ကိုဗစ္ကာလမွာ စီးပြားေရး ထိခိုက္နစ္နာမွဳမ်ားစြာ ရင္ဆိုင္ခဲ့ရတယ္ဆိုတဲ့ လြင္မိုး

လြင္မိုးကေတာ့ အခုခ်ိန္မွာ သူ႔ရဲ႕ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းေတြကို ဦးေဆာင္လုပ္ကိုင္ေနတာ ေတြ႕ရပါတယ္။ ၂၀၂၀ ခုႏွစ္ မတ္လ မွစၿပီး ျဖစ္ေပၚခဲ့တဲ့ COVID-19 ကူးစက္ေရာဂါ အေျခအေနေတြေၾကာင့္ စီးပြားေရး ထိခိုက္သြားရတာေတြရွိတယ္လို႔ မီဒီယာေတြကေန ေျပာျပလာပါတယ္။ “ ပန္းခင္းကိုေတာ့ ဒီ့ထက္ နည္းနည္းေအးတဲ့ ေနရာတစ္ေနရာကို ထပ္ေ႐ႊ႕ထားပါတယ္။ ထပ္ၿပီးေတာ့

စိုက္ေနပါၿပီ။ ပထမဆုံး Lockdown စခ်ေတာ့ ကြၽန္ေတာ္က ဧၿပီ (၂၁) ရက္ေန႔အတြက္ ခ်ိန္ ၿပီးေတာ့ စိုက္ထားတာေလ။ အဲဒီမွာ Lockdown နဲ႔ဆိုေတာ့ အလ်င္မမီေတာ့ မသယ္ႏိုင္ေတာ့တာ။ အဲဒီအခ်ိန္မွာ အခင္းထဲမွာပဲ ပန္းေတြက အကုန္ပြင့္သြားတာ ။ ပြင့္လိုက္ရင္ ကြၽန္ေတာ္တို႔က ပါကင္ထုတ္လို႔မရေတာ့ဘူး။ အဲဒီလို အျဖစ္ေတြနဲ႔ ဆုံးရႈံးသြားရတာပဲ” ဆိုၿပီးေတာ့ ၾသဂုတ္လ ၂၇ ရက္ေန႔က

အလႉမွာ ေျဖဆိုခဲ့တာပါ။ COVID-19 ေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ ထိခိုက္ရတဲ့ အေပၚ သ႐ုပ္ေဆာင္ လြင္မိုးကလည္း သူ႔ရဲ႕ သေဘာထားကို အခုလို ေျပာျပလာပါတယ္။ “ အခုဆို ဒုကၡေတြေရာက္ၾကတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အကုန္လုံးအတူတူ ျဖစ္ၾကတာ ျဖစ္တဲ့ အတြက္ လူေတြက ေနလို႔ထိုင္လို႔ရတယ္၊

သက္သာတယ္။ တစ္ေယာက္တည္းသာ ျဖစ္ၾကည့္ ဘယ္ေလာက္ စိုးမလဲ။ အမ်ားနဲ႔ျဖစ္ေတာ့ အစ္ကိုတို႔လည္း မတတ္ႏိုင္ဘူး။ အခုလို ျဖစ္လာမယ္ဆိုတာ မသိႏိုင္ဘူးေလ။ သိမွေတာ့ ႐ုပ္ရွင္႐ုံေတြလည္း ဘယ္လိုလုပ္ ေဆာက္ျဖစ္မလဲ” လို႔လည္း ဆက္လက္ ေျပာျပလာပါတယ္။ လြင္မိုးက အႏုပညာေလာကမွာ

လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၄၀ ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ သူဟာ လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြထက္ ကိုယ္ပိုင္စီးပြားေရးကို ဦးေဆာင္ေနသူတစ္ေယာက္ျဖစ္ပါတယ္။ အဲဒီေနာက္ မိသားစု ကိုလည္း အခ်ိန္ေပးေနရသူပါ။ သူ႔မွာေတာ့ ခ်စ္စရာေကာင္းတဲ့ ေျမးေလး Liam ေလးကို ပိုင္ဆိုင္ထားၿပီးျဖစ္ပါတယ္။

Read in UNICODE

လွင်မိုးကတော့ အခုချိန်မှာ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ် မတ်လ မှစပြီး ဖြစ်ပေါ်ခဲ့တဲ့ COVID-19 ကူးစက်ရောဂါ အခြေအနေတွေကြောင့် စီးပွားရေး ထိခိုက်သွားရတာတွေရှိတယ်လို့ မီဒီယာတွေကနေ ပြောပြလာပါတယ်။ “ ပန်းခင်းကိုတော့ ဒီ့ထက် နည်းနည်းအေးတဲ့ နေရာတစ်နေရာကို ထပ်ရွှေ့ထားပါတယ်။ ထပ်ပြီးတော့

စိုက်နေပါပြီ။ ပထမဆုံး Lockdown စချတော့ ကျွန်တော်က ဧပြီ (၂၁) ရက်နေ့အတွက် ချိန် ပြီးတော့ စိုက်ထားတာလေ။ အဲဒီမှာ Lockdown နဲ့ဆိုတော့ အလျင်မမီတော့ မသယ်နိုင်တော့တာ။ အဲဒီအချိန်မှာ အခင်းထဲမှာပဲ ပန်းတွေက အကုန်ပွင့်သွားတာ ။ ပွင့်လိုက်ရင် ကျွန်တော်တို့က ပါကင်ထုတ်လို့မရတော့ဘူး။ အဲဒီလို အဖြစ်တွေနဲ့ ဆုံးရှုံးသွားရတာပဲ” ဆိုပြီးတော့ သြဂုတ်လ ၂၇ ရက်နေ့က

အလှူမှာ ဖြေဆိုခဲ့တာပါ။ COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်ရတဲ့ အပေါ် သရုပ်ဆောင် လွင်မိုးကလည်း သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ “ အခုဆို ဒုက္ခတွေရောက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးအတူတူ ဖြစ်ကြတာ ဖြစ်တဲ့ အတွက် လူတွေက နေလို့ထိုင်လို့ရတယ်၊

သက်သာတယ်။ တစ်ယောက်တည်းသာ ဖြစ်ကြည့် ဘယ်လောက် စိုးမလဲ။ အများနဲ့ဖြစ်တော့ အစ်ကိုတို့လည်း မတတ်နိုင်ဘူး။ အခုလို ဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူးလေ။ သိမှတော့ ရုပ်ရှင်ရုံတွေလည်း ဘယ်လိုလုပ် ဆောက်ဖြစ်မလဲ” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ လွင်မိုးက အနုပညာလောကမှာ

လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *