်း ရွှေထူးကို “အရိပ်တကြည့်ကြည့် ဂရုစိုက်ပြီး

ချစ်ပေးလို့ ကျေးဇူးပါ ” ဆိုပြီး အိမ်ထောင်သက် (၂) နှစ်နီးပါးအတွင်းမှာ တာဝန်ကျေပွန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်စကားလေး ပြောထားတာကို တွေ့ရပါတယ်။ ရွှေမှုံရတီကတော့ အောင်မြင်နေပြီး ငယ်ရွယ်နုပျိုနေဆဲ အချိန်မှာတင် အိမ်ထောင်ပြုခဲ့တယ်ဆိုပေမယ့် သူမကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခဲ့လို့

အိမ်ထောင်ရေးကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ တစ်ယောက်ကိုတစ်ယောက် ဒီထက်မက ချစ်ပြီး ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Shwe Mhone Yati’s Facebook

Add a Comment

Your email address will not be published. Required fields are marked *