ကိုယ္တိုင္ခ်က္ဂဏန္းဟင္းကို မယံုႏိုင္ေလာက္ေအာင္မွာယူ အားေပးခဲ့ၾကတာေၾကာင့္ အံၾသေပ်ာ္ရႊင္ေနတဲ့ ျမတ္သူေက်ာ္

ျမတ္သူေက်ာ္ကေတာ့ ျမင့္မားတဲ့အရပ္နဲ႔ေယာက်္ားပီသတဲ့မ်က္ႏွာကို ပိုင္ဆိုင္ထားသူတစ္ေယာက္မို႔ မိန္းကေလးပရိသတ္ေတြရဲ႕ဝန္းရံအားေပးျခင္းကို ရရွိထားသူပါ။ အႏုပညာအလုပ္ေတြခပ္က်ဲက်ဲသာ လုပ္ျဖစ္ေတာ့ေပမယ့္ အားေပးေနတဲ့ပရိသတ္ႀကီးနဲ႔ အဆက္အသြယ္မျပတ္ရေအာင္

တေန႔တာအေၾကာင္းအရာေလးေတြကို မွ်ေဝေပးလ်က္ရွိပါတယ္။ ကိုဗစ္ကာလစတင္ကတည္းက အိမ္ထဲမွာပဲေနၿပီး တေန႔တမ်ိဳးမ႐ိုးႏိုင္ေအာင္ ကိုယ္တိုင္ခ်က္ျပဳတ္စားေသာက္ကာ ပရိသတ္ေတြကိုလည္း သူ႔ရဲ႕လက္ရာေလးေတြကို မွ်ေဝေပးေနၿပီး မေန႔ကေတာ့

ဂဏန္းခ်က္စားရင္း ပရိသတ္ႀကီးကိုပါ စားေစခ်င္တာမို႔ မွာယူႏိုင္ေၾကာင္း မွ်ေဝခဲ့ပါတယ္။ ဂဏန္းဆိုဒ္ႀကီး ေလးေကာင္ ေျပာင္းဖူး၊ အပ္မႈိတို႔ပါဝင္တဲ့ ဂဏန္းမဆလာခ်ဥ္စပ္တစ္ပြဲကို တစ္ေသာင္းက်ပ္နဲ႔ေရာင္းခ်ေပးသြားမယ့္အေၾကာင္း ေရးသားခဲ့ပါတယ္။ ကိုယ့္

လက္ရာေလးစားေစခ်င္လို႔သာ မွ်ေဝခဲ့ေပမယ့္ သူကိုယ္တိုင္မထင္မွတ္ထားေလာက္ေအာင္ မွာယူၾကၿပီး ပြဲ(၅၀) ထိ ေအာ္ဒါလက္ခံရခဲ့တာမို႔ ျမတ္သူေက်ာ္ကေတာ့ ” ဂဏန္းခ်က္စားရင္း အရသာေကာင္းလို႔စားေစခ်င္လို႔ Order ေကာက္လိုက္တာ ပြဲ (၅၀) ေတာင္ တက္လာတယ္.. မနက္ ျဖန္ပို႔ေပးရေတာ့မယ္ OMO OMO” ဆိုၿပီး ေပ်ာ္႐ႊင္စြာ မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။

Read in UNICODE

မြတ်သူကျော်ကတော့ မြင့်မားတဲ့အရပ်နဲ့ယောကျ်ားပီသတဲ့မျက်နှာကို ပိုင်ဆိုင်ထားသူတစ်ယောက်မို့ မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးခြင်းကို ရရှိထားသူပါ။ အနုပညာအလုပ်တွေခပ်ကျဲကျဲသာ လုပ်ဖြစ်တော့ပေမယ့် အားပေးနေတဲ့ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင်

တနေ့တာအကြောင်းအရာလေးတွေကို မျှဝေပေးလျက်ရှိပါတယ်။ ကိုဗစ်ကာလစတင်ကတည်းက အိမ်ထဲမှာပဲနေပြီး တနေ့တမျိုးမရိုးနိုင်အောင် ကိုယ်တိုင်ချက်ပြုတ်စားသောက်ကာ ပရိသတ်တွေကိုလည်း သူ့ရဲ့လက်ရာလေးတွေကို မျှဝေပေးနေပြီး မနေ့ကတော့

ဂဏန်းချက်စားရင်း ပရိသတ်ကြီးကိုပါ စားစေချင်တာမို့ မှာယူနိုင်ကြောင်း မျှဝေခဲ့ပါတယ်။ ဂဏန်းဆိုဒ်ကြီး လေးကောင် ပြောင်းဖူး၊ အပ်မှိုတို့ပါဝင်တဲ့ ဂဏန်းမဆလာချဉ်စပ်တစ်ပွဲကို တစ်သောင်းကျပ်နဲ့ရောင်းချပေးသွားမယ့်အကြောင်း ရေးသားခဲ့ပါတယ်။ ကိုယ့်

လက်ရာလေးစားစေချင်လို့သာ မျှဝေခဲ့ပေမယ့် သူကိုယ်တိုင်မထင်မှတ်ထားလောက်အောင် မှာယူကြပြီး ပွဲ(၅၀) ထိ အော်ဒါလက်ခံရခဲ့တာမို့ မြတ်သူကျော်ကတော့ ” ဂဏန်းချက်စားရင်း အရသာကောင်းလို့စားစေချင်လို့ Order ကောက်လိုက်တာ ပွဲ (၅၀) တောင် တက်လာတယ်.. မနက် ဖြန်ပို့ပေးရတော့မယ် OMO OMO” ဆိုပြီး ပျော်ရွှင်စွာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

Source : Myat Thu Kyaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *