႐ုပ္ရွင္ေလာကသားေတြ အခန္႔မသင့္ရင္ တစ္ျပံဳႀကီး Quarantine ဝင္ရမွာျဖစ္ေၾကာင္း ေျပာျပခဲ့တဲ့ ဦးေကာင္းေက်ာ္

ဦးေကာင္းေက်ာ္ကေတာ့ ပရိသတ္ေတြကို ဟာဒယရႊင္ေဆးတိုက္ေကၽြးခဲ့တဲ့ ရႈမဝအၿငိမ့္အဖြဲ႕ရဲ႕ လူ႐ႊင္ေတာ္ ေဟာင္းတစ္ဦးျဖစ္သလို လက္ရွိ ေ႐ႊညီကိုအျငိမ့္သဘင္ရဲ့ လူ႐ႊင္ေတာ္အဖြဲ႕ဝင္တစ္ဦးလည္း ျဖစ္ပါတယ္။ ဦးေကာင္းေက်ာ္က လက္ရိွမွာလည္း လူရႊင္ေတာ္အသင္းရဲ့ ျပန္ၾကားေရးမႈးတစ္ေယာက္အျဖစ္ တာဝန္ေတြကို ထမ္းေဆာင္ေနလ်က္ရိွသူပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ဦးေကာင္းေက်ာ္က အခန့္မသင့္ရင္ ရုပ္ရွင္တစ္ေလာကသားလံုး Quarantine ဝင္ရမယ္ဆိုတဲ့အေၾကာင္းကို စိတ္မေကာင္း

စြာေျပာလာပါတယ္။ “ဒီည၈နာရီ အန္တီ႕ေဆးအေျဖကို ေစာင့္ႀကည့္ရေတာ့မွာေပါ့ ဗ်ာ။ ဘယ္လိုရလာဒ္ဘဲထြက္သည္ျဖစ္ေစ၊ ဘာမွစိုးရိမ္စိတ္မျဖစ္မိ။ ေရာဂါပိုးေတြ႕သည္ျဖစ္ေစ မေတြ႕သည္ျဖစ္ေစ အျပင္ကိုမထြက္ေတာ့ဘဲ သတိအေနအထား ျပင္ဆင္ျပီးျပီ။ မေတြ႕ပါေစနဲ႕လို႔ဘဲဆုေတာင္းမိတယ္။ ဘာေႀကာင့္လဲဆိုေတာ့ ပိုးေတြ႕လိုက္တာနဲ႕ ျပႆနာကေတာ္ႀကီး ႀကီးမည့္ကိစၥ အန္တီက ၃ရက္လုံး ရုပ္ရွင္အစည္းအရုံးရဲ႕ရိကၡာေထာက္ပံ႔လႈဒါန္းမႈမွာ ပါဝင္ကူညီ အားျဖည့္ေပးခဲ႔တဲ႔သူ။ ရုပ္ရွင္က ရိကၡာလာေရာက္ထုတ္ယူႀကတဲ႔

အလႊာစုံပါတယ္။ သတင္းမီဒီယာသမားေတြ လဲ အေတာ္မ်ားမ်ားပါေနတယ္။” ” ျပီးေတာ့ လာေရာက္ထုတ္ယူႀကတဲ႔ သူေတြရဲ႕ အိမ္က မိသားစု၊ အိမ္မိသားစုကတစ္ဆင့္ က်န္တဲ႔ထိေတြ႕ဆက္ဆံမႈမ်ား ေတြးႀကည့္လိုက္ရင္ေတာ့ ျပႆနာက ေတာ္ေတာ္ႀကီးတယ္။ ကိုယ္အတြက္ေတာ့ ေႀကာက္စိတ္လုံးဝ မျဖစ္မိေပမဲ႔အားလုံးအတြက္ စိုးရိမ္စိတ္ေတာ့ ျဖစ္မိတယ္။ လာေရာက္ခဲ႔ႀကသည့္ရုပ္ရွင္ေလာကသားမ်ားလဲ သတိအေနအထားနဲ႕ ဆင္ခ်င္နိုင္ႀကပါေစ အကယ္၍ အန္တီ႕မွာပိုးေတြ႕ခဲရင္လဲ ေႀကာက္လန္႕ျပီး ပုန္းေရွာင္ေနႀကမည့္အစား

