ျမန္မာႏိုင္ငံမွာ ေတြ႕ရမ်ားၿပီး က်န္းမာေရးေကာင္းက်ိဳးမ်ားစြာေပးတဲ့ ကန္စြန္း႐ိုးနီ

မိုးရာသီကာလမွာ ေပါေပါမ်ားမ်ားေတြ႕ရတတ္ၿပီး ေဈးႏႈန္းအားျဖင့္လည္း ခ်ိဳသာတဲ့ လယ္ကန္စြန္းလို႔ ေခၚတဲ့ ကန္စြန္း႐ိုးနီဟာ ခႏၶာကိုယ္ က်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြမ်ားစြာ ရွိပါတယ္။ ကန္စြန္း႐ိုးနီမွာ အစာေခ်ဖ်က္ျခင္းစနစ္ကို အားေကာင္းေစတဲ့ အမွ်င္ဓာတ္၊ သံဓာတ္၊ ဗီတာမင္ေအ၊ ဗီတာမင္စီ စတဲ့ အာဟာရဓာတ္ေတြ ပါဝင္ၿပီး က်န္းမာေရးအတြက္ ကန္စြန္း႐ိုးနီရဲ႕ အက်ိဳးျပဳပုံေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

အသည္းက်န္းမာေရး ျပႆနာေတြကို သက္သာေစႏိုင္တယ္

ကန္စြန္း႐ိုးနီကို အာယုေဗဒ ေဆးပညာမွာ အသားဝါေရာဂါနဲ႔ အသည္းက်န္းမာေရး ျပႆနာေတြ ျဖစ္ေပၚတဲ့အခါ အသုံးျပဳကုသေလ့ ရွိၾကပါတယ္။ အစားအစာေတြမွာ ပါဝင္တဲ့ ဓာတုပစၥည္းေတြနဲ႔ အရက္ အလြန္အကြၽံ ေသာက္သုံးျခင္းေၾကာင့္ ျဖစ္ေပၚတဲ့ အသည္းေရာဂါေတြကို ကန္စြန္း႐ိုးနီ ျပဳတ္ရည္နဲ႔ ကန္စြန္း႐ိုးနီ စားသုံးျခင္းက သက္သာေစႏိုင္တယ္လို႔ အာယုေဗဒ ေဆးပညာက်မ္းေတြမွာ ေဖာ္ျပထားပါတယ္။

ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတယ္

ကန္စြန္း႐ိုးနီမွာ ပါဝင္တဲ့ ဗီတာမင္စီ ဓာတ္ဟာ ခႏၶာကိုယ္ ခုခံအားစနစ္ကို ေကာင္းမြန္ေစၿပီး ကိုယ္တြင္း အဆိပ္အေတာက္ေတြကို ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္ ကူးစက္ေရာဂါနဲ႔ အေအးမိ ဖ်ားနာျခင္းေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

ႏွလုံးက်န္းမာေရး ျပႆနာေတြကို ေလ်ာ့နည္းေစႏိုင္တယ္

ကန္စြန္း႐ိုးနီမွာ ဗီတာမင္ေအ၊ ဗီတာမင္စီနဲ႔ ဘီတာ ကယ္႐ိုတင္တို႔ ပါဝင္တဲ့အတြက္ ခႏၶာကိုယ္တြင္း ကိုလက္စထေရာ ျမင့္မားမႈေၾကာင့္ ႏွလုံးေသြးေၾကာက်ဥ္းျခင္း၊ ႏွလုံးအဆီဖုံးျခင္း၊ ႐ုတ္တရက္ ႏွလုံးရပ္တန႔္ျခင္းနဲ႔ ေလျဖတ္ျခင္းတို႔ကို ေလ်ာ့နည္းေစႏိုင္ပါတယ္။

