မင်္ဂလာဆွမ်းကျွေးတုန်းက ဗီဒီယိုလေးကို ပြန်ကြည့်ရင်း ချစ်ဇနီးလေးကို အရမ်းတွေကြွေနေတယ်ဆိုတဲ့ ရွှေထူး
Read in UNICODE
ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် နိုဝင်ဘာလအတွင်းမှာ လက်ထပ်ခဲ့ကြပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို အတူတူ တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက လက်ရှိမှာ အိမ်ထောင်သက် (၂)နှစ်နီးပါးရှိပြီဆိုပေမယ့် ရင်သွေးမယူသေးပဲ အနုပညာအလုပ်တွေကို ကိုယ်စီလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့
အနုပညာနယ်ပယ်မှာ ရပ်တည်နေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက်ရဲ့အလုပ်ကိုတစ်ယောက်ဖေးမကူညီနေတကြတဲ့ ဇနီးမောင်နှံတွေပဲ ဖြစ်ကြပါတယ်။ အိမ်ထောင်သက် (၂) နှစ်နီးပါးရှိနေပြီဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် သည်းသည်းလှုပ်ချစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ပရိသတ်တွေကြားမှာ အားကျရသူတွေပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ရွှေထူးက သူတို့ဇနီးမောင်နှံရဲ့
မင်္ဂလာဆွမ်းကျွေးတုန်းက အမှတ်တရအခိုက်အတံ့လေးတွေကို ပြန်လည်ကြည့်ရှုရင်း ဇနီးလေးရွှေမှုံရတီကို “ချစ်တယ် ကြွေတယ် မိန်းမရယ်” ဆိုပြီး သူ့ရဲ့ ရင်ထဲက ခံစားချက်တွေကို ထုတ်ဖော်ပြောလာတာကို တွေ့ရပါတယ်။ ရွှေထူးကတော့ ဇနီးလေးကို ချစ်တတ်တဲ့နေရာမှာတော့ တကယ့်ကို
သည်းသည်းလှုပ်ပဲနော်။ ပရိသတ်ကြီးလည်း ရွှေထူးတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ အမှတ်တရပုံရိပ်တွေကိုကြည့်ပြီး ကြည်နူးနေမိမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Shwe Htoo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *