သမီးေလးကို ကိုယ္ပိုင္စီးပြားေရးေတြမွာ အားကိုးေနရၿပီျဖစ္ေၾကာင္း ခ်ီက်ဴးခဲ့တဲ့ လင္းဇာနည္ေဇာ္

ျမဴလင္းကိုကို ကေတာ့ ျပည္ပမွာ သြားေရာက္ပညာသင္ၾကားေနသူျဖစ္ၿပီး ေက်ာင္းအားလပ္ရက္ေတြမွာ မိခင္ျဖစ္သူဆီကို အလည္ျပန္ေရာက္ေနတယ္လို႔ သိရပါတယ္။ လင္းဇာနည္ေဇာ္က သမီးေလး ျမဴလင္းကိုကို ရဲ႕ အလုပ္ႀကိဳးစားမႈေတြကို အခုလို ေျပာျပလာပါတယ္။ “ သူရန္ကုန္ျပန္ေရာက္လာၿပီဆိုရင္ အစ္မက အနားမေပးဘူး။ သူ႔ကို ေခါက္ဆြဲဆိုင္နဲ႔ ပတ္သက္ၿပီး

စီမံခန႔္ခြဲဖို႔ အလုပ္ေပးတယ္။ အခု Covid ကာလမွာ အစ္မတို႔ Online Delivery လုပ္လိုက္တဲ့ အခ်ိန္မွာ Page ကေန သူပဲ ေအာ္ဒါေကာက္၊ သူပဲ လမ္းေၾကာင္းဆြဲတာဆိုေတာ့ သမီးေလးပဲ ဦးစီးၿပီးလုပ္ေနတာေပါ့။ သူက အလုပ္ကို အရမ္းေလာဘႀကီးတဲ့သူပါ။ အရင္တုန္းကဆို ေသာၾကာ၊ စေန (၂) ရက္ပဲ Delivery ပို႔တာ ကေလးေတြ ပင္ပန္းမွာ စိုးလို႔ေလ။ သူေရာက္လာေတာ့ တစ္ပတ္လုံးကို အလုပ္လုပ္ေနရတာ။ ကိုယ္ေတြကလည္း

သမီးေရ နားရက္ေလး ထားဦးဆိုၿပီးေတာ့ ေျပာေနရတယ္” လို႔ဆိုပါတယ္။ လင္းဇာနည္ေဇာ္ဟာ သမီးလိမၼာေလးကို ရရွိထားသူျဖစ္ပါတယ္။ သူမရဲ႕ သမီးေလးကိုလည္း ကိုယ့္ေျခေထာက္ေပၚ ကိုယ္ ရပ္တည္ႏိုင္တဲ့သူျဖစ္ေစခ်င္တယ္လို႔ သူကဆိုပါတယ္။ “ သမီးလိမၼာရထားေတာ့ ေကာင္းလည္းေကာင္းတယ္၊ ေမာင္းလည္းေမာင္းတယ္။ ဝန္ထမ္းေတြတင္မကဘူး ကိုယ္ေတြကိုပါ ေမာင္းတာသူက။ အမွန္အတိုင္းေျပာရရင္

သူအလုပ္လုပ္ႏိုင္တာ ျမင္ရေတာ့ အစ္မက ေက်နပ္တယ္။ လူဆိုတာ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္ႏိုင္မွေလ။ လူဆိုတာ သူမ်ားေျခေထာက္ေပၚရပ္ရင္ ေရရွည္ဘယ္ေတာ့မွ မၿမဲဘူး။ အေရးႀကီးတာက ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္ႏိုင္မွ ကိုယ့္ကိုယ္ကိုယ္ ႀကိဳးစားခ်င္စိတ္ရွိမွာေလ။ သူေကာင္းတာေတြ အမ်ားႀကီးလုပ္လို႔ ေကာင္းတဲ့အက်ိဳးေတြရွိလာရင္ အစ္မက ပီတိျဖစ္ပါတယ္” လို႔ ဆက္လက္

ေျပာျပခဲ့ပါတယ္။ လင္းဇာနည္ေဇာ္ကေတာ့ သမီးေလးကို အႏုပညာအလုပ္ေတြကို မလုပ္ေစခ်င္ေပမယ့္ သမီးေလး ကိုယ္တိုင္က ဝါသနာပါတယ္ ဆိုရင္ ပံ့ပိုးသြားမွာပါလို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုဖူးပါတယ္။ သ႐ုပ္ေဆာင္ လင္းဇာနည္ေဇာ္ဟာ Single Mother တစ္ေယာက္အျဖစ္ ရပ္တည္ၿပီး သမီးေလးကို ျပဳစုပ်ိဳးေထာင္ေနသူလည္း ျဖစ္ပါတယ္။ ဇာတ္ကား႐ိုက္ကူးမႈေတြ နည္းသြားေပမယ့္လည္း ပရိသတ္အားေပးမႈ ရရွိထားတဲ့ သူမဟာ ကိုယ္ပိုင္စီးပြားေရးေတြကိုလည္း လုပ္ကိုင္ေနသူပါ။

Read in UNICODE

မြူလင်းကိုကို ကတော့ ပြည်ပမှာ သွားရောက်ပညာသင်ကြားနေသူဖြစ်ပြီး ကျောင်းအားလပ်ရက်တွေမှာ မိခင်ဖြစ်သူဆီကို အလည်ပြန်ရောက်နေတယ်လို့ သိရပါတယ်။ လင်းဇာနည်ဇော်က သမီးလေး မြူလင်းကိုကို ရဲ့ အလုပ်ကြိုးစားမှုတွေကို အခုလို ပြောပြလာပါတယ်။ “ သူရန်ကုန်ပြန်ရောက်လာပြီဆိုရင် အစ်မက အနားမပေးဘူး။ သူ့ကို ခေါက်ဆွဲဆိုင်နဲ့ ပတ်သက်ပြီး

စီမံခန့်ခွဲဖို့ အလုပ်ပေးတယ်။ အခု Covid ကာလမှာ အစ်မတို့ Online Delivery လုပ်လိုက်တဲ့ အချိန်မှာ Page ကနေ သူပဲ အော်ဒါကောက်၊ သူပဲ လမ်းကြောင်းဆွဲတာဆိုတော့ သမီးလေးပဲ ဦးစီးပြီးလုပ်နေတာပေါ့။ သူက အလုပ်ကို အရမ်းလောဘကြီးတဲ့သူပါ။ အရင်တုန်းကဆို သောကြာ၊ စနေ (၂) ရက်ပဲ Delivery ပို့တာ ကလေးတွေ ပင်ပန်းမှာ စိုးလို့လေ။ သူရောက်လာတော့ တစ်ပတ်လုံးကို အလုပ်လုပ်နေရတာ။ ကိုယ်တွေကလည်း

သမီးရေ နားရက်လေး ထားဦးဆိုပြီးတော့ ပြောနေရတယ်” လို့ဆိုပါတယ်။ လင်းဇာနည်ဇော်ဟာ သမီးလိမ္မာလေးကို ရရှိထားသူဖြစ်ပါတယ်။ သူမရဲ့ သမီးလေးကိုလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့သူဖြစ်စေချင်တယ်လို့ သူကဆိုပါတယ်။ “ သမီးလိမ္မာရထားတော့ ကောင်းလည်းကောင်းတယ်၊ မောင်းလည်းမောင်းတယ်။ ဝန်ထမ်းတွေတင်မကဘူး ကိုယ်တွေကိုပါ မောင်းတာသူက။ အမှန်အတိုင်းပြောရရင်

သူအလုပ်လုပ်နိုင်တာ မြင်ရတော့ အစ်မက ကျေနပ်တယ်။ လူဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မှလေ။ လူဆိုတာ သူများခြေထောက်ပေါ်ရပ်ရင် ရေရှည်ဘယ်တော့မှ မမြဲဘူး။ အရေးကြီးတာက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မှ ကိုယ့်ကိုယ်ကိုယ် ကြိုးစားချင်စိတ်ရှိမှာလေ။ သူကောင်းတာတွေ အများကြီးလုပ်လို့ ကောင်းတဲ့အကျိုးတွေရှိလာရင် အစ်မက ပီတိဖြစ်ပါတယ်” လို့ ဆက်လက်

ပြောပြခဲ့ပါတယ်။ လင်းဇာနည်ဇော်ကတော့ သမီးလေးကို အနုပညာအလုပ်တွေကို မလုပ်စေချင်ပေမယ့် သမီးလေး ကိုယ်တိုင်က ဝါသနာပါတယ် ဆိုရင် ပံ့ပိုးသွားမှာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေသူပါ။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *