ရံုးပတီသီး စားသံုးျခင္းမွရတဲ့ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

ခႏၶာကိုယ္အတြက္ အက်ိဳးမ်ားစြာျဖစ္ထြန္းေစတဲ့ အရာမ်ားစြာ ႐ုံးပတီသီးမွာ ပါရွိပါတယ္။ ဒါေၾကာင့္မို႔ ဘယ္လိုအရာေတြက ခႏၡာကိုယ္ကို ဘယ္လိုအက်ိဳးျပဳေစသလည္းဆိုတာ သိေစႏိုင္ဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

ေက်ာက္ကပ္ေရာဂါကို ကာကြယ္ေပးပါတယ္ – ေက်ာက္ကပ္ပ်က္စီးမႈျဖစ္ပြားျခင္းရဲ႕ ထက္ဝက္နီးပါးသည္ ဆီးခ်ိဳေရာဂါျဖစ္ပြားျခင္းေၾကာင့္ျဖစ္ၿပီး ႐ုံးပတီသီးကို ပုံမွန္စားသုံးေပးျခင္းသည္ ဆီးခ်ိဳေရာဂါကိုထိန္းခ်ဳပ္ၿပီးသားျဖစ္တာေၾကာင့္မို႔ ေက်ာက္ကပ္ေရာဂါျဖစ္ပြားမႈကိုပါ ထိန္းခ်ဳပ္ၿပီးသားျဖစ္ေစပါတယ္။ ႐ုံးပတီသီးတြင္ ဗီတာမင္-ေအ၊ ဗီတာမင္ ( B1,B2,B6 )၊ ဗီတာမင္- စီ၊ သြပ္နဲ႔ ကယ္လစီယမ္တို႔ ပါဝင္တာေၾကာင့္မို႔ ကိုယ္ဝန္ေဆာင္ကာလတြင္ စားသုံးဖို႔အသင့္ေတာ္ဆုံးေသာ ဟင္းသီးဟင္း႐ြက္တမ်ိဳးဘဲျဖစ္ပါတယ္။

ဆီးခ်ိဳေရာဂါျဖစ္ပြားႏိုင္မႈကို ထိန္းခ်ဳပ္ေပးပါတယ္ – ႐ုံးပတီးသီးတြင္ပါဝင္တဲ့ ေပ်ာ္ဝင္ႏိုင္ေသာဖိုင္ဘာဓါတ္သည္ ေသြးထဲရွိသၾကားဓါတ္ပမာဏကို တည္ၿငိမ္ေအာင္ထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ ဆီးခ်ိဳေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ေပးပါတယ္။ ၎သည္ အူအတြင္းရွိသၾကားဓါတ္မ်ားျပားစြာတည္ရွိေနမႈကိုလည္း စုပ္ယူႏိုင္စြမ္းလည္းရွိတာကိုလည္း ေတြ႕ရွိခဲ့ၾကပါတယ္။

ပန္းနာရင္ၾကပ္ေရာဂါကို သက္သာေစပါတယ္ – ဗီတာမင္-စီ ႂကြယ္ဝတဲ့ ဟင္းသီးဟင္း႐ြက္ေတြကို စားသုံးေပးျခင္းသည္ ပန္းနာရင္ၾကပ္ေရာဂါကို သက္သာေစပါတယ္။ ႐ုံးပတီသီးတြင္ ဗီတာမင္-စီ ႂကြယ္ဝစြာ ပါရွိတာေၾကာင့္ ၎ကို စားသုံးေပးျခင္းသည္ ပန္းနာရင္ၾကပ္ေရာဂါကို သက္သာေစပါတယ္။ ဒါ့အျပင္ ၂၀၀၀ ခုႏွစ္က ေလ့လာမႈအရ ႐ုံးပတီးသီးကို တပတ္မွာ ႏွစ္ႀကိမ္ေလာက္စားသုံးေပးတာက အူမႀကီးကင္ဆာေရာဂါျဖစ္ပြားမႈကို ေလ်ာ့က်ေစဖို႔ ေကာင္းစြာအေထာက္အကူျဖစ္ေစတာကိုေတြ႕ရွိခဲ့ပါတယ္။

ကိုယ္ခံစြမ္းအားကို တိုးတက္ေစပါတယ္ – ႐ုံးပတီသီးတြင္ ဗီတာမင္-စီ ပါဝင္တဲ့အတြက္ ကိုယ္ခံစြမ္းအားကို တိုးတက္ေစပါတယ္။ ဒါ့အျပင္ ဖိုင္ဘာဓါတ္ပါဝင္မႈမ်ားျပားတာေၾကာင့္ ကိုလက္စထေရာကို က်ဆင္းေစၿပီး ေသြးေၾကာက်ဥ္းျခင္းကို ကာကြယ္ေပးပါတယ္။ ဖိုင္ဘာပါဝင္မႈမ်ားျပားတာေၾကာင့္မို႔ အစားအစာမ်ားတြင္ပါဝင္တဲ့ အဆီနဲ႔ ကိုယ္လက္စထေရာပါဝင္မႈမ်ားကို အစာေျခစနစ္အတြင္းၿပိဳကြဲေစၿပီး အညစ္အေၾကးမ်ားမွတဆင့္ စြန႔္ထုတ္ပစ္ေစတာေၾကာင့္မို႔ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔အတြက္ ေကာင္းစြာအေထာက္အကူျဖစ္ေစတဲ့ အစားအစာတမ်ိဳးလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ႐ုံးပတီသီးသည္ ဖိုင္ဘာနဲ႔ ေဖာလစ္အက္စစ္ဓါတ္ကို ေကာင္းစြာျဖည့္စြတ္ေပးႏိုင္တဲ့အစားအစာတမ်ိဳးလည္းျဖစ္တာေၾကာင့္မို႔ မီးဖြားစဥ္အတြင္း ခ်ိဳ႕ယြင္းမႈျဖစ္ေပၚျခင္းနဲ႔ ကိုယ္ဝန္ေဆာင္ေနခ်ိန္အတြင္း ဝမ္းခ်ဳပ္ျခင္းတို႔ကိုပါ သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

Read in UNICODE

ခန္ဓာကိုယ်အတွက် အကျိုးများစွာဖြစ်ထွန်းစေတဲ့ အရာများစွာ ရုံးပတီသီးမှာ ပါရှိပါတယ်။ ဒါကြောင့်မို့ ဘယ်လိုအရာတွေက ခန္ခာကိုယ်ကို ဘယ်လိုအကျိုးပြုစေသလည်းဆိုတာ သိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ကျောက်ကပ်ရောဂါကို ကာကွယ်ပေးပါတယ် – ကျောက်ကပ်ပျက်စီးမှုဖြစ်ပွားခြင်းရဲ့ ထက်ဝက်နီးပါးသည် ဆီးချိုရောဂါဖြစ်ပွားခြင်းကြောင့်ဖြစ်ပြီး ရုံးပတီသီးကို ပုံမှန်စားသုံးပေးခြင်းသည် ဆီးချိုရောဂါကိုထိန်းချုပ်ပြီးသားဖြစ်တာကြောင့်မို့ ကျောက်ကပ်ရောဂါဖြစ်ပွားမှုကိုပါ ထိန်းချုပ်ပြီးသားဖြစ်စေပါတယ်။ ရုံးပတီသီးတွင် ဗီတာမင်-အေ၊ ဗီတာမင် ( B1,B2,B6 )၊ ဗီတာမင်- စီ၊ သွပ်နဲ့ ကယ်လစီယမ်တို့ ပါဝင်တာကြောင့်မို့ ကိုယ်ဝန်ဆောင်ကာလတွင် စားသုံးဖို့အသင့်တော်ဆုံးသော ဟင်းသီးဟင်းရွက်တမျိုးဘဲဖြစ်ပါတယ်။

ဆီးချိုရောဂါဖြစ်ပွားနိုင်မှုကို ထိန်းချုပ်ပေးပါတယ် – ရုံးပတီးသီးတွင်ပါဝင်တဲ့ ပျော်ဝင်နိုင်သောဖိုင်ဘာဓါတ်သည် သွေးထဲရှိသကြားဓါတ်ပမာဏကို တည်ငြိမ်အောင်ထိန်းချုပ်နိုင်တာကြောင့် ဆီးချိုရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ပေးပါတယ်။ ၎င်းသည် အူအတွင်းရှိသကြားဓါတ်များပြားစွာတည်ရှိနေမှုကိုလည်း စုပ်ယူနိုင်စွမ်းလည်းရှိတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပါတယ် – ဗီတာမင်-စီ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးခြင်းသည် ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပါတယ်။ ရုံးပတီသီးတွင် ဗီတာမင်-စီ ကြွယ်ဝစွာ ပါရှိတာကြောင့် ၎င်းကို စားသုံးပေးခြင်းသည် ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပါတယ်။ ဒါ့အပြင် ၂၀၀၀ ခုနှစ်က လေ့လာမှုအရ ရုံးပတီးသီးကို တပတ်မှာ နှစ်ကြိမ်လောက်စားသုံးပေးတာက အူမကြီးကင်ဆာရောဂါဖြစ်ပွားမှုကို လျော့ကျစေဖို့ ကောင်းစွာအထောက်အကူဖြစ်စေတာကိုတွေ့ရှိခဲ့ပါတယ်။

ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ် – ရုံးပတီသီးတွင် ဗီတာမင်-စီ ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်။ ဒါ့အပြင် ဖိုင်ဘာဓါတ်ပါဝင်မှုများပြားတာကြောင့် ကိုလက်စထရောကို ကျဆင်းစေပြီး သွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးပါတယ်။ ဖိုင်ဘာပါဝင်မှုများပြားတာကြောင့်မို့ အစားအစာများတွင်ပါဝင်တဲ့ အဆီနဲ့ ကိုယ်လက်စထရောပါဝင်မှုများကို အစာခြေစနစ်အတွင်းပြိုကွဲစေပြီး အညစ်အကြေးများမှတဆင့် စွန့်ထုတ်ပစ်စေတာကြောင့်မို့ ကိုယ်အလေးချိန်လျော့ချဖို့အတွက် ကောင်းစွာအထောက်အကူဖြစ်စေတဲ့ အစားအစာတမျိုးလည်းဖြစ်ပါတယ်။

ဒါ့အပြင် ရုံးပတီသီးသည် ဖိုင်ဘာနဲ့ ဖောလစ်အက်စစ်ဓါတ်ကို ကောင်းစွာဖြည့်စွတ်ပေးနိုင်တဲ့အစားအစာတမျိုးလည်းဖြစ်တာကြောင့်မို့ မီးဖွားစဉ်အတွင်း ချို့ယွင်းမှုဖြစ်ပေါ်ခြင်းနဲ့ ကိုယ်ဝန်ဆောင်နေချိန်အတွင်း ဝမ်းချုပ်ခြင်းတို့ကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Source : LifeStyleMyanmar

Add a Comment

Your email address will not be published. Required fields are marked *