ေသြးတိုးေရာဂါကို ေငြအကုန္အက်မရွိပဲ သက္သာေပ်ာက္ကင္းေစမည့္ အစြမ္းထက္နည္းလမ္း (၅)မ်ိဳး

ေသြးတိုးေရာဂါအတြက္ ေပ်ာက္ကင္းေစတဲ့ အစြမ္းထက္ ေဆးနည္း ၅ နည္းကို ေဖာ္ျပလိုက္ရပါတယ္…ေသြးတိုးအတြက္
တိုင္းရင္းေဆးေတြထဲမွာ နာမည္အေက်ာ္ၾကားဆုံးကေတာ့ ဒန႔္သလြန္႐ြက္ ျဖစ္ပါတယ္။

ေသြးတိုးေရာဂါအတြက္ ေဆးနည္းတိုမ်ား – ဒန႔္သလြန္႐ြက္ လက္တစ္ဆုပ္ခန႔္ကို ေရစင္ေအာင္ေဆးကာ ထုေထာင္း၍ အရည္ညႇစ္ယူကာ ထမင္းစားဇြန္း(၂)ဇြန္းခန႔္ တေန႔ ၃-ႀကိမ္ ေသာက္ပါ။ဧကရာဇ္႐ြက္လက္တစ္ဆုပ္ခန႔္ကို ထုေထာင္းႀကိတ္၍ အရည္ညႇစ္ကာ ထမင္းစားဇြန္း(၂)ဇြန္းခန႔္ တေန႔ ၃-ႀကိမ္ေသာက္ပါ။ အျမစ္ကို ေရေအးျဖင့္ေသြး၍ မနက္၊ ေန႔၊ ည ၁ ဇြန္းစီ ေသာက္ပါ။

သံပုရာသီးတစ္လုံးကို ထက္ျခမ္းပိုင္း၍ အခြံမ်ား၊ အေစ့မ်ားႏွင့္အတူေရေႏြးခြက္ထဲထည့္၊ ေရေႏြးပူပူေလာင္းထည့္၊ အဖုံးအုပ္ထားၿပီး တစ္နာရီခန႔္ ႏွပ္ထားၿပီးေသာက္ပါ။ အျခားဘာမွ မထည့္ပါနဲ႔။ဥတစ္လုံးၾကက္သြန္ျဖဴ သို႔မဟုတ္ ႐ိုး႐ိုးၾကက္သြန္ျဖဴကို ထမင္းစားတိုင္းမ်ားမ်ားထည့္စားပါ။

ေျပာင္းဖူးျပဳတ္ရည္..လူမ်ိဳး၊ ဘာသာမေ႐ြး လူသားအားလုံးအတြက္ ဒုကၡေပးေလ့ရွိတဲ့ ေသြးတိုးေရာဂါကို စိန္ေခၚ ကုသေပးလိုက္ေသာ ေဆးနည္းေလးကေတာ့ ေျပာင္းဖူးျပဳတ္ရည္ပါ။ေန႔စဥ္ ေျပာင္းဖူး၂ ဖူးကို ေရသုံးခြက္တစ္ခြက္တင္ႀကိဳခ်က္ေသာက္ေပးပါ။ ေသြးတိုးေရာဂါ လုံးဝေပ်ာက္ကင္းပါသည္။

ေရွာင္ရန္၊ ေဆာင္ရန္…အဆီအဆိမ့္၊ အခ်ိဳ၊ အငန္၊ ေဆးလိပ္၊ အရက္၊ ဘီယာ၊ မလႈပ္မရွား၊အထိုင္မ်ား၊ စိုးရိမ္ေသာကစိတ္ စသည္တို႔ကို ေရွာင္ပါ။ ေသြးေပါင္မွန္မွန္ခ်ိန္ပါ၊ ေပါ့ေပါ့ပါးပါးေလ့က်င့္ခန္း လုပ္ပါ၊ တစ္ေန႔ကို အနည္းဆုံး နာရီဝက္ခန႔္ လမ္းေလွ်ာက္ပါ။ပူပင္ေသာကစိတ္ကို ဖယ္ထုတ္ၿပီး စိတ္ေပ်ာ္႐ႊင္ေအာင္ ေနပါ။

Read in UNICODE

သွေးတိုးရောဂါအတွက် ပျောက်ကင်းစေတဲ့ အစွမ်းထက် ဆေးနည်း ၅ နည်းကို ဖော်ပြလိုက်ရပါတယ်…သွေးတိုးအတွက်
တိုင်းရင်းဆေးတွေထဲမှာ နာမည်အကျော်ကြားဆုံးကတော့ ဒန့်သလွန်ရွက် ဖြစ်ပါတယ်။

သွေးတိုးရောဂါအတွက် ဆေးနည်းတိုများ – ဒန့်သလွန်ရွက် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေးကာ ထုထောင်း၍ အရည်ညှစ်ယူကာ ထမင်းစားဇွန်း(၂)ဇွန်းခန့် တနေ့ ၃-ကြိမ် သောက်ပါ။ဧကရာဇ်ရွက်လက်တစ်ဆုပ်ခန့်ကို ထုထောင်းကြိတ်၍ အရည်ညှစ်ကာ ထမင်းစားဇွန်း(၂)ဇွန်းခန့် တနေ့ ၃-ကြိမ်သောက်ပါ။ အမြစ်ကို ရေအေးဖြင့်သွေး၍ မနက်၊ နေ့၊ ည ၁ ဇွန်းစီ သောက်ပါ။

သံပုရာသီးတစ်လုံးကို ထက်ခြမ်းပိုင်း၍ အခွံများ၊ အစေ့များနှင့်အတူရေနွေးခွက်ထဲထည့်၊ ရေနွေးပူပူလောင်းထည့်၊ အဖုံးအုပ်ထားပြီး တစ်နာရီခန့် နှပ်ထားပြီးသောက်ပါ။ အခြားဘာမှ မထည့်ပါနဲ့။ဥတစ်လုံးကြက်သွန်ဖြူ သို့မဟုတ် ရိုးရိုးကြက်သွန်ဖြူကို ထမင်းစားတိုင်းများများထည့်စားပါ။

ပြောင်းဖူးပြုတ်ရည်..လူမျိုး၊ ဘာသာမရွေး လူသားအားလုံးအတွက် ဒုက္ခပေးလေ့ရှိတဲ့ သွေးတိုးရောဂါကို စိန်ခေါ် ကုသပေးလိုက်သော ဆေးနည်းလေးကတော့ ပြောင်းဖူးပြုတ်ရည်ပါ။နေ့စဉ် ပြောင်းဖူး၂ ဖူးကို ရေသုံးခွက်တစ်ခွက်တင်ကြိုချက်သောက်ပေးပါ။ သွေးတိုးရောဂါ လုံးဝပျောက်ကင်းပါသည်။

ရှောင်ရန်၊ ဆောင်ရန်…အဆီအဆိမ့်၊ အချို၊ အငန်၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ မလှုပ်မရှား၊အထိုင်များ၊ စိုးရိမ်သောကစိတ် စသည်တို့ကို ရှောင်ပါ။ သွေးပေါင်မှန်မှန်ချိန်ပါ၊ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း လုပ်ပါ၊ တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် လမ်းလျှောက်ပါ။ပူပင်သောကစိတ်ကို ဖယ်ထုတ်ပြီး စိတ်ပျော်ရွှင်အောင် နေပါ။

Source : ေစာႏြဲ႕ေနဆိုင္

Add a Comment

Your email address will not be published. Required fields are marked *