အမ်ားအတြက္ သတၱိရွိရွိ အစစ္ေဆးခံေပးႀကပါ။ အားလုံးကံေကာင္းႀကပါေစ” ဆိုျပီး ေျပာလာပါတယ္။ ရခိုင္ျပန္အမ်ိဳးသမီးတစ္ေယာက္ကေတာ့ ရုပ္ရွင္အစည္းအရုံးရဲ႕ရိကၡာေထာက္ပံ႔လႈဒါန္းမႈမွာ ပါဝင္ကူညီအားျဖည့္ေပးခဲ႔တဲ႔သူျဖစ္ျပီး သူမမွာသာ ေရာဂါပိုးေတြ့ရင္ ဆက္စပ္ေနတဲ့သူအကုန္လံုး ေစာင့္ၾကပ္ၾကည့္ရႈခံရမွာ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ဦးကောင်းကျော်ကတော့ ပရိသတ်တွေကို ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့တဲ့ ရှုမဝအငြိမ့်အဖွဲ့ရဲ့ လူရွှင်တော် ဟောင်းတစ်ဦးဖြစ်သလို လက်ရှိ ရွှေညီကိုအငြိမ့်သဘင်ရဲ့ လူရွှင်တော်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဦးကောင်းကျော်က လက်ရှိမှာလည်း လူရွှင်တော်အသင်းရဲ့ ပြန်ကြားရေးမှုးတစ်ယောက်အဖြစ် တာဝန်တွေကို ထမ်းဆောင်နေလျက်ရှိသူပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဦးကောင်းကျော်က အခန့်မသင့်ရင် ရုပ်ရှင်တစ်လောကသားလုံး Quarantine ဝင်ရမယ်ဆိုတဲ့အကြောင်းကို စိတ်မကောင်း

စွာပြောလာပါတယ်။ “ဒီည၈နာရီ အန်တီ့ဆေးအဖြေကို စောင့်ကြည့်ရတော့မှာပေါ့ ဗျာ။ ဘယ်လိုရလာဒ်ဘဲထွက်သည်ဖြစ်စေ၊ ဘာမှစိုးရိမ်စိတ်မဖြစ်မိ။ ရောဂါပိုးတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ အပြင်ကိုမထွက်တော့ဘဲ သတိအနေအထား ပြင်ဆင်ပြီးပြီ။ မတွေ့ပါစေနဲ့လို့ဘဲဆုတောင်းမိတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးတွေ့လိုက်တာနဲ့ ပြဿနာကတော်ကြီး ကြီးမည့်ကိစ္စ အန်တီက ၃ရက်လုံး ရုပ်ရှင်အစည်းအရုံးရဲ့ရိက္ခာထောက်ပံ့လှုဒါန်းမှုမှာ ပါဝင်ကူညီ အားဖြည့်ပေးခဲ့တဲ့သူ။ ရုပ်ရှင်က ရိက္ခာလာရောက်ထုတ်ယူကြတဲ့

အလွှာစုံပါတယ်။ သတင်းမီဒီယာသမားတွေ လဲ အတော်များများပါနေတယ်။” ” ပြီးတော့ လာရောက်ထုတ်ယူကြတဲ့ သူတွေရဲ့ အိမ်က မိသားစု၊ အိမ်မိသားစုကတစ်ဆင့် ကျန်တဲ့ထိတွေ့ဆက်ဆံမှုများ တွေးကြည့်လိုက်ရင်တော့ ပြဿနာက တော်တော်ကြီးတယ်။ ကိုယ်အတွက်တော့ ကြောက်စိတ်လုံးဝ မဖြစ်မိပေမဲ့အားလုံးအတွက် စိုးရိမ်စိတ်တော့ ဖြစ်မိတယ်။ လာရောက်ခဲ့ကြသည့်ရုပ်ရှင်လောကသားများလဲ သတိအနေအထားနဲ့ ဆင်ချင်နိုင်ကြပါစေ အကယ်၍ အန်တီ့မှာပိုးတွေ့ခဲရင်လဲ ကြောက်လန့်ပြီး ပုန်းရှောင်နေကြမည့်အစား

အများအတွက် သတ္တိရှိရှိ အစစ်ဆေးခံပေးကြပါ။ အားလုံးကံကောင်းကြပါစေ” ဆိုပြီး ပြောလာပါတယ်။ ရခိုင်ပြန်အမျိုးသမီးတစ်ယောက်ကတော့ ရုပ်ရှင်အစည်းအရုံးရဲ့ရိက္ခာထောက်ပံ့လှုဒါန်းမှုမှာ ပါဝင်ကူညီအားဖြည့်ပေးခဲ့တဲ့သူဖြစ်ပြီး သူမမှာသာ ရောဂါပိုးတွေ့ရင် ဆက်စပ်နေတဲ့သူအကုန်လုံး စောင့်ကြပ်ကြည့်ရှုခံရမှာ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : U Kaung Kyaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *