ႏွလံုးႏွင့္ အသည္းအတြက္ လူသိနဲတဲ့ ပဲလင္းေႁမြသီး(ေခၚ)ဗံုလံုသီးရဲ႕ က်န္းမာေရးလွိ်ဳ႕ဝွက္ခ်က္မ်ား

ဗုံလုံသီးပင္ (ဗုံလုံသီး (ေခၚ) ပဲလင္းေႁမြသီး –)တို႔သည္ တစ္ႏွစ္ပတ္လုံးအသီးသီးေသာ အပင္ျဖစ္ကာ၊ အႀကီးျမန္ေသာ ႏြယ္ပင္ တစ္ မ်ိဳးျဖစ္၏။ အပူပိုင္းေဒသတြင္ ေကာင္းစြာျဖစ္ထြန္းၾကၿပီး၊ မွန္ကူကြက္သစ္သားေဘာင္ျဖင့္ တိုင္ထူစိုက္ပ်ိဳးေပးပါက၊ အပင္ျဖစ္ထြန္းမႈ ျမန္ဆန္ပါတယ္။ ဗုံလုံသီး တို႔သည္ အုပ္မိုးထားေသာ အ႐ြက္မ်ားေအာက္မွ တြဲေလာင္းက်၍ သီးျခင္းျဖစ္၍ အမွတ္တမဲ့ၾကည့္ပါက ေႁမြႏွင့္ခ ပ္ဆင္ဆင္ တူ ျခင္း၊ အလြန္အမင္းအလ်ားလိုက္ရွည္ထြက္ကာ အသီးသီးျခင္း၊ တစ္ခါတစ္ရံတြင္

အလ်ား လိုက္ မရွည္ဘဲ အသီး၏ အဖ်ားစြန္း တစ္ဘက္မွ ေနာက္အဖ်ားစြန္းတစ္ဘက္ထိ မိမိကိုယ္ကို ေ ခြပတ္တြန႔္လိမ္စြာ အသီးသီးျခင္း၊ အစိမ္းေရာင္အသီးေပၚတြင္ အစိမ္း ႏုေရာင္ (သို႔မဟုတ္) အျဖဴေရာင္ အေၾကာင္အက်ားမ်ားပါရွိျခင္း စသည္တို႔ေၾကာင့္အခ်ိဳ႕အရပ္ေဒသမ်ားတြင္ ဗုံလုံသီး ကို ပဲလင္းေႁမြသီးဟု ေခၚဆိုၾကပါတယ္။အသီးရင့္လာပါက၊ အထဲရွိအေစ့မ်ားလဲ ရင့္မာလာတတ္သျဖင့္၊ ႏုခ်ိန္မွာခူးဆြတ္ စားသင့္ပါတယ္။

အသီးသာမက၊ အ႐ြက္ကိုလဲ ဟင္းခ်က္စားႏိုင္ပါတယ္။ မလတ္ဆတ္ေသာ အ႐ြက္တြင္ အလြန္စူး ရွေသာ အနံ႔အသက္ ဆိုးမ်ားထြက္ရွိ၏။ အသီး၏ အရသာ မွာ ခ်ိဳေပါ့ေပါ့အရသာရွိပါတ ယ္။ ႏု၍ လ တ္ဆတ္ေသာအသီးတြင္ အရည္ဓာတ္ေျမာက္မ်ားစြာ ပါရွိေသာေၾကာင့္ အပူေပးခ် က္ ျပဳတ္ရာ ၌ လွ်င္ျမန္စြာက်က္လြယ္၏။ ဗုံလုံသီး (ေခၚ) ပဲလင္းေႁမြသီးကို ငါး၊ပုစြန္ (သို႔မဟုတ္) မိမိႏွစ္သက္ ရာ အသားတစ္မ်ိဳးမ်ိဳး တို႔ျဖင့္ အစာသြပ္ခ်က္၍ေသာ္လည္းေကာင္း၊ ႏွပ္၍ေသာ္လည္းေကာင္း၊ေၾကာ္ခ်က္ ၍