အျမင္အာ႐ုံကို ေကာင္းမြန္ေစတယ္

ကန္စြန္း႐ိုးနီမွာ ဗီတာမင္ေအ၊ Lutein နဲ႔ Carotenoid တို႔ ျမင့္မားစြာ ပါဝင္တာေၾကာင့္ အသက္အ႐ြယ္ေၾကာင့္ အျမင္အာ႐ုံ ေလ်ာ့နည္းလာျခင္းနဲ႔ မ်က္စိမႈန္ျခင္း တို႔ကို သက္သာေပ်ာက္ကင္းေစႏိုင္ၿပီး မ်က္လုံးက်န္းမာေရး ျပႆနာေတြ မျဖစ္ေပၚေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

ေသြးအားနည္းျခင္းကို သက္သာ ေပ်ာက္ကင္းေစႏိုင္တယ္

ကန္စြန္း႐ိုးနီမွာ သံဓာတ္ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ အမ်ိဳးသမီးေတြမွာ ျဖစ္ေလ့ ရွိတဲ့ ေသြးအားနည္းေရာဂါနဲ႔ ကိုယ္ဝန္ေဆာင္စဥ္ ျဖစ္ေပၚတဲ့ ကိုယ္ဝန္ေဆာင္ ေသြးအားနည္းေရာဂါတို႔ကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။

Read in UNICODE

မိုးရာသီကာလမှာ ပေါပေါများများတွေ့ရတတ်ပြီး ဈေးနှုန်းအားဖြင့်လည်း ချိုသာတဲ့ လယ်ကန်စွန်းလို့ ခေါ်တဲ့ ကန်စွန်းရိုးနီဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာ ရှိပါတယ်။ ကန်စွန်းရိုးနီမှာ အစာချေဖျက်ခြင်းစနစ်ကို အားကောင်းစေတဲ့ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးအတွက် ကန်စွန်းရိုးနီရဲ့ အကျိုးပြုပုံတွေကို ဖော်ပြပေးချင်ပါတယ်။

အသည်းကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တယ်

ကန်စွန်းရိုးနီကို အာယုဗေဒ ဆေးပညာမှာ အသားဝါရောဂါနဲ့ အသည်းကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ အသုံးပြုကုသလေ့ ရှိကြပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်တဲ့ အသည်းရောဂါတွေကို ကန်စွန်းရိုးနီ ပြုတ်ရည်နဲ့ ကန်စွန်းရိုးနီ စားသုံးခြင်းက သက်သာစေနိုင်တယ်လို့ အာယုဗေဒ ဆေးပညာကျမ်းတွေမှာ ဖော်ပြထားပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

ကန်စွန်းရိုးနီမှာ ပါဝင်တဲ့ ဗီတာမင်စီ ဓာတ်ဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်း အဆိပ်အတောက်တွေကို လျှော့ချပေးနိုင်တာကြောင့် ကူးစက်ရောဂါနဲ့ အအေးမိ ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေး ပြဿနာတွေကို လျော့နည်းစေနိုင်တယ်

ကန်စွန်းရိုးနီမှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဘီတာ ကယ်ရိုတင်တို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်း ကိုလက်စထရော မြင့်မားမှုကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်း၊ ရုတ်တရက် နှလုံးရပ်တန့်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို လျော့နည်းစေနိုင်ပါတယ်။

အမြင်အာရုံကို ကောင်းမွန်စေတယ်

ကန်စွန်းရိုးနီမှာ ဗီတာမင်အေ၊ Lutein နဲ့ Carotenoid တို့ မြင့်မားစွာ ပါဝင်တာကြောင့် အသက်အရွယ်ကြောင့် အမြင်အာရုံ လျော့နည်းလာခြင်းနဲ့ မျက်စိမှုန်ခြင်း တို့ကို သက်သာပျောက်ကင်းစေနိုင်ပြီး မျက်လုံးကျန်းမာရေး ပြဿနာတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သွေးအားနည်းခြင်းကို သက်သာ ပျောက်ကင်းစေနိုင်တယ်

ကန်စွန်းရိုးနီမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အမျိုးသမီးတွေမှာ ဖြစ်လေ့ ရှိတဲ့ သွေးအားနည်းရောဂါနဲ့ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်တဲ့ ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Source : www.stylecraze.com

Add a Comment

Your email address will not be published. Required fields are marked *