ပန်းစည်းအကြီးကြီးကို ရှူတင်ရှိတဲ့နေရာအထိ တကူးတကပို့ပေးပြီး စပရိုက်လုပ်ပေးခဲ့သူကြောင့် ပျော်နေတဲ့ မအေးသောင်း





Read in UNICODE

ချစ်စနိုးနဲ့ မအေးသောင်းဆိုပြီးခေါ်နေကြတဲ့ အေးဝတ်ရည်သောင်းကတော့ အသက် ၃၀ ကျော်တိုင် အရွယ်တင်နုပျိုနေဆဲဖြစ်တဲ့ မိန်းမချောလေးတစ်ယောက်ပါပဲ။ အသက်ရလာလေလေ တည်ငြိမ်တဲ့အလှလေးနဲ့ ပိုပိုပြီးကျက်သရေရှိလာလေဖြစ်တဲ့ သူမရဲ့ အလှလေးကြောင့်

ပုရိသတွေက မအေးသောင်းရယ်ဆိုပြီးချစ်ခင်အားပေးနေကြတာပဲဖြစ်ပါတယ်။ သူမကတော့ အသက်အရွယ်တစ်ခုရလာတဲ့တိုင် အိမ်ထောင်မပြုသေးပဲ အပျိုကြီးဆိုတဲ့ဂုဏ်ကို ထိန်းသိမ်းထားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်သူရှိကြောင်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားလိုက်ပြီဖြစ်တဲ့

မအေးသောင်းကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိနေဆဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မအေးသောင်းက သူမရဲ့ ရှုတင်ရှိရာ နေရာအထိ တကူးတကနဲ့ ပန်းစည်းကြီးလာပို့ပေးတဲ့ တစ်စုံတစ်ယောက်ကြောင့် ပျော်ရွှင်ကြည်နူးနေရတဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး မျှဝေပေးထားပါတယ်။ မအေးသောင်းကတော့ သူမကို အရမ်းချစ်ပြီး

ဂရုစိုက်တဲ့သူတွေကိုပဲ ပိုင်ဆိုင်ထားတဲ့ ကံကောင်းသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အချစ်ခံရလွန်းတဲ့ မအေးသောင်းကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Aye Thaung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *