အသက္(၄၉)ႏွစ္ျပည့္ေမြးေန႔ေလးကို ေကာင္းမႈကုသိုလ္ေတြလုပ္ရင္း ျဖတ္သန္းသြားမယ္ဆိုတဲ့ စိုးျမတ္နႏၵာ

စိုးျမတ္သူဇာကေတာ့ ၾသဂုတ္လ(၃၁) ရက္ေန႔ဆိုရင္ သူမရဲ႕ ေမြးေန႔ က်ေရာက္ေတာ့မွာျဖစ္ပါတယ္။ ဒီႏွစ္ေမြးေန႔ဟာ အသက္(၄၉) ႏွစ္ျပည့္ ေမြးေန႔လို႔ သိရပါတယ္။ သူမရဲ႕ ေမြးေန႔ကို အလႉအတန္းေတြ လုပ္ရင္းျဖတ္သန္းသြားမယ္လို႔ ေျပာျပလာပါတယ္။ ” အရင္တုန္းကေတာ့ မႀကီးက ေမြးေန႔ဆိုရင္ ဘုရားမွာ မီးထြန္းတာတို႔၊ ဓမၼာ႐ုံမွာ ဆြမ္းေလာင္းတာတို႔ လုပ္ျဖစ္တယ္။ အခု အဲဒီ ဓမၼာ႐ုံေတာင္ ပိတ္ထားတယ္။ ဒါေပမယ့္ မနက္ေစာေစာဆိုရင္ လမ္းထဲမွာ ဆြမ္းခံႂကြတာေတြရွိတယ္။ ဆြမ္းေတာ္ဗ်ိဳ႕ ဆိုတဲ့

အသံေလးကို အရမ္းသေဘာက်တယ္။ မနက္(၉) နာရီေလာက္ဆို ႂကြၿပီေလ အဲဒီဘုန္းဘုန္းေတြကိုေတာ့ ကိုယ္တိုင္ထြက္ၿပီး ဆြမ္းေလာင္းျဖစ္မယ္” လို႔ သူကဆိုပါတယ္။ စိုးျမတ္သူဇာဟာ အသက္အ႐ြယ္ရလာတာနဲ႔ အမွ် သူမရဲ႕ မ်က္ႏွာေပၚမွာ ေျပာင္းလဲလာတဲ့ အရာေလးေတြကို ခံစားမိေနၿပီလို႔ ဆိုပါတယ္။ “ အသက္လည္း ႀကီးေနပါၿပီ။ အိုလည္း အိုလာၿပီဆိုတာ သိတယ္။ မ်က္လုံးေလးေတြက အစ

က်ေနတယ္။ ေမြးေန႔ပြဲေတြ ဘာေတြလည္း မလုပ္ခ်င္ေတာ့ပါဘူး။ လုပ္လို႔ရရင္ေတာင္ မလုပ္ဘူး ဘာလုပ္ရမွာလဲေနာ္။ တရားသေဘာေပါ့။ အခုထိ ဂိမ္းေတြ ေဆာ့ေနေပမယ့္ ဥပုဥ္ေတာ့ ေစာင့္ပါတယ္။ ဝါတြင္းမွာလည္း မရရေအာင္ ဥပုဥ္ေစာင့္ဖို႔ ႀကိဳးစားပါမယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ စိုးျမတ္သူဇာရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၄၀ ခန႔္ရွိၿပီျဖစ္ပါတယ္။ သူမဟာ လက္ရွိအခ်ိန္အထိ

ပရိသတ္အခိုင္အမာ ရရွိထားသူ တစ္ေယာက္ပါ။ အႏုပညာေလာကထဲကိုေတာ့ ‘’ ဆုံရပ္ ကႏၲာရဝတီ’’ ဆိုတဲ့ ႐ုပ္သံဇာတ္လမ္း ႐ိုက္ကူးရင္း အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာတာျဖစ္ပါတယ္။ ဒါကေတာ့ သူမအတြက္ ပထမဆုံး႐ုပ္ရွင္ဇာတ္ကားႀကီးပါ။ အဲဒီေနာက္ ၁၉၉၄ ခုႏွစ္မွာ ‘’ေနာ္ရင္ေမႊး’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ပထမဆုံး အကယ္ဒမီဆုကို ရရွိပိုင္ဆိုင္ခဲ့သူပါ။

Read in UNICODE

စိုးမြတ်သူဇာကတော့ သြဂုတ်လ(၃၁) ရက်နေ့ဆိုရင် သူမရဲ့ မွေးနေ့ ကျရောက်တော့မှာဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ဟာ အသက်(၄၉) နှစ်ပြည့် မွေးနေ့လို့ သိရပါတယ်။ သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေ လုပ်ရင်းဖြတ်သန်းသွားမယ်လို့ ပြောပြလာပါတယ်။ ” အရင်တုန်းကတော့ မကြီးက မွေးနေ့ဆိုရင် ဘုရားမှာ မီးထွန်းတာတို့၊ ဓမ္မာရုံမှာ ဆွမ်းလောင်းတာတို့ လုပ်ဖြစ်တယ်။ အခု အဲဒီ ဓမ္မာရုံတောင် ပိတ်ထားတယ်။ ဒါပေမယ့် မနက်စောစောဆိုရင် လမ်းထဲမှာ ဆွမ်းခံကြွတာတွေရှိတယ်။ ဆွမ်းတော်ဗျို့ ဆိုတဲ့

အသံလေးကို အရမ်းသဘောကျတယ်။ မနက်(၉) နာရီလောက်ဆို ကြွပြီလေ အဲဒီဘုန်းဘုန်းတွေကိုတော့ ကိုယ်တိုင်ထွက်ပြီး ဆွမ်းလောင်းဖြစ်မယ်” လို့ သူကဆိုပါတယ်။ စိုးမြတ်သူဇာဟာ အသက်အရွယ်ရလာတာနဲ့ အမျှ သူမရဲ့ မျက်နှာပေါ်မှာ ပြောင်းလဲလာတဲ့ အရာလေးတွေကို ခံစားမိနေပြီလို့ ဆိုပါတယ်။ “ အသက်လည်း ကြီးနေပါပြီ။ အိုလည်း အိုလာပြီဆိုတာ သိတယ်။ မျက်လုံးလေးတွေက အစ

ကျနေတယ်။ မွေးနေ့ပွဲတွေ ဘာတွေလည်း မလုပ်ချင်တော့ပါဘူး။ လုပ်လို့ရရင်တောင် မလုပ်ဘူး ဘာလုပ်ရမှာလဲနော်။ တရားသဘောပေါ့။ အခုထိ ဂိမ်းတွေ ဆော့နေပေမယ့် ဥပုဉ်တော့ စောင့်ပါတယ်။ ဝါတွင်းမှာလည်း မရရအောင် ဥပုဉ်စောင့်ဖို့ ကြိုးစားပါမယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ

ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *