ရုတ်တရတ်လေဖြတ်ပြီး ပါးစပ်တွေ မေးတွေမရွဲ့မစောင်းရန် ခြေတွေ လက်တွေ တန်းလန်းမဖြစ်ရန် အပ်တစ်ချောင်းနဲ့ အရေးပေါ်ကုသပေးနည်း












ဘဲသား ဘဲဥ အုန်းနို့ခေါက်ဆွဲစားပြီးပြီးခြင်းနေပူထဲသွားခြင်းစသည့်အပြုအမှုမျိုးများကို သတိထားစေချင်ပါတယ်အစားအသောက်များတွင်လည်းဘဲသား ဘဲဥ အင်ဥ ဝဥ မြောက်ဥအုန်းနို့ခေါက်ဆွဲ ဒန်ပေါက် ဒညှင်းသီးကြွက်သား ဖားသား ငါးသလောက်ငါးဒန် ငပိရည်ကြို ဟင်းချိုမှုန့် ရေခဲမုန့်အစရှိသည်တို့ကိုစားသောက်မည်ဆိုပါကသတိထားစားသုံးကြစေချင်ပါတယ်အကယ်၍နှစ်သက်စွာစားသုံးမျိုးဆိုပါက

သံပုရာစေ့(၉)သို့မဟုတ် ဒန့်သလွန့်စေ(၅)ခန့်ဝါးစာပေးပါဟု အကြံဥာဏ်များပေးလိုပါတယ်ထို့အပြင်အစားအသောက်ကြောင့်လေဖြတ်မှာကို စိတ်ပူပင်နေပါကလည်းရဲယိုသားလက်တစ်ဆစ်လောက်ဖြတ်ပြီးချည်ကြိုးလေးနဲ့ချည်ပြီးတော့ခါးမှာမဲကြိုးချည်သလိုခါးပမ်းကြိုချည်သလိုအမြဲချည်ထားပါကလည်းလေဖြတ်မည့်အန္တရာယ်ကို


Read in UNICODE

ကျွန်တော့်ရဲ့စာဖတ်ပရိတ်သတ်များအတွက် ကျွန်တော်တို့ဘိုးစဉ်ဘောင်ဆက်က ရုတ်တရက်လေဖြတ်သွားသူများကို
အရေးပေါ်ကုသပေးသောခဲ့သောဆေးနည်းကိုပြောပြပေးလိုပါတယ်ခင်ဗျာ ယခုပြောပြပေးမည့်ဆေးနည်ဟာ မင်းတုန်းမင်းတရားကြီးလက်ထက်က မင်းတုန်းမင်းတရားကြီးအပေါ်တွင် အလွန်တရာမှသစ္စာရှိလှသောလှေအသင်းဝန်ဦးချိန်ကိုယ်တိုင်သူရဲ့လှေထိုးသမားများ အပူ

အအေး အစားအသောက်မမျှတ၍ရုတ်တရက်လေဖြတ်သွားပါကအရေးပေါ်ကုပေးခဲ့သောဆေးနည်းဟုသိရှိရပါတယ်ခင်ဗျာ ထိုဆေးနည်နဲ့ထပ်တူဆေးနည်းကိုမြန်မာတိုင်းရင်းဆေးသမားတော်ကြီးများ တရုတ် အိန္ဒိယ ကိုရီးယား ဂျပန် တိုင်းရင်းဆေးပညာရှင်များလည်း အသုံးပြုခဲ့ကြသည်ဟုသိရှိရပြီး ထိုသမားတော်ကြီးများကပင် အိမ်တိုင်းတိုင်း အပ်တစ်ချောင်းလောက်ဆောင်ထားသင့်တယ်လို့

ဆိုပါတယ် အပ်တစ်ချောင်းကို ဘာလို့ဆောင်ခိုင်းတာလဲဆိုတော့ သန့်ရှင်းစင်ကြယ်သော အုန်းဆီစစ်စစ်စိမ်ထားသော အသုံးပြုကာနီးဖယောင်တိုင်မီးဖြင့် အပူပေးထားသော အပ်လေး တစ်ချောင်းကပဲေ လဖြတ်သွားတဲ့လူနာကို ထူးဆန်းစွာ ကုသပေးနိုင်လို့ဘဲဖြစ်ပါတယ်

