ညီနႏၵရဲ႕ ေထာပတ္ထမင္းေတြ အားရပါးရ အပီအျပင္ဆြဲေနၾကတဲ့ ေနတိုး ေက်ာ္ေက်ာ္ဗိုလ္ မင္းေမာ္ကြန္း ထြန္းထြန္းနဲ႔ ရဲေလး

ႏွင္းဆီ Unplugged ဆိုၿပီးေဖ်ာ္ေျဖပြဲလုပ္ဖို႔အတြက္ တိုင္ပင္ေနၾကတဲ့ ႏွင္းဆီပြင့္ေတြဆီကို ညီနႏၵတစ္ေယာက္ အင္အားျဖည့္ဖို႔ ေထာပတ္ထမင္းေတြ လက္ေဆာင္သြားေပးခဲ့ပါတယ္။ အႏုပညာအလုပ္ေတြ အရင္ကေလာက္အမ်ားႀကီး မလုပ္ရေတာ့တဲ့အခိုက္မွာ ကိုယ့္လက္ရာေလးကိုယ္ ယုံၾကည္မႈရွိရွိနဲ႔ႀကိဳးစားခဲ့တာေၾကာင့္ အခုဆိုရင္ အေတာ္ေလးအဆင္ေျပတဲ့

အေနအထားတစ္ခုကိုေရာက္ရွိေနခဲ့ပါၿပီ။ေ ဖ်ာ္ေျဖတင္ဆက္မႈတစ္ခုမွာ အလြဲေလးျဖစ္ခဲ့တာေၾကာင့္လည္း ပရိသတ္ေတြရဲ႕ ေဝဖန္မႈကို ခံခဲ့ရေပမယ့္ အားလုံးကိုျပန္ၿပီးေတာင္းပန္ခဲ့ ပါတယ္။ ဒီေနာက္မွာေတာ့ အိမ္စီးပြားေရးျဖစ္တဲ့ ေထာပတ္ထမင္းကိုပဲ အရင္ကထက္ပိုအားစိုက္ၿပီးႀကိဳးစားတဲ့အခ်ိန္မွာေတာ့ မိသားစုကို ပိုၿပီးျပည့္ျပည့္စုံစုံထားႏိုင္တဲ့

အေနအထားတစ္ခုကိုေရာက္ရွိလာခဲ့ပါၿပီ။ ခ်စ္ခင္ရတဲ့ အႏုပညာရွင္ေတြကိုလည္း ေထာပတ္ထမင္းေလးေတြ မၾကာခဏဆိုသလို လက္ေဆာင္ေပးတတ္ပါေသးတယ္။ ဒီေန႔မွာလည္း ႏွင္းဆီအဖြဲ႕ဝင္ေတြကို ေထာပတ္ထမင္းလက္ေဆာင္လာေပးခဲ့ၿပီး အရသာေကာင္းတဲ့ ေထာပတ္ထမင္းပုံေလးေတြကို ” ကိုနႏၵရဲ႕ေထာပတ္ထမင္းေလး

ဒီေန႔ေတာ့ ဆြဲၿပီဗ်ာေက်းဇူးပါဗ်ိဳး အရသာက တကယ္ႀကီးရွယ္ဗ်ာ ” ဆိုၿပီး ထြန္းထြန္းက ပုံေလးေတြ တင္ခဲ့ပါတယ္။ ျမင္လိုက္တာနဲ႔တင္ကို စားခ်င္စဖြယ္ျဖစ္လြန္းတာေတာ့ ခ်က္ျပဳတ္သူရဲ႕ေစတနာေၾကာင့္ဆိုတာ သိသာပါတယ္ ပရိသတ္ႀကီးေရ။

Read in UNICODE

နှင်းဆီ Unplugged ဆိုပြီးဖျော်ဖြေပွဲလုပ်ဖို့အတွက် တိုင်ပင်နေကြတဲ့ နှင်းဆီပွင့်တွေဆီကို ညီနန္ဒတစ်ယောက် အင်အားဖြည့်ဖို့ ထောပတ်ထမင်းတွေ လက်ဆောင်သွားပေးခဲ့ပါတယ်။ အနုပညာအလုပ်တွေ အရင်ကလောက်အများကြီး မလုပ်ရတော့တဲ့အခိုက်မှာ ကိုယ့်လက်ရာလေးကိုယ် ယုံကြည်မှုရှိရှိနဲ့ကြိုးစားခဲ့တာကြောင့် အခုဆိုရင် အတော်လေးအဆင်ပြေတဲ့

အနေအထားတစ်ခုကိုရောက်ရှိနေခဲ့ပါပြီ။ေ ဖျာ်ဖြေတင်ဆက်မှုတစ်ခုမှာ အလွဲလေးဖြစ်ခဲ့တာကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပေမယ့် အားလုံးကိုပြန်ပြီးတောင်းပန်ခဲ့ ပါတယ်။ ဒီနောက်မှာတော့ အိမ်စီးပွားရေးဖြစ်တဲ့ ထောပတ်ထမင်းကိုပဲ အရင်ကထက်ပိုအားစိုက်ပြီးကြိုးစားတဲ့အချိန်မှာတော့ မိသားစုကို ပိုပြီးပြည့်ပြည့်စုံစုံထားနိုင်တဲ့

အနေအထားတစ်ခုကိုရောက်ရှိလာခဲ့ပါပြီ။ ချစ်ခင်ရတဲ့ အနုပညာရှင်တွေကိုလည်း ထောပတ်ထမင်းလေးတွေ မကြာခဏဆိုသလို လက်ဆောင်ပေးတတ်ပါသေးတယ်။ ဒီနေ့မှာလည်း နှင်းဆီအဖွဲ့ဝင်တွေကို ထောပတ်ထမင်းလက်ဆောင်လာပေးခဲ့ပြီး အရသာကောင်းတဲ့ ထောပတ်ထမင်းပုံလေးတွေကို ” ကိုနန္ဒရဲ့ထောပတ်ထမင်းလေး

ဒီနေ့တော့ ဆွဲပြီဗျာကျေးဇူးပါဗျိုး အရသာက တကယ်ကြီးရှယ်ဗျာ ” ဆိုပြီး ထွန်းထွန်းက ပုံလေးတွေ တင်ခဲ့ပါတယ်။ မြင်လိုက်တာနဲ့တင်ကို စားချင်စဖွယ်ဖြစ်လွန်းတာတော့ ချက်ပြုတ်သူရဲ့စေတနာကြောင့်ဆိုတာ သိသာပါတယ် ပရိသတ်ကြီးရေ။

Source : Htin Aung Tun’s Facebook

Add a Comment

Your email address will not be published. Required fields are marked *