သံဃာတော်အပါး(၃၀၀)တိတိကို ဆွမ်းလောင်းလှူ ကုသိုလ်ယူခဲ့ကြတဲ့ ပိုးအိအိခန့်နဲ့ အောင်သူ
Read in UNICODE
အောင်သူနဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ပိုးအိအိခန့်တို့ စုံတွဲလေးကတော့ အလှူအတန်းတွေကို စိတ်တူကိုယ်တူနဲ့ သဒ္ဓါတရားထက်သန်စွာလှူဒါန်းလေ့ရှိတဲ့ စုံတွဲလေးပါ။ မကြာခဏဆိုသလိုလည်း မိသားစုစုံစုံလင်လင်နဲ့ အလှူအတန်းတွေကို ပြုလုပ်လေ့ရှိကြပြီး
လတ်တလောမှာလည်း သံဃာ အပါး(၃၀၀)ကို ဆွမ်း၊ ဆွမ်းဟင်း၊ အချိုပွဲများ လောင်းလှူတဲ့ အလှူလေးပြုလုပ်ခဲ့ပါတယ်။ ဆွမ်းလောင်းအလှူလေးကိုတော့ မနေ့က သြဂုတ်လ (၂၈)ရက်နေ့က လောင်လှူခဲ့တာဖြစ်ပြီး ကျွန်းကုန်းကျေးရွာမှာဆွမ်းလောင်လှူခဲ့တာပဲဖြစ်ပါတယ်။ Covid
ကာလမို့ ပိုးအိအိခန့်တို့ ကိုယ်တိုင်က သွားရောက်မလောင်းလှူနိုင်ခဲ့ပေခဲ့ အလှူပြုလုပ်တဲ့ ပုံရိပ်လေးတွေကိုတော့ ပိုးအိအိခန့်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။အောင်သူနဲ့ ပိုးအိအိခန့်တို့ မိသားစုလည်း အခုလို
ဆွမ်းလောင်းလှူရတဲ့ကုသိုလ်လေးကြောင့် စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို သက်ဆုံးတိုင်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း အောင်သူတို့ မိသားစုရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦး။
Source : Poe Ei Ei Khant’s Facebook