(၁၀)လၾကာျမင့္တဲ့ ခ်စ္သူသက္တမ္းကို ပိုင္ဆိုင္ထားၿပီျဖစ္တဲ့ ခိုင္ႏွင္းေဝတို႔ စံုတြဲ

ပရဟိတ အလုပ္ေတြကို လုပ္ကိုင္ရင္း ျပည္သူေတြရဲ႕ အခ်စ္ေတြကို အျပည့္အ၀ ရရွိထားတဲ့ မင္းသမီးကေတာ့ ခိုင္ႏွင္းေဝပါ ။ သူမရဲ႕ခ်စ္သူ ျဖစ္တဲ့ ကိုစုလို႔ခ်စ္စႏိုးနဲ႔ေခၚရတဲ့ ဇင္ျမင့္ေအာင္ ကလည္း သူမနဲ႔အတူ ပရဟိတ အလုပ္ေတြကို ထဲထဲဝင္ဝင္ လုပ္ေဆာင္ေနတဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ မ နဲ႔ေမာင္ စုံတြဲေလး ျဖစ္ၿပီး တစ္ေယာက္ကို တစ္ေယာက္

အရိပ္တၾကည့္ၾကည့္ခ်စ္ၾကတဲ့ စုံတြဲေတြ ဆိုတာ ပရိသတ္ေတြလည္းသိၿပီးျဖစ္မွာပါ ။ ခိုင္ႏွင္းေဝ နဲ႔အတူ ပရဟိတ ေတြ စိတ္တူကိုယ္တူ လုပ္ေဆာင္ရင္း သူမရဲ႕ သမီးေလး ႐ႊန္း႐ႊန္း ကိုလည္း ဖခင္အရင္းတစ္ေယာက္လို ခ်စ္ခင္ ၾကင္နာတတ္တဲ့ ခ်စ္သူေၾကာင့္ သူမ က အၿမဲ

ေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာရေၾကာင္း သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ မၾကာခဏ ေရးသားေဖာ္ျပေလ့ရွိပါတယ္ ။ ဒီေန႔ေလးကေတာ့ ကိုစုနဲ႔ ခိုင္ႏွင္းေဝ တို႔ရဲ႕ခ်စ္သူ သက္တမ္း (၁၀) လျပည့္အထိမ္းအမွတ္ေန႔ေလးျဖစ္ပါတယ္ ။ Anniversary အထိမ္းအမွတ္နဲ႔

သူမတို႔ခ်စ္သူႏွစ္ေယာက္ စားေသာက္ဆိုင္ေလးတစ္ခုမွာ ဒိတ္ေနၾကတဲ့ ဗီဒီယိုေလးကို ခိုင္ႏွင္းေဝ က သူမရဲ႕မိုင္ေဒးမွာလည္း တင္ထားတာျဖစ္ပါတယ္ ။ ခိုင္ႏွင္းေဝတို႔ခ်စ္သူႏွစ္ေယာက္ (၁၀) လမွာသည္ သက္ဆုံးတိုင္ ႐ိုးေျမက် လက္တြဲသြားႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္ ။

Read in UNICODE

ပရဟိတ အလုပ်တွေကို လုပ်ကိုင်ရင်း ပြည်သူတွေရဲ့ အချစ်တွေကို အပြည့်အ၀ ရရှိထားတဲ့ မင်းသမီးကတော့ ခိုင်နှင်းဝေပါ ။ သူမရဲ့ချစ်သူ ဖြစ်တဲ့ ကိုစုလို့ချစ်စနိုးနဲ့ခေါ်ရတဲ့ ဇင်မြင့်အောင် ကလည်း သူမနဲ့အတူ ပရဟိတ အလုပ်တွေကို ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မ နဲ့မောင် စုံတွဲလေး ဖြစ်ပြီး တစ်ယောက်ကို တစ်ယောက်

အရိပ်တကြည့်ကြည့်ချစ်ကြတဲ့ စုံတွဲတွေ ဆိုတာ ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါ ။ ခိုင်နှင်းဝေ နဲ့အတူ ပရဟိတ တွေ စိတ်တူကိုယ်တူ လုပ်ဆောင်ရင်း သူမရဲ့ သမီးလေး ရွှန်းရွှန်း ကိုလည်း ဖခင်အရင်းတစ်ယောက်လို ချစ်ခင် ကြင်နာတတ်တဲ့ ချစ်သူကြောင့် သူမ က အမြဲ

ပျော်ရွှင်ပြီး စိတ်ချမ်းသာရကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မကြာခဏ ရေးသားဖော်ပြလေ့ရှိပါတယ် ။ ဒီနေ့လေးကတော့ ကိုစုနဲ့ ခိုင်နှင်းဝေ တို့ရဲ့ချစ်သူ သက်တမ်း (၁၀) လပြည့်အထိမ်းအမှတ်နေ့လေးဖြစ်ပါတယ် ။ Anniversary အထိမ်းအမှတ်နဲ့

သူမတို့ချစ်သူနှစ်ယောက် စားသောက်ဆိုင်လေးတစ်ခုမှာ ဒိတ်နေကြတဲ့ ဗီဒီယိုလေးကို ခိုင်နှင်းဝေ က သူမရဲ့မိုင်ဒေးမှာလည်း တင်ထားတာဖြစ်ပါတယ် ။ ခိုင်နှင်းဝေတို့ချစ်သူနှစ်ယောက် (၁၀) လမှာသည် သက်ဆုံးတိုင် ရိုးမြေကျ လက်တွဲသွားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Khine Hnin Wai’s Facebook

Add a Comment

Your email address will not be published. Required fields are marked *