ကပ်ဆိုးကြီးကြောင့် စိတ်မညစ်ကြပဲ မိသားစုကို ပျော်ပျော်ကြီး အချိန်ပေးကြဖို့ အကြံပေးခဲ့တဲ့ အက်စတာ





Read in UNICODE

အက်စတာကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ အက်စတာလေးက လတ်တလောဖြစ်ပေါ်နေတဲ့ Covid (19)ရောဂါပိုးကြောင့် စိတ်ညစ်မနေဘဲ စိတ်ညစ်နေမယ့်အစား အချိန်ကို

အကျိုးရှိရှိအသုံးချနိုင်မယ့် နည်းလမ်းကောင်းလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ အခုကာလမှာ လူတိုင်းအနည်းနဲ့အများ အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အလုပ်တွေကို စိတ်ကြိုက်မလုပ်နိုင်တဲ့ အချိန်ဖြစ်နေတာကြောင့် မပျော်ရွှင်နိုင်ဖြစ်နေကြမှာပါပဲ။ ဒီလို အလုပ်တွေကို အချိန်သိပ်မပေးရတဲ့ အချိန်မှာ မိသားစုနဲ့ ပျော်ပျော်နေပြီး အချိန်ကို

အကျိုးရှိရှိသုံးလို့ရတာကြောင့် စိတ်ညစ်နေလည်း ဘာမှမထူးမယ့်အတူတူ စိတ်ညစ်နေမယ့်အချိန်တွေကို မိသားစုနဲ့သာပျော်ပျော်နေပြီး ကုန်ဆုံးလိုက်ဖို့ အက်စတာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အကြံပြုဖော်ပြထားခဲ့တာပါ။ အက်စတာလေးပေးလိုက်တဲ့ အကြံလေးကတော့

တကယ်ကိုပဲ အကျိုးရှိလှတဲ့ အကြံလေးတစ်ခုပါပဲ။ ပရိသတ်ကြီးတွေလည်း အခုကာလမှာ စိတ်ညစ်နေမယ့်အစား အက်စတာလေး အကြံပြုသလို စိတ်ညစ်နေလို့ ဘာမှထူးခြားမှာမဟုတ်တဲ့အချိန်တွေမှာ စိတ်မညစ်ဘဲ မိသားစုနဲ့ ပျော်ပျော်ကြီး အချိန်ကို အကျိုးရှိရှိအသုံးချလိုက်ပြနော်။

Source : Esther DCS’s Facebook

Add a Comment

Your email address will not be published. Required fields are marked *