ေသာ္ လည္းေကာင္း၊ အသီးႏွင့္အ႐ြက္ႏုတို႔ကို ျပဳတ္ကာ ငပိရည္အတို႔အျမႇဳပ္အျဖစ္လည္းေကာင္း၊ အ႐ြက္ကို ဟင္းခ်ိဳ/စြပ္ျပဳတ္/ေၾကာ္ခ်က္ ခ်က္၍ ေသာ္လည္းေကာင္း၊ အမ်ိဳး မ်ိဳး ခ်က္ျပဳတ္စားေသာက္ႏိုင္ပါတယ္။ ဗုံလုံသီးႏွင့္က်န္းမာေရး – ဗုံလုံသီးထဲမွာ လူသားတို႔အတြက္ က်န္းမာေရးကို ေကာင္းက်ိဳးျပဳတဲ့ ဗီတာမင္ ႏွင့္သတၱဳဓာတ္ တို႔အေျမာက္အမ်ားပါရွိလို႔၊ အထူးသျဖင့္ အိႏၵိယ႐ိုးရာ ေက်းလက္ကုထုံးမ်ားတြင္ ဗုံလုံသီး ႏွင့္ အ႐ြက္တို႔ကို တြင္တြင္က်ယ္က်ယ္ အသုံးျပဳလွ်က္ရွိ ေနၾကပါ တယ္။

ေဆးသုေတသီမ်ား၏ ဓာတ္ခြဲ စမ္းသပ္ခ်က္မ်ာအရ၊ ၁၀၀ ဂရမ္ရွိေသာ ဗုံလုံသီးထဲတြင္ ကယ္လိုရီ ၁၈၊ အစိုဓာတ္ ၉၄.၆%၊ ပ႐ိုငတ္း ဝ.၅%၊ အဆီဓာတ္ ဝ.၃%၊ အမွ်င္ဓာတ္ ဝ.၈%၊ ကစီဓာတ္ ၃.၃ %၊ ကယ္လ္ စီယမ္ ၂၆ မီလီဂရမ္၊ မီးစုန္း ၂၆ မီလီဂရမ္၊ သံဓာတ္ ဝ.၃ မီလီဂရမ္၊ ကယ္႐ိုတင္း ၉၆ မီလီဂရမ္၊ သီအာမင္ ဝ.၀၄ မီလီဂရမ္၊ ရီဘိုဖလာဗင္ ဝ.၀၆ မီလီဂရမ္၊ နီအာစင္ ဝ.၃ မီလီဂရမ္ တို႔အသီး သီးပါရွိၾကလို႔ လူသားးတို႔က်န္းမာေရးကို မ်ားစြာ အေထာက္အကူျပဳေစတယ္လို႔ဆိုပါတယ္ဗုံလုံသီး သ္ည္ ခြၽဲ၊ သလိပ္၊ ျပည္ တို႔ကို ေပ်ာ္ေစႏိုင္စြမ္းရွိၿပီး၊ အဆုတ္နာ/တီဘီနာေဝဒနာ ရွင္ မ်ားကို မ်ားစြာ ေကာင္းက်ိဳး ျပဳပါတယ္။ ဗုံလုံသီးပင္ အ႐ြက္ကလည္း ညေခြၽးထြက္လြန္ျခင္းႏွ င့္အဆုတ္ တီဘီေရာဂါ တို႔ကို

သက္သာေစပါတယ္။ ဗုံလုံသီးထဲတြင္ပါရွိေသာ ေရဓာတ္ ႏွင့္ သတၱဳဓာတ္မ်ားက၊ အေရျပားေျခာက္ေသြ႕မႈကို သက္သာေလ်ာ့နည္းေစသည့္ အျပင္ ခႏၶာကိုယ္၏ အေရဓာတ္ထုပ္လုပ္မႈကိုလဲမ်ားစြာ အေထာ က္အပံ့ေပးပါတယ္။အပူၿငိမ္းကာ ခႏၶာကိုယ္တြင္းကို ေအးျမေစလို႔၊ ပူျပင္းေသာ ေႏြရာသီတြင္ မ်ားမ်ားစားေပးသင့္ပါတယ္။ အသည္းကို လြန္စြာေကာင္းက်ိဳးျပဳပါတယ္။ ဗုံလုံသီးသည္ ႏွလုံးအားေကာင္းေစတဲ့အတြက္၊ ႏွလုံးေဝဒနာသည္မ်ား စားေပးသင့္ပါ တယ္။ ႏွလုံးပုံမွန္ အလုပ္မလုပ္ႏိုင္ျခင္းေၾကာင့္ႏွလုံးခုန္မမွႏွ္ေတာ့ဘဲ ရင္တုန္ပန္းတုန္ျဖစ္လာ ပါက၊ ဗုံလုံ႐ြက္ လတ္လတ္ဆတ္ဆတ္မ်ားကို အရည္ညႇစ္ၿပီး စားပြဲတင္ ဇြန္း (၁)ဇြန္း မွ (၂)ဇြန္း အထိ တစ္ေန႔လွ်င္ ၃-ႀကိမ္ ေသာက္သုံးေပး႐ုံမွ်ျဖင့္ ႏွလုံးကိုျပန္လည္၍ ပုံမွန္ အလုပ္ လုပ္ လာေစႏိုင္၏။

ကိုယ္ပူအျပင္းဖ်ားနာျခင္းတို႔အတြက္ ဗုံလုံသီး ႏွင့္ အ႐ြက္တို႔က အသက္ကယ္ေဆးကဲ့သအား ကိုးေလာက္ ပါတယ္။ ဗုံလုံသီး ႏွင့္အ႐ြက္တို႔ကို က်ိတ္ေခ်၍ ပ်ားရည္ျဖင့္ေရာေသာက္ေ ပးပါက၊ ဖ်ားနာျခင္းကို ယူပစ္သလို ေပ်ာက္ကင္းေစ ပါတယ္။ ထို႔ျပင္ဗုံလုံသီးအ႐ြက္ ႏွင့္နံနံပင္တို႔ကို ၁၂ ဂရမ္စီ ဆတူေရာ၍ ေရေအးထဲတြင္ တစ္ညစိမ္ထားပါ။ ထိုညသိပ္ ေရကို အဖ်ားလုံးဝမက်ႏိုင္ဘဲ အျပင္းဖ်ားနာေနသည့္ ေဝဒနာသည္မ်ားကို ခႏၶာကိုယ္အႏွံ႔ လိမ္းက်ံေပးႏိုင္ပါတယ္ ဗုံလုံသီးထဲတြင္ပါရွိေသာ အမွ်င္ဓာတ္မ်ားက ကလူးကို႔စ္ပမာဏကို ထိန္းသိမ္းေပးႏိုင္ေ သာေ ၾကာင့္၊ ဆီးခ်ိဳေရာဂါ ကို က်ေစပါတယ္။ အထူးသျဖင့္

တ႐ုပ္တိုင္းရင္းေဆးကုထုံးတြင္ ဗုံလံသီးပင္၏အျမစ္ျဖင့္ ဆီးခ်ိဳေရာဂါကို ကုသေလ့ရွိၾက ပါတယ္။ဗုံလုံ႐ြက္ကို နံနံေစ့ႏွင့္ေရာကာ အပူေပးျပဳတ္ထားသည့္အရည္ကိုတစ္ေန႔လွ်င္ (၃)ႀကိမ္ ခႏၶာကိုယ္အႏွံ႔လိမ္းက်ံေပး ျခင္းျဖင့္ အသဲေရာင္အသားဝါကို ေကာင္းစြာကုသႏိုင္ပါတယ္။8. ဗုံလုံသီးတြင္ ေရဓာတ္ပါဝင္မႈမ်ားေသာေၾကာင့္ ကယ္လိုရီနဲေသာ ဟင္းသီးဟင္း႐ြက္ျဖစ္ ပါတယ္။ဒါ့အျပင္ ျပည့္စုံလုံ ေလာက္ေသာအာဟာရမ်ားကို ျဖည့္တင္းေပးႏိုင္တာမို႔ ခႏၶာကိုယ္ အေလးခ်ိန္ထိန္းလိုသူမ်ားအတြက္ အထူးသင့္ေတာ္ပါတယ္။ အမွ်ွင္ဓာတ္ႂကြယ္ဝစြာပါရွိလို႔အစာေခ်စံနစ္ကို တိုးတက္ေကာင္းမြန္ေစပါတယ္။ ဝမ္းခ်ဳပ္ျ ခင္း အတြက္ စိတ္မညစ္ပါႏွင့္။ ဗုံလုံသီးသာမက၊ အ႐ြက္၊ အျမစ္ ႏွင့္ အေစ့တို႔ကလဲ အူထဲတြင္ေ ခ်ာဆီအျဖစ္ စြမ္းေဆာင္ေပးကာ၊ ဝမ္းႏူးေစပါတယ္။ လူႀကီးဝမ္းခ်ဳပ္ျခင္းအတြက္၊ ဗုံလုံ႐ြက္၊ အျမစ္ႏွင့္ အေစ့တို႔ကို ညက္ညက္ဝါးစား ေပးႏိုင္ပါတယ္။

ကေလးငယ္မ်ား ဝမ္းခ်ဳပ္ျခင္းအတြက္၊ ဗုံလုံ႐ြက္ႏွင့္အေစ့တို႔၏ သတၱဳရည္ကို နံက္တိုင္း လက္ဘက္ ရည္ဇြန္း (၁)ဇြန္းစီ တိုက္ေကြၽးေ ပးျခင္းျဖင့္ ဝမ္းမွန္ေစပါတယ္။ 10. ဦးေရျပားတြင္ မႈိစြဲ၍ေဗာက္ထသူမ်ားအတြက္ ဗုံလုံသီးသတၱဳရည္ျဖင့္ ဦးေရျပားကိုႏွိပ္နယ္ေ ပးျခ င္းျဖင့္ မိမိဖာသာ အိမ္တြင္းေဆးၿမီးတိုအျဖစ္ ေဗာက္မ်ားကင္းစင္ေအာင္ကုသႏိုင္ပါတယ္။ ဗုံလုံ႐ြက္သတၱဳရည္ျဖင့္ ဦးေရျပားကို လိမ္းေပး ႐ုံမွ်ျဖင့္ ထိပ္ေျပာင္ျခင္းကို

သက္သာေလ်ာ့နဲေစပါ တယ္ ဗုံလုံသီးတို႔သည္ ဆီးမ်ား၊ ေလသက္ေစကာ၊ ခႏၶာကိုယ္အတြင္းရွိ အဆိပ္အေတာက္မ်ား ကို ႏွင္ထုတ္ေပးႏိုင္စြမ္းရွိပါ တယ္။အထူးသတိျပဳရန္ – (က) ဗုံလုံေစ့ဟာ ဝမ္းသက္ေစတာမွန္ေသာလဲ၊ ထိုအေစထဲ့တြင္ အဆီဓာတ္ပါဝင္မႈျမင့္မားလို႔ လြန္ကဲစြာစားသုံးမိပါက အစာမေက် ဗိုက္ေအာင့္ျခင္းကို ျဖစ္ေပၚေစပါတယ္။( ခ) ဗုံလုံသီးပင္အျမစ္ဟာ ဝမ္းသက္ေစလို႔၊ ကိုယ္ဝန္သည္မ်ား မစားသင့္ပါဘူး။ အဆင္မသင့္ရင္ သားပ်က္/သားေလ်ာ ျဖစ္ေစ ပါတယ္။( ဂ) ဗုံလုံသီးနဲ႔ပီေလာပီနံ တို႔တြဲမစားသင့္ပါဘူး။

ေအာ့အန္တတ္ပါတယ္။မွတ္ခ်က္ – ရင့္ေသာဗုံလုံသီးမ်ားသည္ ခါးသက္သက္ျဖစ္ကာ၊ အရသာလဲမရွိပါ။ ဒါေၾကာင့္ လတ္ဆတ္ၿပီး ႏုေသာအသီးမ်ားကို အေ႐ြးမမွား ဘို႔လိုပါတယ္။ဗုံလုံသီးအပါအဝင္ ဟင္းသီးဟင္း႐ြက္ ႏွင့္ သစ္သီးဝလံ အားလုံးတိုင္းတို႔တြင္ သဘာဝမွရရွိေ သာ ေဆးဘက္ဝင္အစြမ္း သတၱိ ကိုယ္စီပါရွိၾကသျဖင့္ လူသားတို႔က်န္းမာေရးကို မ်ားစြာအေထာ က္အပံ့ျဖစ္ေစပါတယ္။ သို႔ေသာ္ “တန္ေဆး၊လြန္ေဘး” ဆိုး႐ိုး စကားႏွင့္အညီ ေဘးမျဖစ္ေ အာင္ေတာ့ အသုံးခ်တတ္ဘို႔လိုအပ္ပါတယ္။ ထို႔ေၾကာင့္ လူသားတို႔က်န္းမာေရးကို သဘာဝ ပဋိ ဇီဝေဆးအျဖစ္ အေထာက္အပံ့ေပးသည့္ ဗုံလုံသီးကို အက်ိဳးရွိရွိအသုံးခ်ကာ စားသုံးႏိုင္ၾကပါေ စေၾကာင္း သတင္းေကာင္းပါး အပ္ပါသည္။

Read in UNICODE

ဗုံလုံသီးပင် (ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး –)တို့သည် တစ်နှစ်ပတ်လုံးအသီးသီးသော အပင်ဖြစ်ကာ၊ အကြီးမြန်သော နွယ်ပင် တစ် မျိုးဖြစ်၏။ အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းကြပြီး၊ မှန်ကူကွက်သစ်သားဘောင်ဖြင့် တိုင်ထူစိုက်ပျိုးပေးပါက၊ အပင်ဖြစ်ထွန်းမှု မြန်ဆန်ပါတယ်။ ဗုံလုံသီး တို့သည် အုပ်မိုးထားသော အရွက်များအောက်မှ တွဲလောင်းကျ၍ သီးခြင်းဖြစ်၍ အမှတ်တမဲ့ကြည့်ပါက မြွေနှင့်ခ ပ်ဆင်ဆင် တူ ခြင်း၊ အလွန်အမင်းအလျားလိုက်ရှည်ထွက်ကာ အသီးသီးခြင်း၊ တစ်ခါတစ်ရံတွင်

အလျား လိုက် မရှည်ဘဲ အသီး၏ အဖျားစွန်း တစ်ဘက်မှ နောက်အဖျားစွန်းတစ်ဘက်ထိ မိမိကိုယ်ကို ေ ခွပတ်တွန့်လိမ်စွာ အသီးသီးခြင်း၊ အစိမ်းရောင်အသီးပေါ်တွင် အစိမ်း နုရောင် (သို့မဟုတ်) အဖြူရောင် အကြောင်အကျားများပါရှိခြင်း စသည်တို့ကြောင့်အချို့အရပ်ဒေသများတွင် ဗုံလုံသီး ကို ပဲလင်းမြွေသီးဟု ခေါ်ဆိုကြပါတယ်။အသီးရင့်လာပါက၊ အထဲရှိအစေ့များလဲ ရင့်မာလာတတ်သဖြင့်၊ နုချိန်မှာခူးဆွတ် စားသင့်ပါတယ်။

အသီးသာမက၊ အရွက်ကိုလဲ ဟင်းချက်စားနိုင်ပါတယ်။ မလတ်ဆတ်သော အရွက်တွင် အလွန်စူး ရှသော အနံ့အသက် ဆိုးများထွက်ရှိ၏။ အသီး၏ အရသာ မှာ ချိုပေါ့ပေါ့အရသာရှိပါတ ယ်။ နု၍ လ တ်ဆတ်သောအသီးတွင် အရည်ဓာတ်မြောက်များစွာ ပါရှိသောကြောင့် အပူပေးချ က် ပြုတ်ရာ ၌ လျှင်မြန်စွာကျက်လွယ်၏။ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီးကို ငါး၊ပုစွန် (သို့မဟုတ်) မိမိနှစ်သက် ရာ အသားတစ်မျိုးမျိုး တို့ဖြင့် အစာသွပ်ချက်၍သော်လည်းကောင်း၊ နှပ်၍သော်လည်းကောင်း၊ကြော်ချက် ၍

သော် လည်းကောင်း၊ အသီးနှင့်အရွက်နုတို့ကို ပြုတ်ကာ ငပိရည်အတို့အမြှုပ်အဖြစ်လည်းကောင်း၊ အရွက်ကို ဟင်းချို/စွပ်ပြုတ်/ကြော်ချက် ချက်၍ သော်လည်းကောင်း၊ အမျိုး မျိုး ချက်ပြုတ်စားသောက်နိုင်ပါတယ်။ ဗုံလုံသီးနှင့်ကျန်းမာရေး – ဗုံလုံသီးထဲမှာ လူသားတို့အတွက် ကျန်းမာရေးကို ကောင်းကျိုးပြုတဲ့ ဗီတာမင် နှင့်သတ္တုဓာတ် တို့အမြောက်အများပါရှိလို့၊ အထူးသဖြင့် အိန္ဒိယရိုးရာ ကျေးလက်ကုထုံးများတွင် ဗုံလုံသီး နှင့် အရွက်တို့ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျှက်ရှိ နေကြပါ တယ်။

ဆေးသုတေသီများ၏ ဓာတ်ခွဲ စမ်းသပ်ချက်မျာအရ၊ ၁၀၀ ဂရမ်ရှိသော ဗုံလုံသီးထဲတွင် ကယ်လိုရီ ၁၈၊ အစိုဓာတ် ၉၄.၆%၊ ပရိုငတ်း ဝ.၅%၊ အဆီဓာတ် ဝ.၃%၊ အမျှင်ဓာတ် ဝ.၈%၊ ကစီဓာတ် ၃.၃ %၊ ကယ်လ် စီယမ် ၂၆ မီလီဂရမ်၊ မီးစုန်း ၂၆ မီလီဂရမ်၊ သံဓာတ် ဝ.၃ မီလီဂရမ်၊ ကယ်ရိုတင်း ၉၆ မီလီဂရမ်၊ သီအာမင် ဝ.၀၄ မီလီဂရမ်၊ ရီဘိုဖလာဗင် ဝ.၀၆ မီလီဂရမ်၊ နီအာစင် ဝ.၃ မီလီဂရမ် တို့အသီး သီးပါရှိကြလို့ လူသားးတို့ကျန်းမာရေးကို များစွာ အထောက်အကူပြုစေတယ်လို့ဆိုပါတယ်ဗုံလုံသီး သ်ည် ချွဲ၊ သလိပ်၊ ပြည် တို့ကို ပျော်စေနိုင်စွမ်းရှိပြီး၊ အဆုတ်နာ/တီဘီနာဝေဒနာ ရှင် များကို များစွာ ကောင်းကျိုး ပြုပါတယ်။ ဗုံလုံသီးပင် အရွက်ကလည်း ညချွေးထွက်လွန်ခြင်းနှ င့်အဆုတ် တီဘီရောဂါ တို့ကို

သက်သာစေပါတယ်။ ဗုံလုံသီးထဲတွင်ပါရှိသော ရေဓာတ် နှင့် သတ္တုဓာတ်များက၊ အရေပြားခြောက်သွေ့မှုကို သက်သာလျော့နည်းစေသည့် အပြင် ခန္ဓာကိုယ်၏ အရေဓာတ်ထုပ်လုပ်မှုကိုလဲများစွာ အထော က်အပံ့ပေးပါတယ်။အပူငြိမ်းကာ ခန္ဓာကိုယ်တွင်းကို အေးမြစေလို့၊ ပူပြင်းသော နွေရာသီတွင် များများစားပေးသင့်ပါတယ်။ အသည်းကို လွန်စွာကောင်းကျိုးပြုပါတယ်။ ဗုံလုံသီးသည် နှလုံးအားကောင်းစေတဲ့အတွက်၊ နှလုံးဝေဒနာသည်များ စားပေးသင့်ပါ တယ်။ နှလုံးပုံမှန် အလုပ်မလုပ်နိုင်ခြင်းကြောင့်နှလုံးခုန်မမှနှ်တော့ဘဲ ရင်တုန်ပန်းတုန်ဖြစ်လာ ပါက၊ ဗုံလုံရွက် လတ်လတ်ဆတ်ဆတ်များကို အရည်ညှစ်ပြီး စားပွဲတင် ဇွန်း (၁)ဇွန်း မှ (၂)ဇွန်း အထိ တစ်နေ့လျှင် ၃-ကြိမ် သောက်သုံးပေးရုံမျှဖြင့် နှလုံးကိုပြန်လည်၍ ပုံမှန် အလုပ် လုပ် လာစေနိုင်၏။

ကိုယ်ပူအပြင်းဖျားနာခြင်းတို့အတွက် ဗုံလုံသီး နှင့် အရွက်တို့က အသက်ကယ်ဆေးကဲ့သအား ကိုးလောက် ပါတယ်။ ဗုံလုံသီး နှင့်အရွက်တို့ကို ကျိတ်ချေ၍ ပျားရည်ဖြင့်ရောသောက်ေ ပးပါက၊ ဖျားနာခြင်းကို ယူပစ်သလို ပျောက်ကင်းစေ ပါတယ်။ ထို့ပြင်ဗုံလုံသီးအရွက် နှင့်နံနံပင်တို့ကို ၁၂ ဂရမ်စီ ဆတူရော၍ ရေအေးထဲတွင် တစ်ညစိမ်ထားပါ။ ထိုညသိပ် ရေကို အဖျားလုံးဝမကျနိုင်ဘဲ အပြင်းဖျားနာနေသည့် ဝေဒနာသည်များကို ခန္ဓာကိုယ်အနှံ့ လိမ်းကျံပေးနိုင်ပါတယ် ဗုံလုံသီးထဲတွင်ပါရှိသော အမျှင်ဓာတ်များက ကလူးကို့စ်ပမာဏကို ထိန်းသိမ်းပေးနိုင်ေ သာေ ကြာင့်၊ ဆီးချိုရောဂါ ကို ကျစေပါတယ်။ အထူးသဖြင့်

တရုပ်တိုင်းရင်းဆေးကုထုံးတွင် ဗုံလံသီးပင်၏အမြစ်ဖြင့် ဆီးချိုရောဂါကို ကုသလေ့ရှိကြ ပါတယ်။ဗုံလုံရွက်ကို နံနံစေ့နှင့်ရောကာ အပူပေးပြုတ်ထားသည့်အရည်ကိုတစ်နေ့လျှင် (၃)ကြိမ် ခန္ဓာကိုယ်အနှံ့လိမ်းကျံပေး ခြင်းဖြင့် အသဲရောင်အသားဝါကို ကောင်းစွာကုသနိုင်ပါတယ်။8. ဗုံလုံသီးတွင် ရေဓာတ်ပါဝင်မှုများသောကြောင့် ကယ်လိုရီနဲသော ဟင်းသီးဟင်းရွက်ဖြစ် ပါတယ်။ဒါ့အပြင် ပြည့်စုံလုံ လောက်သောအာဟာရများကို ဖြည့်တင်းပေးနိုင်တာမို့ ခန္ဓာကိုယ် အလေးချိန်ထိန်းလိုသူများအတွက် အထူးသင့်တော်ပါတယ်။ အမျှှင်ဓာတ်ကြွယ်ဝစွာပါရှိလို့အစာချေစံနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်ြ ခင်း အတွက် စိတ်မညစ်ပါနှင့်။ ဗုံလုံသီးသာမက၊ အရွက်၊ အမြစ် နှင့် အစေ့တို့ကလဲ အူထဲတွင်ေ ချာဆီအဖြစ် စွမ်းဆောင်ပေးကာ၊ ဝမ်းနူးစေပါတယ်။ လူကြီးဝမ်းချုပ်ခြင်းအတွက်၊ ဗုံလုံရွက်၊ အမြစ်နှင့် အစေ့တို့ကို ညက်ညက်ဝါးစား ပေးနိုင်ပါတယ်။

