ညီအရင္းတစ္ေယာက္လို ခင္ရတဲ့ ဘုန္းလွ်ံက ရင့္က်က္လာတယ္ဆိုတဲ့ ေနထက္လင္း

ဘုန္းလွ်ံနဲ႔ေနထက္လင္းကေတာ့ ရခိုင္လူမ်ိဳးခ်င္းလည္း တူသလို အႏုပညာလမ္းေၾကာင္းေပၚမွာ ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္ေနၾကတဲ့ အႏုပညာရွင္ေတြျဖစ္ပါတယ္။ ဘုန္းလွ်ံရဲ႕ ရင့္က်က္မႈေတြကို အခုခ်ိန္မွာ ျပန္ျမင္ရလာတာကို ဝမ္းသာေနမိတယ္လို႔ ေနထက္လင္းက တဆင့္ေျပာျပခဲ့ပါတယ္။ ” ဘုန္းလွ်ံက

ကြၽန္ေတာ့္ရဲ႕ ညီေလးအရင္းတစ္ေယာက္လိုပါပဲ။ လူတစ္ေယာက္က မုန္းဖို႔လြယ္တယ္၊ ရန္ျဖစ္ဖို႔က လြယ္တယ္၊ လူတစ္ေယာက္ကို မေကာင္းျမင္ဖို႔က လြယ္သလိုပဲ၊ မနာလိုျဖစ္ဖို႔ကလည္း လြယ္ပါတယ္။ သူေတာ္ေကာင္းတစ္ေယာက္စိတ္ျဖစ္ဖို႔ဆိုတာ အရမ္းကို ခက္ခဲပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ ညီေလးက အခုခ်ိန္မွာ ရင့္က်က္လာၿပီ။ သူ႔ဆီကေန

ေကာင္းတဲ့ အေတြးအေခၚေလးေတြကို ျပန္ၾကားရတဲ့ အခ်ိန္မွာ သူ႔ကိုအနားမွာရွိၿပီး ခ်စ္ေနေပးတဲ့ သူ႔ရဲ႕ ေကာင္မေလးကိုေတာင္ ေက်းဇူးေတြ တင္ေနမိတာပါ” ဆိုၿပီးေတာ့ ၾသဂုတ္လ (၂၇) ရက္ေန႔က အလိုေတာ္ျပည့္ေက်ာင္းက အလႉမွာ ေျဖဆိုခဲ့တာပါ။ေနထက္လင္း အေနနဲ႔ လူမ်ိဳးခ်င္းမတူလည္း ဖူးစာကံပါရင္ ေ႐ြးခ်ယ္သင့္တယ္လို႔ ဆိုပါတယ္။ ” အဓိက ကေတာ့ အိမ္ေထာင္ျပဳတယ္ဆိုတာ

ကိုယ့္ရဲ႕ ဖူးစာက ရခိုင္လူမ်ိဳးမဟုတ္ပဲ ရွမ္းျဖစ္ျဖစ္၊ ဗမာျဖစ္ျဖစ္၊ တျခားတိုင္းရင္းသား တစ္ေယာက္ေယာက္ပဲ ျဖစ္ျဖစ္ ဘာသာတူရင္ေတာ့ ယူသင့္တယ္လို႔ ျမင္ပါတယ္။ အခုေခတ္မွာ ဖုန္းေတြေတာင္ Update ေတြျဖစ္လာေသးတာပဲေလ။ ကိုယ့္ရဲ႕ ဖူးစာကလည္း အဲဒီလို ျဖစ္ေကာင္း ျဖစ္လာႏိုင္တာေပါ့” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ေနထက္လင္းကေတာ့

လက္ရွိမွာ အႏုပညာအလုပ္ေတြထက္ ကိုယ္ပိုင္စီးပြားေရးကို ဦးစားေပးေဆာင္႐ြက္ေနတာ ေတြ႕ရပါတယ္။ သူ႔အေနနဲ႔ ပရဟိတလုပ္ငန္းေတြမွာလည္း လက္လွမ္းမီသေလာက္ လုပ္ကိုင္လွ်က္ရွိပါတယ္။ အႏုပညာအလုပ္ေတြနဲ႔ ခဏတာ အလွမ္းေဝးေနခဲ့ေပမယ့္ သူ႔ကို အားေပးခ်စ္ခင္ၾကတဲ့ပရိသတ္ေတြကေတာ့ အခိုင္အမာရွိေနတုန္းပါပဲ။

Read in UNICODE

ဘုန်းလျှံနဲ့နေထက်လင်းကတော့ ရခိုင်လူမျိုးချင်းလည်း တူသလို အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ ဘုန်းလျှံရဲ့ ရင့်ကျက်မှုတွေကို အခုချိန်မှာ ပြန်မြင်ရလာတာကို ဝမ်းသာနေမိတယ်လို့ နေထက်လင်းက တဆင့်ပြောပြခဲ့ပါတယ်။ ” ဘုန်းလျှံက

ကျွန်တော့်ရဲ့ ညီလေးအရင်းတစ်ယောက်လိုပါပဲ။ လူတစ်ယောက်က မုန်းဖို့လွယ်တယ်၊ ရန်ဖြစ်ဖို့က လွယ်တယ်၊ လူတစ်ယောက်ကို မကောင်းမြင်ဖို့က လွယ်သလိုပဲ၊ မနာလိုဖြစ်ဖို့ကလည်း လွယ်ပါတယ်။ သူတော်ကောင်းတစ်ယောက်စိတ်ဖြစ်ဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော့် ညီလေးက အခုချိန်မှာ ရင့်ကျက်လာပြီ။ သူ့ဆီကနေ

ကောင်းတဲ့ အတွေးအခေါ်လေးတွေကို ပြန်ကြားရတဲ့ အချိန်မှာ သူ့ကိုအနားမှာရှိပြီး ချစ်နေပေးတဲ့ သူ့ရဲ့ ကောင်မလေးကိုတောင် ကျေးဇူးတွေ တင်နေမိတာပါ” ဆိုပြီးတော့ သြဂုတ်လ (၂၇) ရက်နေ့က အလိုတော်ပြည့်ကျောင်းက အလှူမှာ ဖြေဆိုခဲ့တာပါ။နေထက်လင်း အနေနဲ့ လူမျိုးချင်းမတူလည်း ဖူးစာကံပါရင် ရွေးချယ်သင့်တယ်လို့ ဆိုပါတယ်။ ” အဓိက ကတော့ အိမ်ထောင်ပြုတယ်ဆိုတာ

ကိုယ့်ရဲ့ ဖူးစာက ရခိုင်လူမျိုးမဟုတ်ပဲ ရှမ်းဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ်၊ တခြားတိုင်းရင်းသား တစ်ယောက်ယောက်ပဲ ဖြစ်ဖြစ် ဘာသာတူရင်တော့ ယူသင့်တယ်လို့ မြင်ပါတယ်။ အခုခေတ်မှာ ဖုန်းတွေတောင် Update တွေဖြစ်လာသေးတာပဲလေ။ ကိုယ့်ရဲ့ ဖူးစာကလည်း အဲဒီလို ဖြစ်ကောင်း ဖြစ်လာနိုင်တာပေါ့” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။နေထက်လင်းကတော့

လက်ရှိမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးစားပေးဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း လက်လှမ်းမီသလောက် လုပ်ကိုင်လျှက်ရှိပါတယ်။ အနုပညာအလုပ်တွေနဲ့ ခဏတာ အလှမ်းဝေးနေခဲ့ပေမယ့် သူ့ကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ အခိုင်အမာရှိနေတုန်းပါပဲ။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *