အရမ်းကြောက်တတ်သူတစ်ယောက်မလို့ ကိုဗစ် ဒုတိယလှိုင်းကြောင့် အနုပညာအလုပ်တွေ ပြန်နားထားမယ်ဆိုတဲ့ ပိုးမမှီသာ
Read in UNICODE
မင်းသမီးချောလေး ပိုးမမှီသာကတော့ ပရိသတ်တွေချစ်ပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ဆရာဝန်မလေး တစ်ယောက်လည်း ဖြစ်ပါတယ်နော်..။အေးချမ်းတဲ့အလှတရားတွေနဲ့ မြင်သူတိုင်းကို အချစ်ပိုစေတဲ့ ပိုးမမှီသာကိုတော့ ယောကျ်ားလေး မိန်းကလေးပရိသတ်တွေမရွေး ချစ်ခင်အားပေးကြပြီး အခမ်းအနားပွဲတွေဆက်တက်ရောက်ကာ ကြော်ငြာတွေလည်း ရိုက်ကူးနေပြီး
ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားသူလေးပဲ ဖြစ်ပါတယ်..။ အားလုံးက ချစ်ရတဲ့ ပိုးကတော့ အခုလို Covid ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူပရိသတ်တွေကို စည်းကမ်းလိုက်နာကြပြီး ကိုယ့်ကိုကိုယ် ကာကွယ်ကြဖို့နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ကာကွယ်ကြဖို့ အကြောင်းလေး ပြောပြလာပါတယ်နော်..။ ချစ်ရတဲ့ပရိသတ်တွေကို ကြိုတင်ကာကွယ်ဖို့ ပြောပြရင်း သူမကိုယ်တိုင်ကလည်း
အရမ်းကြောက်တာမို့ Covid Second Wave မှာလည်း အလုပ်တွေ ပြန်နားဖြစ်မယ့် အကြောင်းလေးတွေကို ပြောပြလာထားတာပါ..။ “Second Wave က ပိုပြီး ကြောက်ဖို့ကောင်းတယ် အရင်ထက်လည်း ကူးစက်ပြန့်ပွားနှုန်းတွေက ပိုပြီး မြန်တာမို့ အားလုံးပဲ သတိထားသင့်ပါတယ် အခုလည်းတစ်နေ့ထက်တစ်နေ့ လူနာဦးရေတွေက အများကြီးတက်နေပြီး နောက်ထပ်လည်း တက်ဦးမယ်လို့ ထင်တယ် ကိုယ်က Mask တပ်တယ် လက်ဆေးတယ်ဆိုရင်တောင်မှ
ကိုယ့်ဘက်ကအများကြီး သတိထားပြီးတော့ ကာကွယ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်..” ဆိုပြီး ပိုးက ပြောပြထားတာပါ..။ေ ရာဂါကူးစက်ပြန့်ပွားမှုနှုန်းတွေ နည်းပြီး အမြန်ဆုံး ပျောက်ကွယ်သွားဖို့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ကာကွယ်သင့်တဲ့ အကြောင်းလေးတွေ ပြောပြထားတဲ့ ပိုးမမှီသာကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Source : Poe Mamhe Thar’s Facebook
Add a Comment
Your email address will not be published. Required fields are marked *