မိမိတို့ရဲ့အနီးအနားမှာ ရုတ်တရက်လေဖြတ်သွားတဲ့လူနာကိုတွေ့ရင် ယခုပြောပြမည့်ဒီနည်းလေးအတိုင်းကယ်ဆယ်ပေးနိုင်တာမို့သေချာစွာ မှတ်သားထားစေချင်ပါတယ်ဥပမာ လူတစ်ယောက် ရုတ်တရက်လေဖြတ်သွားပြီဆိုရင် ဦးနှောက်သွေးကြောတွေ တဖြည်းဖြည်းပြန့်ကားသွားတတ်ပြီးအရေးပေါ်ကုသပေးဖို့

လိုအပ်ပါတယ်အောက်ပါနည်းလမ်းလေးတွေကလူတစ်ယောက်ရဲ့အသက်ကိုကယ်ဆယ် ပေးနိုင်ပါတယ်ခင်ဗျာလေဖြတ်သွားတဲ့လူနာကဘယ်နေရာမှာပဲရှိနေပါစေလုံးဝနေရာမရွှေ့ပေးလိုက် ပါနဲ့အကယ်၍နေရာရွှေ့လိုက်မယ်ဆိုရင် ဦးနှောက်ထဲ သွေးယိုစိမ့်မှုဖြစ်ပြီးဦးနှောက်သွေးကြောပြတ်နိုင်လို့ပါပဲမိမိတို့အိမ်မှာဆေးထိုးအပ်သို့မဟုတ်

ဆီးချိုဖေါက်တဲ့အပ်ရှိမယ်ဆိုရင်လည်းသွေးထွက်အောင်ဖေါက်လို့ရမည့်အပ်ဖြစ်မယ်ဆိုရင်ဖြင့်ပိုမိုစိတ်ချကောင်းမွန်ပါလိမ့်မယ် ဒါ့အပြင်လက်ချုပ်အပ်ဆိုရင်လည်း သုံးလို့အဆင်ပြေပါတယ် သို့သော်လုံးပတ်သေးပြီးမာကြောသော အပ်တစ်ချောင်းဖြစ်နေဖို့တော့ အထူးလိုအပ်ပါတယ်

လက်တွေ့ကုသတော့မယ်ဆိုရင် အပ်ကိုပိုးသတ်တဲ့အနေနဲ့ စက္ကန့်အနည်းငယ်ကြာ မီးကင်ပါ ထို့နောက်လူနာရဲ့လက်ချောင်းထိပ်များနှင့်ခြေချောင်းထိပ်များကို သန့်ရှင်းသောကြိုတစ်ချောင်းဖြင့်ချည်ကာ အရက်ပျံစွပ်ပြီးအပ်နဲ့ထိုးဖောက်ပါ ဒီလိုကုသရာမှာအတွေ့အကြုံရှိဖို့မလိုပဲ လက်ချောင်းထိပ်ကနေသွေးထွက်အောင်ဖောက်တတ်မယ်ဆိုရင်ရပါပြီ လက်ချောင်းဆယ်ချောင်းလုံးနှင့်ခြေဆယ်ချောင်းလုံးကနေသွေးတွေထွက်လာပြီဆိုရင်မိနစ်အနည်းငယ်ကြာသည်

အထိစောင့်ကြည့်လိုက်ပါလူနာ ပုံမှန်အခြေအနေ
ပြန်ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်တချို့ဆေးဆရာကြီးများကလည်းခြေဆယ်ချောင်းသွေးမဖေါက်တော့ပဲ လက်ဆယ်ချောင်းကိုပဲသွေးဖေါက်တာကိုလေ့လာတွေ့ရှိရပါတယ်အကယ်၍ လူနာပါးစပ်ရွဲ့သွားတာပုံမှန်ပြန်မဖြစ်သေးဘူးဆိုရင် လူနာရဲ့ နားရွက်နှစ်ဖက်လုံးကို နီရဲလာအောင် ပွတ်ချေပေးပါ နီရဲလာပြီဆိုရင် နားနှစ်ဖက်လုံးတွင် နားကပ် နားစွဲ ဝတ်သောနေရာကို အပ်နဲ့ထိုးဖောက်ပြီးေ သွးနှစ်စက်လောက် ထွက်လာတဲ့အထိစောင့်ကြည့်ပေးမယ်ဆိုရင် လူနာရဲ့ပါးစပ်က ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်လူနာပုံမှန်ဖြစ်သွားတဲ့ အခြေအနေထိစောင့်ကြည့်ပြီး

စိတ်ချရပြီဆိုရင်ဖြင့်ဆေးရုံပို့ဖို့ စီစဉ်ပါဤနည်းလမ်းသည်ရှေးမြန်မာ တရုတ် အိန္ဒိယ ကိုရီးယား ဂျပန် တိုင်းရင်းဆေးပညာနည်းလမ်းဖြစ်ပြီး လက်တွေ့အသုံးချဖူးသူတိုင်းကလည်း(၁၀၀)% အကျိုးသက်ရောက်မှုရှိကြောင်းထောက်ခံပေးထားတာကိုလည်းလေ့လာတွေ့ရှိရပါတယ်အထူးမှာသတိပေးပြောကြားလိုတာက ယခုခေတ်အစားအသောက် အပြုအမှုအနေအထိုင်များနှင့် အစားအသောက်များတွင်ဓာတုဆိုးဆေးများပါဝင်နေမှုကြောင့်သွေးတိုး နှလုံး ဆီချို သွေးချိုလေဖြတ် ရောဂါများဖြစ်ပေါ်နိုင်တာကိုသတိပြုမိစေချင်ပါတယ်

လေဖြတ်ရောဂါမခံစားရလေအောင်ကြိုတင်ကာကွယ်လိုပါက

နေပူထဲမှပြန်လာလာခြင်း အဲယားကွန်းခန်းမှာမနေထိုင်ပါနှင့် ပန်ကာလေခံခြင်းမပြုလုပ်ပါနှင့်ရေခဲရေသောက်ခြင်းရေချိုးခြင်းများမပြုလုပ်မိအောင်သတိပြုရန်လိုအပ်သလိုညအိပ်ကာနီးရေချိုးခြင်းခေါင်းလျှော်ခြင်းရေချိုးပြီးပြီးခြင်းအိပ်ရာဝင်ခြင်းနှင့်
အိမ်သာထိုင်ရာတွင်လည်းအချိန်ကြာကြာစောင့်စောင့်ထိုင်ခြင်းရုတ်တရက်ထလိုက်ခြင်း အိပ်ယာနိုးနိုးခြင်း ရုတ်တရက်ထသွားခြင်း

ဘဲသား ဘဲဥ အုန်းနိူ့ခေါက်ဆွဲစားပြီးပြီးခြင်းနေပူထဲသွားခြင်းစသည့်အပြုအမှုမျိုးများကို သတိထားစေချင်ပါတယ်အစားအသောက်များတွင်လည်းဘဲသား ဘဲဥ အင်ဥ ဝဥ မြောက်ဥအုန်းနို့ခေါက်ဆွဲ ဒန်ပေါက် ဒညှင်းသီးကြွက်သား ဖားသား ငါးသလောက်ငါးဒန် ငပိရည်ကြို ဟင်းချိုမှုန့် ရေခဲမုန့်အစရှိသည်တို့ကိုစားသောက်မည်ဆိုပါကသတိထားစားသုံးကြစေချင်ပါတယ်အကယ်၍နှစ်သက်စွာစားသုံးမျိုးဆိုပါက

သံပုရာစေ့(၉)သို့မဟုတ် ဒန့်သလွန့်စေ(၅)ခန့်ဝါးစာပေးပါဟု အကြံဉာဏ်များပေးလိုပါတယ်ထို့အပြင်အစားအသောက်ကြောင့်လေဖြတ်မှာကို စိတ်ပူပင်နေပါကလည်းရဲယိုသားလက်တစ်ဆစ်လောက်ဖြတ်ပြီးချည်ကြိုးလေးနဲ့ချည်ပြီးတော့ခါးမှာမဲကြိုးချည်သလိုခါးပမ်းကြိုချည်သလိုအမြဲချည်ထားပါကလည်းလေဖြတ်မည့်အန္တရာယ်ကို
ကြိုတင်ကာကွယ်ပေးနိုင်ပါလိမ့်မယ်

မိမိတို့အနေဖြင့်မိမိခန္ဓာကိုယ်ကိုအေးလျှင်နွေးအောင် နွေးလျှင်အေးအောင်သတိလေးထားကာ စားသတိ သွားသတိရေချိုးသတိ အိပ်ရာဝင် အိပ်ရာသတိဖြင့်ရှင်သန်ရပ်တည်ကြစေချင်ပါတယ်ခင်ဗျာ

Source : ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ (၂၀.၈.၂၀၂၀)သောကြာနေ့

Add a Comment

Your email address will not be published. Required fields are marked *