ကလေးငယ်များ ဝမ်းချုပ်ခြင်းအတွက်၊ ဗုံလုံရွက်နှင့်အစေ့တို့၏ သတ္တုရည်ကို နံက်တိုင်း လက်ဘက် ရည်ဇွန်း (၁)ဇွန်းစီ တိုက်ကျွေးေ ပးခြင်းဖြင့် ဝမ်းမှန်စေပါတယ်။ 10. ဦးရေပြားတွင် မှိုစွဲ၍ဗောက်ထသူများအတွက် ဗုံလုံသီးသတ္တုရည်ဖြင့် ဦးရေပြားကိုနှိပ်နယ်ေ ပးခြ င်းဖြင့် မိမိဖာသာ အိမ်တွင်းဆေးမြီးတိုအဖြစ် ဗောက်များကင်းစင်အောင်ကုသနိုင်ပါတယ်။ ဗုံလုံရွက်သတ္တုရည်ဖြင့် ဦးရေပြားကို လိမ်းပေး ရုံမျှဖြင့် ထိပ်ပြောင်ခြင်းကို

သက်သာလျော့နဲစေပါ တယ် ဗုံလုံသီးတို့သည် ဆီးများ၊ လေသက်စေကာ၊ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များ ကို နှင်ထုတ်ပေးနိုင်စွမ်းရှိပါ တယ်။အထူးသတိပြုရန် – (က) ဗုံလုံစေ့ဟာ ဝမ်းသက်စေတာမှန်သောလဲ၊ ထိုအစေထဲ့တွင် အဆီဓာတ်ပါဝင်မှုမြင့်မားလို့ လွန်ကဲစွာစားသုံးမိပါက အစာမကျေ ဗိုက်အောင့်ခြင်းကို ဖြစ်ပေါ်စေပါတယ်။( ခ) ဗုံလုံသီးပင်အမြစ်ဟာ ဝမ်းသက်စေလို့၊ ကိုယ်ဝန်သည်များ မစားသင့်ပါဘူး။ အဆင်မသင့်ရင် သားပျက်/သားလျော ဖြစ်စေ ပါတယ်။( ဂ) ဗုံလုံသီးနဲ့ပီလောပီနံ တို့တွဲမစားသင့်ပါဘူး။

အော့အန်တတ်ပါတယ်။မှတ်ချက် – ရင့်သောဗုံလုံသီးများသည် ခါးသက်သက်ဖြစ်ကာ၊ အရသာလဲမရှိပါ။ ဒါကြောင့် လတ်ဆတ်ပြီး နုသောအသီးများကို အရွေးမမှား ဘို့လိုပါတယ်။ဗုံလုံသီးအပါအဝင် ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံ အားလုံးတိုင်းတို့တွင် သဘာဝမှရရှိေ သာ ဆေးဘက်ဝင်အစွမ်း သတ္တိ ကိုယ်စီပါရှိကြသဖြင့် လူသားတို့ကျန်းမာရေးကို များစွာအထော က်အပံ့ဖြစ်စေပါတယ်။ သို့သော် “တန်ဆေး၊လွန်ဘေး” ဆိုးရိုး စကားနှင့်အညီ ဘေးမဖြစ်ေ အာင်တော့ အသုံးချတတ်ဘို့လိုအပ်ပါတယ်။ ထို့ကြောင့် လူသားတို့ကျန်းမာရေးကို သဘာဝ ပဋိ ဇီဝဆေးအဖြစ် အထောက်အပံ့ပေးသည့် ဗုံလုံသီးကို အကျိုးရှိရှိအသုံးချကာ စားသုံးနိုင်ကြပါေ စကြောင်း သတင်းကောင်းပါး အပ်ပါသည်။

Source : TheFarmerMedia

Add a Comment

Your email address will not be published. Required fields are marked *